မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် ရပ်ကွက်တချို့မှာ အိမ်ဆောက်ပိုင်ခွင့်မရှိတဲ့ လယ်ယာမြေဟုဆိုကာ ပြည်သူပိုင်အိမ်တွေကို အတင်းအဓမ္မဖျက်ဆီးခဲ့ပြီးနောက် အဲဒီမြေကိုပဲ မြို့ကွက်သစ် ဖော်ထုတ်ရေး စီမံကိန်း ခေါင်းစဉ်နဲ့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ပြန်လည်ရောင်းစားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မော်လမြိုင်မြို့က လှိုင်ရပ်ကွက်နဲ့ သာယာအေးရပ်ကွက်ကြားမှာရှိတဲ့ ရာနဲ့ချီတဲ့ ပြည်သူပိုင်နေအိမ်တွေကို ပြီးခဲ့တဲ့မတ်လကစလို့ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်ကောင်စီက စတင်ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

“သူတို့က စစချင်း notice စာပို့တယ်။ ပြောင်းပေးဖို့။ အဲ့မှာတော့ လယ်ယာမြေမို့ အိမ်ဆောက်ခွင့်မရှိဘူး ပြောင်းပေးဖို့ပေါ့နော်။ တချို့ကျ ပြောင်းကြတယ်။ တချို့ကျလည်း ခုလောက်ထိ မဖြစ်လောက်ဘူးဆိုပြီး မပြောင်းဘူးပေါ့လေ။ အခု အကုန်ဖျက်ဆီးပြီးတော့လည်း အကွက်ရိုက်ပြီး ပြန်ရောင်းမယ် ဖြစ်လာပြန်ရော” လို့ အမည်မဖော်လိုတဲ့ မော်လမြိုင်မြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

မော်လမြိုင်မြို့ လှိုင်ရပ်ကွက်နှင့် သာယာအေး ရပ်ကွက်ရှိ နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီ အင်အားသုံး ဖြိုဖျက်ခဲ့စဉ်

လက်ရှိမှာတော့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက အခုလို အတင်းအဓမ္မဖျက်သိမ်းလိုက်တဲ့ မြေယာတွေအပေါ်မှာ လမ်းခင်း၊ ဓာတ်မီးတိုင်တွေထောင်ကာ မြေကွက်တွေကို အကွက်ရိုက်ပြီး မြို့ကွက်သစ် ဖော်ထုတ်ရေး စီမံကိန်းဟုဆိုကာ မြေကွက်တွေကို ပြန်လည်ရောင်းချနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“အခုပြန်ရောင်းနေတဲ့ မြေကွက်တွေကို ပြန်ဝယ်ရဲတဲ့ သူလည်း မရှိနေဘူး။ ဘာလို့လဲဆိုတော့ ရှေ့မှာ လာသိမ်းတဲ့ မြေကလည်း သူတို့ပဲ အကွက်ရိုက်ရောင်းခဲ့တဲ့ မြေတွေပဲ။ ဘယ်သူမှ ကျူးကျော်ပြီး လာခဲ့ကြတာ မဟုတ်ဘူး” လို့ လှိုင်ရပ်ကွက်နားမှာ နေထိုင်သူတစ်ယောက်ကလည်း ပြောပါတယ်။

ကျူးကျော်ဆိုပြီး အိမ်တွေ ဖျက်ဆီးခံလိုက်ရတဲ့ ရပ်ကွက်နေပြည်သူတွေရဲ့ နစ်နာမှုကို စစ်ကောင်စီဘက်ကနေ လျှော်ကြေးငွေ ပေးအပ်ခဲ့တာမျိုးလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။

မော်လမြိုင်မြို့ လှိုင်ရပ်ကွက်နှင့် သာယာအေး ရပ်ကွက်ရှိ နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီ အင်အားသုံး ဖြိုဖျက်ခဲ့စဉ်
0 Shares:
You May Also Like
Read More

စစ်ကောင်စီကို ICC ထံပို့ပြီး ပြတ်သားထိရောက်တဲ့ အရေးယူမှုတွေလုပ်ဆောင်မှသာ မြန်မာပြည်သူတွေ ဆင်းရဲဒုက္ခက ကင်းလွတ်မယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလကိုတောင်းဆို

စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ထံ ကုလက လွှဲပြောင်းပေးပြီး ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီက အမြန်ဆုံး ပြစ်ဒဏ်ကျခံဖို့ အချိန်တန်ပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

စစ်ရှောင်အမျိုးသားတစ်ယောက်ကို အကြမ်းဖက်စစ်တပ်က လည်လှီးသတ်ဖြတ်သွား

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ စစ်ရှောင်နေတဲ့ ဒေသခံအမျိုးသားတစ်ယောက်ကို အကြမ်းဖက်စစ်တပ်က လည်လှီးသတ်ဖြတ်သွားတယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း − မြိုင်ထံမှ သိရပါတယ်။ နိုဝင်ဘာ ၂၇ ရက်နေ့မှာ မြိုင်မြို့နယ် စက်မှု (၂) ကနေ စစ်ကြောင်း ထွက်ခွာလာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ၄င်းတို့နဲ့ ပက်ပင်းတိုးတဲ့ တောတိုက်မှာစစ်ရှောင်နေတဲ့ ညောင်ရွာကျေးရွာက အမျိုးသားတစ်ယောက်ကို သရက်ကန်ပျူရွာထဲကို ဖမ်းဆီးခေါ်ဆောင်လာတယ်လို့ ဆိုပါတယ်။
Read More

မြေငလျင်ဒဏ်သင့်နေချိန် အင်တာနက်ပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့ စစ်ကောင်စီကို အရပ်ဘက်အဖွဲ့အစည်း ၁၂၀ ကျော် တောင်းဆို၊ သတင်းအမှောင်ချမှုက ပြည်သူအတွက် ဆိုးကျိုးဖြစ်စေကြောင်း IPCM ပြော

တစ်နိုင်ငံလုံးမှာ ဆိုးဝါးပြင်းထန်တဲ့ ငလျင်ဘေးသင့်နေချိန်မှာ စစ်ကောင်စီက အင်တာနက်ပိတ်ဆို့ ဖြတ်တောက်ထားခြင်းတွေကို ပယ်ဖျက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ကရင်နီနဲ့ ရှမ်းအစပ်မှာ စစ်ကောင်စီက ဒရုန်းဗုံးကြဲတိုက်ခိုက်မှုအတွင်း အဆိပ်ငွေ့ပြားတွေ ထည့်သွင်း အသုံးပြုနေတယ်လို့ KNDF ပြော

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်တချို့နေရာတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ရာမှာ အဆိပ်ငွေ့ပြားတွေကိုပါ ထည့်သွင်းအသုံးပြုလာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က သတိပေး ထုတ်ပြန်ထားပါတယ်။
Read More

အရေးပေါ်လူနာ သွားခေါ်ရင်း စစ်တပ်၏ဗုံးသီး ထိမှန်ပြီး ၁၄ နှစ်အရွယ် လူမှုကူညီရေးအသင်းသား သေဆုံး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ အရေးပေါ်လူနာ သွားရောက်သယ်ယူရင်း အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဖြူစင်ရင်ခွင် ဖောင်ဒေးရှင်း (လူမှုကူညီရေးအသင်း) ရဲ့  အသင်းသားတစ်ယောက် သေဆုံးသွားကြောင်း အဆိုပါအဖွဲ့ထံက သိရပါတယ်။
Read More

ဟန်ပြအပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ် နောင်ချိုတွင် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲများ ဖြစ်ပွားနေဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော် TNLA တည်ရှိရာကို အကြမ်းဖက်စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။