မကွေးတိုင်း ဆိပ်ဖြူအခြေစိုက် ကပစ ၂၁ ကနေ အိုးထိန်း-မင်းလျင်လမ်းအတိုင်း တညောင်ဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၇ စီးကို ဒီးဒုတ်ပင်ရွာနဲ့ သမန်းကျင်းကျေးရွာအကြား မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းထံက သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ ယာဉ် ၁ စီး ထိခိုက်ပျက်စီးသွားပြီး အကြမ်းဖက်စစ်သားတွေဟာ လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့ကာ တော်လှန်ရေးတပ်တွေကနေ တာဝေးပစ် ရော့ကတ် ၃ လုံးနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကို မင်းဘူးခရိုင် တပ်ရင်း ( ၅ ) ၊ မင်းဘူးခရိုင်တပ်ရင်း ( ၁ ) ၊ စလင်းပကဖနဲ့ မကွေးခရိုင် ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းမူမြို့နယ် အရှေ့ခြမ်း ဝန်ထမ်းအိမ်ရာဝန်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမြို့နယ် အရှေ့ခြမ်း ဝန်ထမ်းအိမ်ရာဝန်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက် စစ်သားတွေကို နိုဝင်ဘာ ၁၃ ရက် မနေနံနက်အစောပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DK PDF အဖွဲ့ထံက သိရပါတယ်။
Read More

မိုးကုတ်မြို့ လူနေရပ်ကွက်အတွင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၀ ယောက်ထက်မနည်းသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း မိုးကုတ်မြို့လူနေရပ်ကွက်အတွင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဟားခါးမြို့နယ် စာသင်ကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ၊ ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံးပြီး ကလေးအချို့ ပျောက်ဆုံးနေ (ရုပ်/သံ)

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် (၁၀)နှစ်အရွယ် ကလေးငယ် ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

မင်းရွာအကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ စစ်ကြောင်း ၅ ကြောင်းခွဲ စခန်းသိမ်းတိုက်ပွဲဆင်နွှဲ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ မင်းရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကြောင်း ၅ ကြောင်း ခွဲကာ ဒီဇင်ဘာ ၇ ရက် မနေ့က မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ် ၆၀ ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပြည်သူတွေ လေကြောင်းရန် အထူးသတိပြုဖို့ SAF အသိပေး (ရုပ်/သံ)

နိုင်ငံအနှံ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းရန်ကို ပြည်သူတွေ ကာကွယ်နိုင်ရေးအတွက် အသိပညာပေး သတင်းစကားတစ်ရပ်ကို ကျောင်းသားလက်ရုံးတပ်တော် SAF ရဲ့ ရဲဘော်တစ်ယောက်ဖြစ်တဲ့ ဟန်နီနွေဦးက ပြောကြားခဲ့ပါတယ်။
Read More

ပခုက္ကူမြို့နယ် ဘုန်းကံရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ဘုန်းကံရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင် PKU တပ်ဖွဲ့ထံက သိရပါတယ်။