တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်က အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါက်တိုင်းတံတားဂိတ် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီနဲ့ ပျူစောထီး ၉ယောက်သေဆုံးကာ ၇ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။

မေလ ၇ရက် မနက်အစောပိုင်းမှာ ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး နှစ်ဖက်ထိတွေ့မှု အချိန် ၁နာရီအတွင်း စစ်ကောင်စီဘက်က ရဲ၊ စရဖ၊ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ လျှပ်တပြတ် အနီးကပ် ဝင်တိုက်ခဲ့တာပါ” လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်ရဲဘော်များ

ဒီတိုက်ခိုက်မှုမှာ ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့အတူ ဒေါင်းညီနောင်စစ်ကြောင်း၊ ဥသြစစ်ကြောင်း၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ ၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ ၊ တပ်ခွဲ ၁ ၊ KNLA တပ်မဟာ ၄အထူးတပ်ဖွဲ့ ၊ ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DDT) နဲ့ ဒရုန်းတပ်ဖွဲ့တွေပါဝင်ခဲ့ပြီး အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်မှုတွေ ရပ်တန့်နိုင်ဖို့အတွက် ဘုံရန်သူ စစ်​ကောင်စီကို ဆက်လက်ကာ ပြင်းပြင်းထန်ထန်တိုက်ထုတ်သွားမယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက ပြောထားပါတယ်။

 

0 Shares:
You May Also Like
Read More

နောင်မွန်မြို့နယ်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲရာ အရပ်သားပြည်သူ ၁ ယောက် ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီခရိုင် ၊ နောင်မွန်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ပြည်သူ ၁ ယောက် ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရတယ်လို့ ကိုးကန့်တပ်မတော် MNDAA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်နှင့်ပေါက်အစပ် ဝင်ရောက်နေသည့် စစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၃ ဦး မြိုင်ပကဖထံ သေနတ် ၃ လက်နှင့် အလင်းဝင်

မကွေးတိုင်း၊ မြိုင်နဲ့ပေါက်အစပ်မှာ ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းထံက စစ်ကော်မရှင်တပ်သား ၃ ယောက် သေနတ် ၃ လက်နဲ့ ကျည်ဆံတွေ ယူဆောင်ပြီး အလင်းဝင်ရောက်လာကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်က စစ်ဆေးရေးဂိတ်ကို PDF က ဝင်ရောက်တိုက်ခိုက်

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ် မိုင်တိုင် ၃၁၉ က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို နွားထိုးကြီးPDF က ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

PDF တွေရဲ့ မြေမြှုပ်မိုင်းရှိတဲ့ သဲပုံပေါ်မှာ နေရာယူ ပစ်ခတ်နေတဲ့ စစ်သားတွေ မိုင်းခွဲခံရပြီး အရာရှိတစ်ယောက်အပါ ၉ယောက် သေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ကွန်ပျုတာတက္ကသိုလ်ကို ထွက်လာတဲ့ စစ်ကောင်စီအိမ်စီးကားကို မိုင်းဆွဲတိုက်ခိုက်ရင်း ထိတွေ့မှုဖြစ်ကာ စစ်ကောင်စီဘက်က အရာရှိ ၁ယောက်အပါဝင် ၉ယောက်သေဆုံးခဲ့ကြောင်း PDF Kalay -Mine Team ထံက သိရပါတယ်။
Read More

နယ်မြေရှင်းလင်းရေးစစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံ စစ်ကော်မရှင်တပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ အမှတ် (၁) စစ်ဒေသရဲ့ အပတ်စဉ် (၇) စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA၊ အမှတ် (၁) စစ်ဒေသ၊ အပတ်စဉ် (၇) စစ်သင်တန်းဆင်းပွဲကို စက်တင်ဘာလ နောက်ဆုံးအပတ်က အမှတ် (၁) စစ်ဒေသ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။