ကရင်ပြည်နယ်၊ ဖားအံခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပိုင်ကျုံမြို့နယ်၊ ကာတဲကျေးရွာအနီး တပ်စွဲထားယေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ−၂၄ နဲ့ အမြောက်တပ် အမတ−၃၁၁ တို့ အခြေစိုက်တဲ့ တညာကျိုး(ခ) တာလယ် ဗျုဟာစခန်းကို မေလ (၁၃) ရက် ညပိုင်းမှာ KNU တပ်မဟာ (၇) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(K.N.L.A) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(K.N.D.O) တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စခန်းသိမ်းပိုက်စဉ်အတွင်း အကြမ်းဖက်စစ်ကောင်စီအမြောက်တပ်က ဗိုလ်ကြီး(၁) ယောက်အပါအဝင် စစ်ကောင်စီတပ်သား (၉) ယောက် သေဆုံးခဲ့ပြီး ခလရ−၂၄ ဒုတပ်ရင်းမှူးကတော့ ထွက်ပြေးလွတ်မြောက်နေရာ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံ ဖမ်းဆီးနေတယ်လို့ KNU က ဆိုပါတယ်။

တညာကျိုး(တာလယ်) စခန်းကို (၁၉၈၆) ခုနှစ်တွင် မြန်မာစစ်တပ်က စတင်တည်ဆောက်ခဲ့ပြီးနောက် အနီးဝန်းကျင်ရှိ ကျေးရွာတွေက ပြည်သူလူထုများအနေနဲ့ လွတ်လပ်စွာ သွားလာလုပ်ကိုင် ရှာဖွေစားသောက်ခွင့်တွေ ဆုံးရှုံးခဲ့ရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

တညာကျိုး(ခ)တာလယ် ဗျုဟာစခန်းကို သိမ်းပိုက်ရရှိမှုမြင်ကွင်းများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

သီတာယုမွန် အဖွဲ့သားများ စီးနင်းလိုက်ပါလာသည့်ကား ကြားဖြတ်တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန် အဖွဲ့သားတွေ လိုက်ပါစီးနင်းလာတဲ့ ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
Read More

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲဥပဒေကြောင့် ဖမ်းဆီးခံရသူ အပါအဝင် နိုဝင်ဘာလအတွင်း အယောက် ၅၀ ထက်မနည်း ဖမ်းဆီးခံရ

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ရွေးကောက်ပွဲဥပဒေကြောင့် ဖမ်းဆီးခံရသူ ၁ယောက် အပါအဝင် အယောက် ၅၀ ထက်မနည်း ဖမ်းဆီးခဲ့ရတယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသတွင်း လူ့အခွင့်အရေးချိူးဖောက်မှု အစီရင်ခံစာအရ သိရပါတယ်။ နိုဝင်ဘာလအတွင်း ရေးမြို့နယ်နဲ့ သထုံမြို့နယ်တို့မှာ တိုက်ခိုက်မှု (၇) ကြိမ်ဖြစ်ပွားခဲ့ပြီး ရေးမြို့နယ်မှာ အများဆုံးဖြစ်ပွားခဲ့ရာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ၊ ခြုံခိုတိုက်ခိုက်မှုတွေကြောင့် စစ်အုပ်စုဘက်က သေဆုံးသူ (၁၄) ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ (၅) ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး လှုပ်ရှားနယ်မြေအတွင်းရှိ ပြည်သူလူထုနှင့် စစ်ရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေး

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) က လှုပ်ရှားနယ်မြေအတွင်းရှိ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူတရပ်လုံးအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်နေသည့် စစ်အုပ်စုက KNU ကို အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ကို မတရားအသင်းအဖြစ် ကြေညာလိုက်ကြောင်း အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဩဂုတ် ၂၈ ရက်မှာ အမိန့်ကြော်ငြာစာဆိုပြီး ထုတ်ပြန်ပါတယ်။
Read More

မူဆယ်မှာ စစ်ကောင်စီတပ် လက်ကျန် မိုင်းနင်းမိပြီး အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ်၊ နမ့်ဟွယ်ကျေးရွာမှာ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

(၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ မွေးနေ့ အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပြုလုပ်…

(၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ ပါတီမွေးနေ့ အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ စစ်ဒေသတစ်ခုမှာ ဩဂုတ်လ ၁၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။