မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ နတ်မြစ်ထဲမှာ ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို အာရက္ခတပ်တော် (AA) က ပစ်ခတ်ခဲ့တာကြောင့် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြပါတယ်။

“မနက်က (ပြီးခဲ့တဲ့တနင်္လာနေ့) ဂျလီယာပရာ တဖက်ကမ်း နတ်မြစ်ထဲကို ငါးဖမ်းသမား ၃ ယောက် ငါးသွားဖမ်းပါတယ်။ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲကနေ မြန်မာပိုင်နက်ထဲကျော်သွားတော့ အာရက္ခတပ်က သူတို့ကို ပစ်လိုက်တာ ၂ ဦး ဒဏ်ရာရသွားတယ်”လို့ တက္ကနက်ဒေသ အုပ်ချုပ်ရေးမှူး Sheikh Ehsan Uddin က ပြောပါတယ်။

၎င်းတို့အနေနဲ့ လက်ရှိမှာ ကော့ဘဇာ အထွေထွေဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး အန္တရာယ်မရှိတော့ဘူးလို့ သိရပါတယ်။

တချိန်တည်းမှာပဲ တက္ကနက်ဒေသ၊ နှီလာနယ်မြေ၊ လာနာနဲ့ကပ်လျက် နတ်မြစ်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၃ ဦးကို AA က အဲဒီနေ့ နေ့လည်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းက ဖော်ပြထားပါသေးတယ်။

နှီလာနယ်မြေအစုအဖွဲ့ဝင် Nurul Huda က သူ့နေရာက ဒေသခံ ငါးဖမ်းသမား ၃ ဦးကို နတ်မြစ်အတွင်း ငါးဖမ်းနေစဉ်မှာ AA က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဆိုပါတယ်။ ဒီကိစ္စကြောင့် ၎င်းတို့မိသားစုဝင်တွေအကြား စိုးရိမ်မှု မြင့်တက်လာတယ်လို့ သူကဆက်ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB-2) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး Ashiqur Rahman က နတ်မြစ်အတွင်း AA က လူ ၃ ယောက်ခေါ်သွားတယ်ဆိုတဲ့သတင်း ရရှိထားတယ်လို့ ဆိုပါတယ်။
“ဒီလူတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလား၊ ရိုဟင်ဂျာတွေလားဆိုတာ အချက်အလက်တွေ စုဆောင်းနေပါတယ်။ ဘာကြောင့် နတ်မြစ်ထဲမှာ သူတို့ရှိနေခဲ့တာလဲဆိုတာလည်း စိစစ်ဖို့ ကြိုးစားနေပါတယ်” လို့လည်း ၎င်းကပြောခဲ့ပါတယ်။
News-AsianewsNetwork/DailyStar

 

 

0 Shares:
You May Also Like
Read More

မင်းတပ်မှာ စစ်တပ် ထောင်ထားသည့် မိုင်းမျိုးစုံ ၂၀၀၀ ထက်မနည်း သိမ်းဆည်းရှင်းလင်းပြီးဖြစ်၊ ဆက်လက်ရှင်းလင်းရန် ကျန်ရှိနေသေး…

ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း အကြမ်းဖက် စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းမျိုးစုံ ၂၀၀၀ ထက်မနည်း သိမ်းဆည်းရှင်းလင်းထားပြီး ရှင်းလင်းဖို့ မိုင်းတွေ ကျန်ရှိနေဆဲဖြစ်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးနယ် ကျေးရွာများတွင် စစ်ကြောင်းရော ပေါ်တာဆွဲမှုပါ ဆိုးရွားနေသည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေက ကျေးရွာတွေထဲ အင်အားအလုံးရင်းသုံး စစ်​ကြောင်းဝင်ရောက်​နေသလို ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း Yan Gyi Aung People's Defense Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဥသျှစ်ပင်မြို့နှင့် နီးကပ်နေသည့် ရခိုင်ရိုးမပေါ် တောင်ပုံကြီးစစ်ကောင်စီစခန်းကို AA တိုက်ခိုက်နေ

တောင်ကုတ်မြို့ကို ထိန်းချုပ်ထားတဲ့ AA က ပဲခူးတိုင်းအနောက်ခြမ်း၊ ဥသျှစ်ပင်မြို့နဲ့ နီးစပ်နေတဲ့ ရခိုင်ရိုးမပေါ်က တောင်ပုံကြီးစခန်းကို တိုက်ခိုက်နေလို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

မှော်ဘီလေတပ်စခန်းကို အဝေးပစ်မစ်ဇိုင်းဒုံး ၄လုံးပစ်ခတ်တိုက်ခိုက်မှု လေတပ်ဝန်းထဲ ထိခိုက်ပျက်စီးမှုတွေရှိ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က လေတပ်စခန်းကို အဝေးပစ်မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လေယာဥ်ဂိုထောင်နဲ့ အရာရှိနေအိမ်တွေထိခိုက်နိုင်ကြောင်း Urban Special Operation ( U.S.O) ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ငလျင်ကြောင့် အိုးဘိုထောင်မှာ အနည်းဆုံး ၄ ဦး သေဆုံးကြောင်း PPNM အတည်ပြု

စစ်ကိုင်းငလျင်ကြောင့် မန္တလေး အိုးဘိုထောင်မှာ အမျိုးသား ၁ ယောက်၊ အမျိုးသမီး ၂ ယောက်နဲ့ ကျား/မ အတည်မပြုနိုင်သေးသူ ၁ယောက် စုစုပေါင်း ၄ယောက် သေဆုံးထားပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

မေလနှင့် ဇွန်လအတွင်း စစ်တပ်နှင့် ကျောင်းသားလက်ရုံးတပ်တော်တို့၏ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၀ ခန့် ထိခိုက်သေဆုံးခဲ့

ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လအတွင်း မကွေးတိုင်း ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းအနီးနဲ့ မင်းလှမြို့နယ် ပုသိမ်-မုံရွာ အဝေးပြေးလမ်းမပေါ်က ကန်တုပ်စခန်းအနီးဝန်းကျင်မှာ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။