ထိုင်းနယ်စပ်အနီးက ကရင်အမျိုးသားအစည်အရုံး – KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ အကြမ်းစစ်ကောင်စီတပ်ရဲ့ မယ်လတပ်စခန်းကို မေလ ၁၆ ရက် ဒီနေ့ မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နဲ့ ပူးပေါင်းတပ်တွေ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

ထိုင်းနယ်စပ်နဲ့ ၁ ကီလိုမီတာခန့်သာ ကွာဝေးပြီး ထိုင်းနယ်စပ်အနီး လှိုင်းဘွဲ့မြို့နယ် ၊  ဝေလယ်မူး (မယ်လ) ရွာ အနောက်ဘက်မှာ တည်ရှိတဲ့ စစ်ကောင်စီရဲ့ မယ်လတပ်စခန်းကို မေလ ၁၅ ရက် မနေ့က မနက်အစောပိုင်းမှာ KNU တပ်မဟာ (၇) က ဒရုန်းတွေ သုံးပြီး စတင်တိုက်ခိုက်ခဲ့ရာ ၂၅ နာရီခန့်အကြာမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့  ထိုင်းနယ်စပ်တလျှောက်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ပူးလူတူ၊ ခလယ်ဒေး၊ တခေါဘီခီး၊ မော်ဖားသူးစခန်း ၊ တာလယ်ဗျူဟာ နဲ့ မယ်လစခန်းတို့ကို KNU တပ်မဟာ (၇) က သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ မော်ဖိုးကေစခန်းနဲ့ နော်တရာစခန်းတို့သာ သိမ်းယူဖို့ ကျန်ရှိတော့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်အနီးရှိ မြန်မာနိုင်ငံဘက်က ဒေသခံ ၄၀၀ ကျော်ဟာ ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင်နေရတယ်လို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

မယ်လစခန်းနှင့် တိုက်ပွဲဖြစ်ပွါးနေမှုကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူများ (ဓာတ်ပုံ KNLA နှင့် AEC News (Thailand))

0 Shares:
You May Also Like
Read More

မင်္ဂလာဒုံမှာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ ရွှေနံ့သာရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ရွှေနံ့သာရပ်ကွက်ရုံးကို အဝေးထိန်းမိုင်းတွေအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နောင်မွန်မြို့နယ်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲရာ အရပ်သားပြည်သူ ၁ ယောက် ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီခရိုင် ၊ နောင်မွန်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ပြည်သူ ၁ ယောက် ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရတယ်လို့ ကိုးကန့်တပ်မတော် MNDAA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွာလုံးကျွတ် မီးတင်ရှို့ခံထားရသည့် မင်းပလောင်ရွာခံများ တောထဲတောင်ထဲ ယားနာနှင့် အာဟာရချို့တဲ့မှုများ ရင်ဆိုင်နေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်က စစ်ကောင်စီတပ်တွေ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မင်းပလောင်ရွာမှာ ဒေသခံတွေ ပြန်လည်အခြေမချနိုင်သေးသလို အာဟာရချို့တဲ့မှုနဲ့ ယားနာရောဂါတွေဖြစ်ပွား​နေကြတယ်လို့ သိရပါတယ်။
Read More

မုံရွာမှာ အုပ်ချုပ်ရေးမှူးရုံးနား ကင်းစောင့်နေတဲ့ စစ်သား ၁ ယောက်ကို အနီးကပ်ပစ်ခတ်ရှင်းလင်း…

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှာ အုပ်ချုပ်ရေးမှူးရုံးနား ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်သားကို တစ်ကိုယ်တော် အနီးကပ်ရှင်းလင်းပြီး သေနတ် ၁ လက်ရယူနိုင်ခဲ့တယ်လို့ Three Star Local People Defence Force အဖွဲ့တာဝန်ရှိသူ ကိုဒေါင်းလေး က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မြင်းခြံ – တောင်သာလမ်းပိုင်းကို ညအချိန် အသုံးမပြုဖို့ မြင်းခြံ PDF သတိပေးထုတ်ပြန်

မန္တလေးတိုင်းထဲက မြင်းခြံ-တောင်သာလမ်းပိုင်းကို လာမယ့်မတ်လအကုန်ထိ ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း အလင်းရောင်မရှိချိန် အသုံးမပြုဖို့ မြင်းခြံခရိုင် PDF အမှတ် (၃)တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။
Read More

လှည်းကူးရှိ ခမရ ၂၁၁ ကို လမ်းကြုံ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့၊ လှည့်ကူးမြို့နယ်က စစ်ကောင်စီရဲ့ ခမရ ၂၁၁ ဂိတ်ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) က သတင်းထုတ်ပြန်ထားပါတယ်။