စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ အရပ်သားပေါ်တာဆွဲ ဖမ်းဆီးခံရမှုတွေ များလာသလို စစ်အုပ်စုလက်ပါးစေတွေက အမျိုးသား ၁ယောက်ကိုလည်း အကြောင်းမဲ့ ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ မတ်လ တတိယပတ်လောက်ကစလို့ စစ်ကိုင်းမြို့အတွင်းမှာ ဖမ်းဆီးစစ်ဆေးမှုတွေ ဆိုးရွားလာနေပြီ ၄ရက်အတွင်း အရပ်သား ၂၂ယောက်အထိ ဖမ်းဆီးထားကြောင်းသိရပါတယ်။

မေလ ၁၇ရက် မနက်ပိုင်းက ရွှေဘို – မန္တလေးလမ်းပေါ်မှာ ခရီးသည်တင် ကား၁စီးကနေ အမျိုးသားလူငယ် ၁​၅ယောက်ကို စစ်အုပ်စုတွေက ပေါ်တာဆွဲဖမ်းဆီးပြီး အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ တပ်မ ၃၃ ဝန်းထဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းပြည်သူ့ဘက်တော်သားအဖွဲ့တာဝန်ရှိသူကပြောပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ ညနေပိုင်းမှာ အမှတ် ၃ အထက်တန်းကျောင်းအနီး ဆန်အလှူ ဝင်ရောက်တန်းစီနေတဲ့ အမျိုးသား ၇ယောက်ကိုလည်း အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးတွေက စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဆက်လက်ပြီး မေလ ၁၈ရက် နေ့လယ်ပိုင်းမှာလည်း ဧမြဝတီရပ်ကွက်နဲ့ ဒါးဝယ်စျေးရပ်ကွက်အတွင်း စစ်ကောင်စီတပ်တွေက စက်လက်နဲ့ အဆက်မပြတ် ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သလို ဓားစာခံအဖြစ် အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသေးတယ်။

စစ်အုပ်စုလက်ပါးစေ ပျူစောထီးများသတ်ဖြတ်ခဲ့သည့် အရပ်သားကို တွေ့ရစဥ်

“အဓိက မိန်းလမ်းတွေပေါ့။ လမ်းတွေကခြောက်ကပ်ပြီး မြို့ပေါ်ကလူတွေလောက်ပဲရှိတာ။ မြို့ပေါ်က လူတွေကလည်း နယ်မြေအခြေအနေကြောင့် အဲဘက်လမ်းတွေ မလာရဲကြဘူး။” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုလက်ပါးစေ ပျူစောထီးခေါင်းဆောင် အောင်အောင်ဦးအဖွဲ့က မေလ၂၀ရက်နေ့မနက်ပိုင်းမှာ စစ်ကိုင်းမြို့၊အုပ်စက်ရပ်ကွက်အတွင်းနေထိုင်တဲ့ အသက် ၃၅နှစ်အရွယ်အမျိုးသားတစ်ယောက်ကို နေအိမ်အထိ ကား၃စီးနဲ့ ဝင်ရောက်ဖမ်းဆီးရင်း ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

“အုပ်စက်ရပ်ကွက်ထဲက ယောက်ျားသား ၁ယောက်ကို ဖမ်းပြီး ပစ်သတ်သွားတာ။ ပြီးတော့ နာရေးကူညီမှုအသင်း တစ်ခုကို အလောင်းလာကောက်ခိုင်းပြီး တခါတည်း သဂြိုဟ်ခိုင်းလိုက်တာ။ ” လို့ ပြည်သူ့ဘက်တော်သားအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဝက်လက်တွင် အကြမ်းဖက်စစ်ကြောင်းများနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက် စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၂ ရက်ဆက် ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိကာ စစ်ကြောင်းတွေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကနီ ပအဖ ညမထွက်ရအမိန့် ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ လုံခြုံရေးအားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ညမထွက်ရ အမိန့်ကို ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ခွင့်ယူပြီး ​KTV လာရောက်ပျော်ပါးသည့် ကပစ ၂၄ ဗိုလ်မှူး သော်ဇင်ဦး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ ခွင့်ရက်ယူပြီး KTV လာတဲ့ ကပစ (၂၄) က ဗိုလ်မှူး သော်ဇင်ဦးနဲ့ အပေါင်းအပါတွေကို သွားရောက်ပစ်ခတ်ရှင်းလင်းရာ နေရာတင် ​၂ယောက် သေဆုံးကြောင်း Earthqauke People's Defence Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား အလောင်း ၂ လောင်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အမျိုးသား ၂ ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်း နယ်ခံတွေဆီက သိရပါတယ်။
Read More

စစ်ရေးတင်းမာနေမှုများကြောင့် သရက်-ကံမလမ်းပိုင်း အသုံးပြုခွင့် ပြည်သူ့ကာကွယ်ရေးဘက်မှ ပိတ်ပင်ထား

မကွေးတိုင်း၊ သရက်ခရိုင်အတွင်းက သရက်-ကံမ လမ်းပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ စစ်ရေးအခြေအနေတင်းမာနေတာကြောင့် လမ်းပိုင်းအသုံးပြုခွင့်ကို ပိတ်ပင်ထားတယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းတာဝန်ရှိသူ ကိုမြတ်က မောင်းကိုပြောပါတယ်။
Read More

စစ်ကိုင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်၊ စစ်သား ၃ ဦး သေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် သေဆုံးမှုရှိခဲ့တယ်လို့ Thunderbird People’s Defense Force - မိုးကြိုးငှက်အဖွဲ့ - စစ်ကိုင်းက အောက်တိုဘာ ၁၃ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။