မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ အင်အားအလုံးအရင်းသုံးပြီး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို အထိအခိုက်အကျဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားအောင်ခုခံတိုက်ခိုက်နိုင်ခဲ့တယ်လို့ မြိုင်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ရက်နေ့ကစပြီး ပခုက္ကူမြို့ တပ်မ ၁၀၁ကနေ ထွက်ခွာလာတဲ့ အင်အား၂၀၀ ခန့်ပါအ အကြမ်းဖက်စစ်ကြောင်းဟာ မြိုင်မြို့အထိ စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး မြို့အရှေ့တောင်ပိုင်း၊ ပခုက္ကူ-မြိုင်လမ်းပိုင်းအတွင်း တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ မေလ၂ရက်က ၄ရက်နေ့အထိ ထိတွေ့တိုက်ပွဲ အပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေ အထိခိုက်များလာတာကြောင့် လေကြောင်းကနေ ဗုံးရာနဲ့ချီကြဲချတိုက်ခိုက်ခဲ့ရတယ်လို့လည်းမြေပြင်တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

“တိုက်ပွဲကပြင်းပါတယ်။ စကစအလောင်းတော်တော်များများရတယ်။ ကျနော်တို့တွေလည်း ကထိခိုက်မှုရှိတယ်။ သတင်းအပြည့်စုံမထုတ်ပြန်သေးတာပါ။ လေကြောင်းကနေ ဂျက်ဖိုက်တာ၊ Y12 ၊ ပါရာမော်တာ မျိုးစုံနဲ့နေ့တိုင်းလာကြဲပါတယ်။ မြိုင်ကိုဦးတည်ပြီးတက်လာကြတာ မြိုင်နဲ့ ၆ မိုင်အကွာလောက်ရောက်မှပြန်ဆုတ်သွားတာပါ။ ” လို့ မြိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်၁ယောက်က မောင်းကိုပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကြောင်းပြန်မဆုတ်ခွာခင် သစ်ကြီးတော၊ လေးတန်း နဲ့ ပေါက်ပင်ကိုင်းရွာတွေကို မေလ ၅ရက်နေ့ကနေ ၇ရက်နေ့ မနက်ပိုင်းအထိ ၅ရက်ကြာ ဝင်ရောက်တပ်စွဲရင်းနေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ အရပ်သားပိုင်ပစ္စည်းတွေကိုလည်းခိုးယူသယ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် မေလ ၅ရက်နေ့ညပိုင်းမှာလည်း မြိုင်နယ်တောင်ပိုင်းက ဇောင်းချမ်းကုန်းရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတွေကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်အဆောက်အဦးတွေထိခိုက်ပျက်စီးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်၇ယောက်ထိခိုက်သေဆုံးခဲ့ရပါသေးတယ်။

“”လက်ရှိစခစစ်ကြောင်းက ပခုက္ကူတပ်မ၁၀၁ထဲကို ပြန်ဆုတ်သွားပါတယ်။ အဲ့တော့တိုက်ပွဲတွေလည်းအခုလောလောဆယ် ရပ်နေတယ်။လောလောဆယ်လေကြောင်းမရှိပေမယ့်သတိထားနေရဆဲပါ။” လို့ မြိုင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်၁ယောက်ကမောင်းကိုပြောခဲ့ပါသေးတယ်။

ပုံစာ – သိမ်းဆည်းရမိသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း၊ ပစ္စည်းများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ပုံရိပ်များ
0 Shares:
You May Also Like
Read More

ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်က စစ်တပ်ဂိတ်ကို ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးဘုရားလမ်းမပေါ်က  အကြမ်းဖက် စစ်တပ်ဂိတ်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့  God's Hand Forces (GHF) အဖွဲ့ထံမှ သိရပါတယ်။ 
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာနှင့် သေဆုံးနေသည့် အမျိုးသား ရုပ်အလောင်း ထပ်မံတွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်ရှိ မရှီကထောင်ရပ်ကွက်၊ ယူမာကျေးရွာအဝင် တံတားလေးအနီးမှာ သေဆုံးနေတဲ့ အမျိုးသား ရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

သံလွင်တိုင်းမ် သတင်းဌာန အယ်ဒီတာချုပ်ရဲ့ နေအိမ်ကို စစ်ကောင်စီ ချိတ်ပိတ်

မွန်ပြည်နယ်၊ မော်လမြိုင်၊ ထားဝယ်စုရပ်ကွက်မှာရှိတဲ့ သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်ဖြစ်သူရဲ့ နေအိမ်ကို စစ်ကောင်စီက လာရောက်ချိတ်ပိတ်သွားတယ်လို့ သိရပါတယ်။
Read More

စဥ့်ကူးနှင့် သပိတ်ကျင်းတွင် MDY-PDF က ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

မန္တလေးတိုင်းရှိ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလဲတိုက်ပွဲအတွင်း AA တပ်ရင်းတစ်ရင်း ပါဝင်တိုက်ခိုက်နေတယ်ဆိုတာ မဟုတ်ကြောင်း BNRA ပြော

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေထဲမှာ ရခိုင့်တပ်တော် AA ရဲ့ တပ်ရင်းတစ်ရင်း ပါဝင်တိုက်ခိုက်နေတယ်လို့ ကနဦး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
Read More

မော်လမြိုင်ကျွန်းမှာ အုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာမ မောင်နှမနှစ်ယောက် ဖွင့်ထားတဲ့ KTV ကို စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီး

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုတ်ပိကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာမ မောင်နှစ်မနှစ်ယောက် ဖွင့်လှစ်ထားတဲ့ ရွှေတောင်တန်း KTV ဆိုင်ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။