ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၇၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့ထဲက စစ်ကောင်စီရဲ့ မော်ဖိုးကေတပ်စခန်းကို KNU/KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

စစ်ကောင်စီတပ်သား ၁၀ ယောက် ဝန်းကျင်သာရှိတဲ့ မော်ဖိုးကေတပ်စခန်းကို မေလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ စတင်တိုက်ခိုက်ရာ နေ့တစ်ဝက်မှာတင် စခန်းကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

KNU/KNLA ပူးပေါင်းတပ်ဖွဲ့တွေဟာ မြန်မာစစ်တပ်ထံ လက်လွတ်ပေးခဲ့ရတဲ့ တပ်စခန်းတွေကို တစ်စတစ်စနဲ့ ပြန်လည်သိမ်းယူလာနေတာ ဖြစ်ပါတယ်။

လက်ရှိ ၃လအတွင်းမှာတင် KNU တပ်မဟာ ၇ နယ်မြေအတွင်းက မော်ဖိုးကေစခန်း၊ မော်ဖားသူး၊ တာလယ်၊ တခေါ်ဘီခွီး၊ ပူလူးတူ၊ ခလယ်ဒေး၊ မော်ကွီးလုနဲ့ လေးဂေါ် စတဲ့ စစ်ကောင်စီစခန်းတွေကို ပြန်လည်သိမ်းယူထားနိုင်တာလည်း ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

မြောက်ဥက္ကလာ EPC ရုံး လုံခြုံရေးဂိတ် လက်ပစ်ဗုံးနဲ့ပစ်ခံရပြီး အစောင့်ကျတဲ့ အကြမ်းဖက်စစ်သား၊ ရဲအချို့ ထိခိုက်ဒဏ်ရာရ

နိုဝင်ဘာလ ၈ရက်၊ ည ၇နာရီကျော်လောက်က ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ EPC ရုံး လက်ပစ်ဗုံးနဲ့အပစ်ခံရပြီး ကင်းအစောင့်ချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီကနေ သိရပါတယ်။
Read More

ရခိုင်ပြည်နယ်အတွင်း AA ရဲ့ ထိုးစစ်တွေကြောင့် ဧရာဝတီတိုင်းထဲက စစ်တပ်အသိုင်းအဝိုင်းပါ သွေးပျက်လာ

ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ အမ်းမြို့နယ်တွေအတွင်းကနေ မြို့နယ်အစပ် နေရာတွေအထိပါ ရခိုင့်တပ်တော် AA က ထိုးစစ်ဆင်လာနေပြီး နေရာချင်း ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက စစ်ကောင်စီရဲ့ တိုင်းအစိုးရအဖွဲ့နဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်က စစ်အရာရှိတွေလည်း သွေးပျက်ကာ လုံခြုံရေး ပိုမိုတင်းကြပ်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မန္တလေး PDF စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ်ဖွဲ့စည်းပြီး ၂၀၂၅ မှစ၍ စစ်ဆင်ရေးအရှိန်အဟုန် တိုးမြှင့်သွားမည်

မန္တလေး PDF အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ တပ်မဟာအသစ်တစ်ခုဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဒီကနေ့ ဒီဇင်ဘာ ၃၀ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီ၊ စစ်မှုထမ်းအပတ်စဥ် (၈) သင်တန်းဆင်း၊ တပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီတပ်၊ ခမရ (၄၃၁) မှ တပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၃) ထံကို အလင်းဝင်ရောက် လာတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

မြိုင်တွင် စစ်ကောင်စီ လေယာဥ်ဖြင့် ၂ ရက်ဆက် ဗုံးကြဲ၊ PDF ၄ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး ​

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ We Love Myaing အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဝက်စာ ရှာထွက်သည့် မြေးအဘိုး ၃ ဦးကို စစ်တပ်က ပစ်လို့ ၂ ဦးသေပြီး၊ ၁ ဦးဒဏ်ရာရ…

“သူတို့ကဆင်းရဲတဲ့မိသားစုတွေ၊ (စစ်တပ်) ပတ်ကင်းနဲ့တွေ့ပြီး သူတို့ဆိုင်ကယ်ကို လှမ်းတားတာ … မကြားမိလို့ပဲလားမသိ မရပ်ပေးတော့ …ပစ်ခံလိုက်ရတာ၊ မြေးအဘိုးတွေက ဆိုက်တွဲနဲ့ ဝက်စာ အစာရှာထွက်တာ၊ အဘိုးက ၆၀ ကျော်၊ မြေးတွေက ၂၀ ဝန်းကျင်ပဲ ” လို့ ဆားလင်းကြီးမြို့နယ် သိမ်တော်ရွာခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။