ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ ဆယ်ရွာ တိမ်မြုပ်ချောင်းကမ်းအနီး နေအိမ်မှာ ဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့ အမျိုးသားကို PDF တွေ လတ်တလောမှာ ဖမ်းဆီးထားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်အချိန်မှာ မပူတူးလို့ အမည်ရတဲ့ အမျိုးသမီးနဲ့ သူ့ရဲ့အမျိုးသားဖြစ်သူ မိုးသဲတို့ ရန်ဖြစ်စကားများကြရာမှာ အမျိုးသားဖြစ်သူက အမျိုးသမီးကို ဓားနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရက်ရက်စက်စက် ပိုင်းဖြတ်ခုတ်သတ်ကာ တိမ်းရှောင်ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

“ဖြစ်တာကတော့ လင်မယားစကားများပြီး လက်လွန်တာ။ သတ်လိုက်တယ်ပေါ့လေ။ စစချင်း ရဲကို တိုင်သေးတယ်… ရဲတွေက မလာတော့ ကျနော်တို့ကို ဆက်သွယ်လာတာတော့ ကျနော်တို့က သွားဖမ်းပေးတာပါ” လို့ သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) မှ ရဲဘော် ရိုးမမြေက မောင်းကို ပြောပါတယ်။

အဲဒီနောက် တော်လှန်ရေးရဲဘော်တွေက အဆိုပါ လူသတ်တရားခံကို တောနင်းရှာဖွေခဲ့ရာ ညနေ ၅ နာရီလောက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

“ဖမ်းမိတော့ သတ်တာကို ဝန်ခံတယ်။ ဘယ်လိုသတ်တယ်ဆိုတာကို သူမပြောဘူး။ လက်တွေဖြတ် ပုခုံးမှာလည်း ဓားဒဏ်ရာတွေနဲ့ဆိုတော့ မေးတော့ သူမသိဘူး၊ သူမမှတ်မိဘူးပဲ ပြောတယ်ဗျ” လို့ အခြေအနေတွေကို ရှင်းပြပါတယ်။

လက်ရှိမှာတော့ လူသတ်တရားခံ မိုးသဲကို စခန်းမှာ ထိန်းသိမ်းထားပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ် ချမှတ်နိုင်ဖို့အတွက် စစ်ဒေသ တာဝန်ရှိသူကတဆင့် NUG တာဝန်ရှိသူတွေထံကို လွှဲပြောင်းပေးအပ်သွားမယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လွိုင်ကော်အကျဉ်းထောင်တွင် ရွေးကောက်ပွဲအတုအတွက် စစ်အုပ်စု ဖိအားပေး ကြိုတင်မဲပေးခိုင်းနေ

ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အကျဉ်းသူ/သားတွေကို စစ်အုပ်စုက ဖိအားပေးပြီး ကြိုတင်မဲပေးခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ကရင်နီိနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ရွှေတောင်တွင် စစ်တပ်နှင့်ပေါင်းပြီး လူငယ်များကို ဖမ်းဆီးငွေရှာနေသူများနှင့် စိုက်ပျိုးရေးဘဏ်မန်နေဂျာအား ပကဖ သတိပေး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မှာ စစ်အုပ်စုလက်ပါးစေ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေက လူငယ်တွေကို စစ်မှုထမ်းအဖြစ် စစ်တပ်ဆီ ရောင်းစားငွေညှစ်နေသလို စိုက်ပျိုးရေးဘဏ်မန်နေဂျာဆိုသူကလည်း မိုးစပါးချေးငွေမပေးနိုင်သေးတဲ့ လယ်သမားတွေအပေါ် အတင်းအကြပ် ခြိမ်းခြောက်နေကြောင်း ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

အိုးဘိုထောင်မှာ နိုင်ကျဉ်း ၁ ဦး လုံလောက်တဲ့ ဆေးကုသခွင့်မရမှုကြောင့် သေဆုံး

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁ယောက် လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ 
Read More

တောင်ကြီးတွင် ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေကြောင့် အမျိုးသား ၁ ဦး ထောင် ၇ နှစ် ချမှတ်ခံရ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ကာကွယ်ပေးရေး ဥပဒေကြောင့် ဖမ်းဆီးစစ်ဆေးခံရတဲ့ အမျိုးသားကို အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ 
Read More

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၂၀ ကျော်အရွယ် အရပ်သားတစ်ဦး သေဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ် လက်နက်ကြီး ​ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ Mobye Local PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မွန်၊ ကရင်၊ တနင်္သာရီ၊ ကရင်နီဒေသတွေမှာ ထိတွေ့တိုက်ပွဲတွေ များပြားလာပြီး လေကြောင်းတိုက်ခိုက်မှုတွေ မြင့်တက်လာ

မြန်မာပြည်တောင်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တော်လှန်ရေးတပ်တွေနဲ့  စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲတွေ သိသိသာသာ မြင့်တက်လာပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း အရေအတွက်များပြားလာကြောင်း Rehmonnya Institute for Civic Engagement - RICE  က အသိပေးထုတ်ပြန်ပါတယ်။