စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနဲ့ စစ်သုံ့ပန်းတွေဟာ တရားမဲ့လုပ်ရပ်တွေအတွက် နောင်တရနေကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ပါတယ်။

စစ်တပ်ရဲ့ တရားမဲ့လုပ်ရပ်တွေကို ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေက သိမြင်ကြပြီး သူတို့ရဲ့ လုပ် ရပ်တွေအတွက် နောင်တရနေကြကြောင်း၊ ပြည်သူ့တော်လှန်ရေးမှာလည်း တတ်နိုင်တဲ့ဘက်က ပါဝင်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ၄ နှစ်ပြည့် မိန့်ခွန်းမှာ ဦးရည်မွန်က ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ထဲမှာ ကျန်ရှိနေတဲ့ တပ်မှူး၊ တပ်သားတွေအနေနဲ့လည်း ပြည်သူကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ မိစ္ဆာဒိဓိ စစ်ဝါဒအတွေးအခေါ်ကို စွန့်လွှတ်ကြဖို့ တိုက်တွန်းထားပါတယ်။

ဗီဒီယိုနောက်ခံ – အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်သား စစ်သုံ့ပန်းများ (လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

မန္တလေး-မုံရွာလမ်းမပေါ်မှာ အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မန္တလေး-မုံရွာလမ်းပေါ်မှာ အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Spring Dove မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စစ်ယာဉ် ၃ စီးပေါ်မှာ အင်အားအပြည့်တင်ဆောင်လာပြီး မအူဂိတ်မှာ Faw ယာဉ် ၁ စီး၊ ၁၂ စီး ကား ၁ စီးနဲ့ အချိန်း အပြောင်းအပြောင်းလုပ်ခဲ့တဲ့ အကြမ်းဖက်စစ်သားတွေကို မန္တလေး-မုရွာလမ်းမပေါ်မှာ အဝေးထိန်း မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်တံခါးမြို့နယ် စစ်ကောင်စီရဲ့ ရထားသံလမ်းဂိတ်ကင်းစခန်း ၅ ခုကို တပြိုင်တည်း ဝင်ရောက်စီးနင်း မီးရှို့မှု (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ရထားသံလမ်းတံတားအမှတ် ၁၄၅၊ ၁၄၆၊ ၁၄၇၊ ၁၄၈ နဲ့ ၁၄၉ ရှိ စစ်ကောင်စီ သံလမ်းကင်းတဲစခန်းတွေကို ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့  ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း ၊ P2 -3702 က ထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးက ပြန်လာတဲ့ မုံရွာခရိုင်အမှတ် ၃ တပ်ရင်းရဲဘော်တွေကို အောင်သပြေနဲ့ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ချင်းပြည်နယ်မှာ မင်းတပ်မြို့သိမ်းစစ်ဆင်ရေး ဆင်နွှဲပြီး ပြန်လာတဲ့ မုံရွာခရိုင်အမှတ် ၃ တပ်ရင်းက ရဲဘော်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းနဲ့ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ ဒီနေ့ နေ့လည်ပိုင်းမှာ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။
Read More

ရေးမြို့နယ်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်တပ် ဗိုလ်ကြီး ၁ ဦး အပါ ၁၂ ဦး သေ (ရုပ်/သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်ရှင်တပ်ကိုတိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ယောက် အပါအဝင် ၁၂ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ချောင်းဦးမြို့နယ် ကံကြီးကုန်းပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစခန်းကို ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ Fixed Wings Droneတွေနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ စစ်စခန်းတွေကို ၁ လတာအတွင်း ဒရုန်းနဲ့ ဗုံးသီး အကြိမ် ၅၀ ကျော် ကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ စစ်စခန်းတွေကို ဒီဇင်ဘာ ၁၄ ရက်ကနေ ဇန်နဝါရီ ၁၂ ရက်အထိ ရက်ပေါင်း ၃၀ အတွင်း ဒရုန်းနဲ့ ဗုံးသီးအကြိမ်ရေ ၅၀ ကျော်၊ ဗုံးသီး အလုံး ၇၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပုလော ပကဖ ထံက သိရပါတယ်။