ယမန်နေ့က ပစ်ချခံခဲ့ရသည့် ရဟတ်ယာဉ်ရှိရာနေရာကို KIA နဲ့ ပူးပေါင်းတပ်များက နယ်မြေရှင်းလင်းခဲ့ရာ စစ်သားအလောင်း ၁၆ လောင်းနဲ့ မီးလောင်ပျက်စီးနေတဲ့ သေနတ်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်းရှေ့တန်းသတင်းရင်းမြစ်ထံက သိရှိရပါတယ်။

ယင်းရဟတ်ယာဥ်ပျက်ကျခဲ့မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီကတော့ ထုံးစံအတိုင်း ရဟတ်ယာဉ်တွေဟာ မေလ ၂၀ ရက် နေ့လယ်ပိုင်းက ဗန်းမော်မြို့နယ်ကို ‌ထောက်ပံ့ရေးပစ္စည်းတွေ သွားရောက်ပို့ဆောင်ပြီး ပြန်လည်ထွက်ခွာစဉ် စက်ချို့ယွင်းပြီး ပျက်ကျမှုဖြစ်ပွားခဲ့တယ်လို့ လိမ်လည်ထုတ်ပြန်ခဲ့တာပါ။

မြေပြင်မှာတော့ အဆိုပါ စစ်ကောင်စီ ရဟတ်ယာဉ်တွေဟာ KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်တာကို ခံခဲ့ရပြီး၊ ရဟတ်ယာဉ် ၁ စီးက ရွှေကူ မြို့နယ် မြို့လှမြို့နယ်ခွဲ စည်ငန်းရွာအနောက်ဘက်ရှိ တောထဲသို့ ပျက်ကျသွားခဲ့တာဖြစ်ပြီး၊၊ KIA ပူပေါင်းတပ်ဖွဲ့များက အခုလို  နယ်မြေရှင်းလင်းရေး ပြုလုပ်နေချိန်မှာ စစ်သားအလောင်း ၁၆ လောင်းနဲ့ မီးလောင်ပျက်စီးနေတဲ့  သေနတ်တွေကို သိမ်းဆည်းရမိခဲ့တာလည်း ဖြစ်ပါတယ်။

Video – Gadu Tang

0 Shares:
You May Also Like
Read More

ညောင်ဖြူပင်ရဲစခန်းကို တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေ မိုင်းဆွဲခံရပြီး ၆ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာကနေ ညောင်ဖြူပင်ရဲစခန်းကို တပ်ချိန်းဖို့လာတဲ့ အင်အား ၄၀ ခန့်ရှိ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို ဒီနေ့ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းက ပဒေသာမိုင်း ၄ ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Chaung U People's Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာမြို့နယ် ညောင်ဖြူပင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ညောင်ဖြူပင် စခန်းကို ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင် ခရိုင်တပ်ရင်း (၃၅) ထံက သိရပါတယ်။
Read More

အမှတ် ၂ စစ်ဒေသခွဲ တိုင်းစစ်ဌာန(ရန်ကုန်) P25102 တပ်ရင်းက သင်တန်းသားရဲဘော်တွေရဲ့ ပုံရိပ်များ (ရုပ်/သံ)

အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နိုင်ဖို့ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ၊ တိုင်းစစ်ဌာန (ရန်ကုန်) P25102 တပ်ရင်းမှာ အခြေခံစစ်ပညာတက်ရောက်သင်ယူနေတဲ့ ရဲဘော်တွေရဲ့ ပုံရိပ်ကို အိမ်ပြန်လမ်းပေါ်က ခြေလှမ်းများခေါင်းစဉ်နဲ့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

မြို့သာမြို့ရဲစခန်းအား တော်လှန်ရေးတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံခရိုင် မြို့သာမြို့ရဲစခန်းအား တော်လှန်ရေးတပ်တွေက လက်နက်ကြီး လက် နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံမှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

တောင်ညိုစစ်ကြောင်းမှ ၁/၂၀၂၄ အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြီးစီး (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) တောင်ညိုစစ် ကြောင်းရဲ့ ၁/၂၀၂၄ အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား မှတ်တမ်းရုပ်သံကို ထုတ်ပြန် လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ စွယ်တော်ကုန်းဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် KNLA နဲ့ PDF ပူးပေါင်းတပ်တွေ အောင်ပွဲခံ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့အနီးရှိ အကြမ်းဖက်စစ်တပ်ရဲ့ စွယ်တော်ကုန်း ဗျူဟာစခန်းကို အောက်တိုဘာ ၁၇ ရက်က KNLA နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အောင်ပွဲနဲ့ ပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူတွေက သောင်းသောင်းဖြဖြကြိုဆိုခဲ့ ကြတယ်လို့ သိရပါတယ်။