မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဒရုန်းတွေပစ်ချနိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၈ယောက်ထိခိုက်သေဆုံးခဲ့ကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မေလ ၂၀ရက်၊ မနေ့ကမနက်ပိုင်းမှာ ညောင်ဥဦးမြို့ပေါ်ကနေ ထွက်ခွာလာတဲ့ အင်အား၉၀ကျော်ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်တို့ ဂျိုးကန်ရွာအနီး ထိတွေ့တိုက်ပွဲ မိနစ်၃၀ကြာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“သူတို့က ယာတောကြီးကျေးရွာကနေ ဂျိုးကန်ရွာကို ဝင်ဖို့လုပ်တာ အဲ့မှာ ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်တာပါ။ လက်နက်ကြီး လက်နက်ငယ် အကုန်ပစ်တယ်။ သူတိိို့ဒရုန်းလွတ်တဲ့နေရာနဲ့ ကျနော်တို့ရှေ့ပွိုင့်က အတော်နီးတောာ့ ပစ်ကြတယ်ပေါ့။ ကျနော်တို့ပစ်ချက်ကြောင့် ဒရုန်းကို သွားချမယ့်နေရာဆီ သွားမချနိုင်တော့ဘဲ ဒရုန်းက ဘေးတစောင်းကြီးလည်ပြီး ပြန်ခေါ်ရတယ်။ ဗုံးသီးလည်းပါတော့ ကျနော်တို့ရှေ့ပွိုင့်ကြားထဲ ချထားခဲ့ပါတယ်။ ပန်ကာ ၆လက်ပါတဲ့ဒရုန်း ဒီနေ့ဆို သူတို့ အဲ့ဒီ၆လက်ဒရုန်းလည်း မသုံးနိုင်တော့ဘူး။  ဒရုန်းက ပန်ကာတစ်ခုမှန်တယ်လို့ယူဆရတယ်။ စတက်ကာစဆိုတော့ ပြုတ်မကျတာပဲရှိမယ်။ နောက်တစ်ခေါက် ပြန်မသုံးနိုင်ပါဘူး” လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူကမောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ အဲ့ဒီနေ့ညပိုင်းမှာပဲ ဂျိုးကန်ကျေးရွာကို ဖောက်ထွင်းဝင်ရောက်ရင်းပြည်သူပိုင်ပစ္စည်းတွေကို လုယက်ယူဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

“ဒီကောင်တွေ ရွာကိုဝင်မွှေတာ ဘုန်းကြီး​ကျောင်းတောင်မချန်ဘူး။ မနက်စစ်ကြောင်းထွက်တော့လည်း ဂျိုးကန်ရွာသား ၅ယောက်ကို ဖမ်းသွားတယ်၊ လမ်းတစ်နေရာရောက်တော့ ၃ယောက် ပြန်လွှတ်ပြီး  ၂ယောက်ကို ဆက်ခေါ်သွားပါတယ်” လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူကမောင်းကိုပြောပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်စစ်ကြောင်းဟာ ညောင်ဦးမြို့ပေါ်မှာ အင်အားတွေထပ်ဖြည့်ရင်း ချောက်-ညောင်ဦးလမ်းပိုင်းမှာရှိတဲ့ ကြအိုကျေးရွာကို ဆက်လက်ဝင်ရောက်နေ​တယ်လို့ သိရပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကြောင်းကြောင့် ညောင်ဦးမြို့နယ်အတွင်းက အရပ်သား ၄၀၀၀ နီးပါးစစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်များ ​မွှေနှောက်ခဲ့သည့် ညောင်ဦးမြို့နယ် ဂျိုးကန်ရွာမြင်ကွင်း (ဓာတ်ပုံ PDA)

0 Shares:
You May Also Like
Read More

ဖားကန့်တွင် လူ ၅ဦးအထက် စုဝေးခြင်းမပြုရ စည်းကမ်းချက် စစ်ကော်မရှင် ထုတ်ပြန်

ကချင်ပြည်နယ်၊ ဖားကန့်မှာ လူ ၅ ယောက်အထက် စုဝေးခြင်းမပြုရ စည်းကမ်းချက်ကို ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီက မြန်မာပြည်တောင်ပိုင်းကို ထိုးစစ်အသွင်ပြောင်းလာလို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အရေအတွက်မြင့်တက်

စစ်ကောင်စီက မြန်မာပြည်တောင်ပိုင်းဒေသကို ထိုးစစ်အသွင်ပြောင်းလာပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အရေအတွက် မြင့်တက်လာတယ်လို့  Rehmonnya Institute for Civic Engagement - RICE  က ထုတ်ပြန်ပါတယ်။  
Read More

တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာရှိ စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်ဘက်မှ ၄ ဦးခန့် သေဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၄ ယောက်ခန့် သေဆုံးနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထီးထဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲမှာ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့လည်း ပါဝင်ခဲ့ဟု အသိပေး

ထိုင်း-မြန်မာနယ်စပ်အနီးက စစ်ကောင်စီရဲ့ ထီးထဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲမှာ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ဧပြီလ ၂၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးတွင် အကြမ်းဖက်စစ်တပ်နှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ အထိနာသည့် စစ်အုပ်စု လေကြောင်းတိုက်ခိုက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်‌ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အထိနာတဲ့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
Read More

မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးအလုံး ၂၀ ခန့် လေကြောင်းတိုက်ခိုက်

မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီက ဗုံးအလုံး ၂၀ ခန့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က အသိပေးထုတ်ပြန်ပါတယ်။