မန္တလေးတိုင်း၊ မိတ္တီလာမြို့အဝင် တိုးဂိတ်မှာ ကားမှန်ချခိုင်းမှုကြောင့် မလှိုင်မြို့နယ်မှ ဗိုလ်မှူးဝေဖြိုးဆိုသူနဲ့ ပျူစောထီးခေါင်းဆောင် ဇော်ယုထွန်းတို့ အပြန်အလှန် စကားများရန်ဖြစ်နေကြတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

ဗိုလ်မှူးဝေဖြိုး မောင်းနှင်လာတဲ့ မော်တော်ယာဉ်ကို မိတ္တီလာမြို့အဝင် တိုးဂိတ်အရောက် ပျူစောထီးခေါင်းဆောင် ဇော်ယုထွန်းက မှန်ချခိုင်းရာကနေ စတင်အချင်းများခဲ့ကြတာဖြစ်ပြီး၊ ဗိုလ်မှူးက သေနတ်နဲ့ လက်ပစ်ဗုံးထုတ်ကာ ခွဲပစ်မှာဖြစ်ကြောင်း ဗီဒီယိုဖိုင်အတွင်း ခြိမ်းခြောက်ပြောဆိုနေတာကို တွေ့ရပါတယ်။ 

ပျူစောထီးခေါင်းဆောင် ဇော်ယုထွန်းဟာ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနာက် သတင်းပေးအလုပ် လုပ်ကိုင်ကာ ပျူစောထီးခေါင်းဆောင်ဖြစ်လာခဲ့သူဖြစ်ပြီး မိတ္တီလာမြို့ လုံခြုံရေးအတွက် မြို့အဝင်တိုးဂိတ်မှာ လုံခြုံရေးခေါင်းဆောင် တာဝန်ယူထားသူဖြစ်တယ်လို့ ဒေသတွင်းသတင်းများအရ သိရပါတယ်။

ဇော်ယုထွန်းဟာ  စစ်မှုထမ်း အစားထိုးဖို့ ငွေကောက်ခံတာဟာ တရားဝင်ရဲ့လား ဆိုတဲ့ခေါင်းစဉ်နဲ့ မေလ ၁၃ ရက်မှာ သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားခဲ့ပါသေးတယ်။

စစ်ကောင်စီကတော့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ကာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းတွေ ပြုမူလုပ်ဆောင်ခဲ့တဲ့ “Zaw Yu Tun” ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင် မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်နေ ဇော်ယုထွန်းကို သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်အရေးယူထားကြောင်း မေလ ၁၆ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ်ကြီးဆင်နွဲဖို့ ပြင်ဆင်နေကြောင်း ဦးရည်မွန် ပြောကြား (ရုပ်/သံ)

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ်ကြီးဆင်နွဲဖို့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်ရွယ်က ပြောကြားခဲ့ပါတယ်။
Read More

စစ်တပ်က စခန်းလက်လွှတ်ရလို့ စာသင်ကျောင်းများကို ဗုံးကြဲဖျက်ဆီးနေကြောင်း Nay Pyi Taw PDF ထုတ်ပြန် (ရုပ်/သံ)

တော်လှန်ရေးစိုးမိုးနယ်မြေထဲရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ အရပ်ဘက်နေအိမ်တွေကို စစ်ကော်မရှင်တပ်က ဗုံးကြဲဖျက်ဆီးနေကြောင်း Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ် ခမရ ၃၄၃ စခန်းကုန်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်ရှိ စစ်ကော်မရှင်ရဲ့ ခမရ ၃၄၃ စခန်းကုန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စုရေယာဉ်များကို ၁၀၇ မမ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်နဲ့ ကနီမြို့နယ်ကြားမှာ စစ်အုပ်စုရေယာဉ်တွေကို ၁၀၇ မမ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်မြို့ ခလရ ၂၇၄ ဗဟိုကင်းမှာ ချိတ်ထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဓာတ်ပုံကို ဖြုတ်ချပြီး ခြေထောက်နဲ့ ချနင်း (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ခလရ ၂၇၄ ဗဟိုကင်းမှာ ချိတ်ထားတဲ့ မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို တော်လှန်ရေးရဲဘော်က ဖြုတ်ချပြီး ခြေ ထောက်နဲ့ နင်းနေတဲ့ ရုပ်သံဖိုင်တစ်ခု ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

ခင်ဦးမြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းပျက်သည်အထိ တိုက်ခိုက်ခဲ့မှု ခင်ဦး ပကဖ ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ခင်ဦးမြို့နယ်က ထုတ်ပြန်လိုက်ပါတယ်။