ကျောင်းသားကျောင်းသူ ၂၂ ယောက်နဲ့ ဆရာမ ၂ ယောက် သေဆုံးခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို သရုပ်ပြဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုတစ်ခု ရန်ကုန်မြို့လယ်ခေါင်မှာ ပြုလုပ်ခဲ့တယ်လို့ Yangon Revolution Force (YRF) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါလှုပ်ရှားမှုကို စစ်ကောင်စီရဲ့ လူမဆန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုအဖြစ် မှတ်တမ်းတင်နိုင်ဖို့နဲ့ ကလေးသူငယ်တွေရှိရာ စာသင်ကျောင်းကို ပစ်မှတ်ထားကာ လေကြောင်းကနေ အကြိမ်ကြိမ် တိုက်ခိုက်မှု ပြုလုပ်နေတာကို ကမ္ဘာတစ်ဝန်း သိရှိနိုးကြားစေဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သရုပ်ပြတဲ့ ပုံရိပ်တွေဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ကလေးသူငယ်တွေကို ရည်ရွယ်ထားတာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဟာ စက်ဆုပ်ရွံရှာဖွယ်အကောင်းဆုံးလုပ်ရပ်တွေနဲ့ ပြည်သူကို ဦးတည်ရန်မူခဲ့တာဟာ ဒီပဲယင်းဖြစ်စဉ်မှာ မျက်ဝါးထင်ထင် တွေ့မြင်ရကြောင်း YRF က ဆိုပါတယ်။

မေလ (၁၂)ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်း မြို့နယ်၊ အိုးတိန်တွင်းကျေးရွာရှိ NUG ကြားကာလပညာရေး စာသင်ကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပညာသင်ကြားနေသူ ကလေးငယ် (၂၂ ) ယောက်နဲ့ ဆရာမ (၂) ယောက် သေဆုံးခဲ့ပြီး အရပ်သား ၁၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ချင်းကာကွယ်ရေးတပ် – အရှိုရဲ့ ရဲဘော်တွေကအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး သစ္စာရေ သောက်ခြင်း အခမ်းအနား…

ချင်းကာကွယ်ရေးတပ် - အရွို (CDF -Asho) က ရဲဘော်သစ်တွေ ကျမ်းသစ္စာကျိန်ဆိုပြီး သစ္စာရေ သောက်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဇန္နဝါရီလ ( ၁၀ ) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အင်းတော်ကို စစ်ကူလာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၄၀ ခန့်သေပြီး ၃၀ ခန့်အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကနေ အင်းတော်မြို့နယ်ဘက် စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သားအယောက် ၄၀ ခန့်သေဆုံးပြီး အယောက် ၃၀ ခန့်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် - KIA ရဲ့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

NUG ထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့ကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်

NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းက ခမ်းပတ်မြို့နဲ့ ကနန်ကျေးရွာကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူနှစ်ဦးသေဆုံးခဲ့ရကြောင်း ဒေသခံတွေထံက သိရပါတယ်။
Read More

အင်းစိန်ဘူတာနှင့် မီးရထားစက်ခေါင်းစက်ရုံ၊ မြို့ပတ်ဒီဇယ်စက်ရုံ (တိုင်း ၇) တို့မှ ပင်စင်စားများ၏ နေအိမ် ၂၀၀ နီးပါး အတင်းအကျပ် ဖယ်ရှားခံနေရ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ အင်းစိန်ဘူတာအပါအဝင် မီးရထားစက်ခေါင်းစက်ရုံနဲ့ မြို့ပတ်ဒီဇယ်စက်ရုံ (တိုင်း ၇) နားက မီးရထား ပင်စင်စားတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်ဆိုသူတွေက အတင်းအကျပ် ဖယ်ရှားခိုင်းထားကြောင်း နေထိုင်သူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် 96 Soldiers PDF – တောင်ပိုင်းတိုင်း ရဲဘော်တွေ ဓာတ်ပုံကမ်ပိန်း ပြုလုပ်

ဒီနေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် 96 Soldiers PDF - တောင်ပိုင်းတိုင်းက ရဲဘော်တွေဟာ အွန်လိုင်းဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် သက်တမ်းနှင့် ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ဖို့ရှိမရှိ ဆက်ဆွေးနွေးမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

အာဆီယံအနေနဲ့ မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အခြားအစီအစဉ်တွေနဲ့အတူ ရွေးကောက်ပွဲမှာ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်မလွှတ် ဆက်လက်ဆွေးနွေးသွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က စနေနေ့မှာ ပြောပါတယ်။