မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၂၃ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ မေလ ၈ ရက်အထိ နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီရဲ့ တရားဝင်ထိန်းသိမ်းရေးစခန်းတွေဖြစ်တဲ့ စစ်ကြောရေးစခန်းမှာ သေဆုံးသူ အမျိုးသား (၄) ယောက်၊ ရဲစခန်းမှာ သေဆုံးသူ အမျိုးသား (၃) ယောက်၊ အကျဉ်းထောင်တွေမှာ သေဆုံးသူ အမျိုးသမီး (၉) ယောက်နဲ့ အမျိုးသား (၇) ယောက် စုစုပေါင်း (၂၃) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ AAPP က ဆိုပါတယ်။

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး(အိုးဘို)အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား မြင့်မြင့်သန်းဟာ အဆုတ်ရောဂါခံစားနေခဲ့ရပြီး အကျဉ်းထောင်အတွင်းမှာလည်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့ဘူးလို့ AAPP က ဆိုပါတယ်။

အဲ့ဒီနောက် မြင့်မြင့်သန်းဟာ ရောဂါ ပိုမိုဆိုးရွားလာခဲ့ပြီး မေလ ၆ ရက်မှာတော့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို ပို့ဆောင်ကုသချိန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့ တရားစွဲဆိုခံခဲ့ရကာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်မှာ ထောင်ဒဏ် ၅နှစ် ချမှတ်ခံထားရသူဖြစ်တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စု မတရားအာဏာလုခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ မေလ ၈ ရက် ဒီနေ့အချိန်အထိ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ စုစုပေါင်း (၆၆၁၉) ယောက် ရှိပြီဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်တပ်ရင်း (၂၈) မှ ရဲဘော် ကျော်ဇင်ငြိမ်း ကျဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၈) က  ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တညောင်ရဲစခန်းသိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်အတူ ပြန်လာသည့် စလင်း ပကဖ ရဲဘော်များကို ဒေသခံပြည်သူများ ကြိုဆို…

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ စလင်း ပကဖ ရဲဘော်တွေကို ဒေသခံပြည်သူလူထုက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မောင်တောကို အပြီးသတ်သိမ်းယူဖို့ AA ထိုးစစ်ဆင်နေပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ခုခံနေ

ရခိုင်ပြည်နယ်၊ မောင်တောဒေသကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ရခိုင့်တပ်တော် AA ဟာ စက်တင်ဘာလ ဒုတိယအပတ်ကတည်းက နခခ (၅) နယ်ခြားစောင့်ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အကြမ်းဖက်စစ်တပ်ကလည်း လေကြောင်းကနေ ပစ်ကူပေးတာ၊ လေယာဉ်ဗုံးကြဲတာတွေပြုလုပ်နေတာကြောင့် နှစ်ဘက် ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

စလင်း ပကဖ နှင့် ပြည်သူများ ပူးပေါင်း လမ်းပြုပြင် (ဓာတ်ပုံသတင်း)

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေနဲ့ ဆေးတပ်သား ရဲမေတွေဟာ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ကျေးရွာအတွင်း အများပြည်သူ သွားလာရခက်ခဲနေတဲ့ လမ်းတွေကို ၃ ရက်ဆက်တိုက် ပြုပြင်မွမ်းမံ လမ်းပြင်လုပ်အား ဒါနပြုခဲ့တယ်လို့ စလင်းပကဖက ထုတ်ပြန်ထားပါတယ်။
Read More

နတ်တလင်းအရှေ့ပိုင်း ဒမငယ်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၃ ဦး သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အရှေ့ပိုင်းမှာရှိတဲ့ ဒမငယ်ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မေလ ၂ ရက်၊ ဒီနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

ရဟတ်ယာဉ် ကိုယ့်ဘာသာ ပျက်ကျတာပါဆိုတဲ့ စစ်ကောင်စီ၏ ပြောဆိုချက် ဖြစ်နိုင်သလား

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူသွားတဲ့ Mi 17 ရဟက်ယာဉ် ၃စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ချခဲ့ရာမှာ ရဟက်ယာဉ် တစ်စီး မီးလောင်ပျက်ကျပြီး တစ်စီးကတော့ အရေးပေါ် ဆင်းသက်ခဲ့တယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။