ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့က စစ်ကောင်စီတပ်သားတွေ တပ်ဆွဲနေတဲ့ စိုက်ပျိုးရေးစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။

မနေ့က မေလ ၅ ရက်နေ့၊ ည ၆ နာရီဝန်းကျင်အချိန်မှာ အဆိုပါ ဆင်မြီးဆွဲမြို့က စိုက်ပျိုးရေးစခန်းမှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁) တပ်ရင်း တပ်ခွဲ (၅) ရဲဘော်တွေက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“သေတာကတော့ ၃ကောင်လို့ လောလောဆယ် သတင်းရထားပါတယ်။ ဒါကို အတည်ပြုနေပါတယ်။ တိုက်ခိုက်တဲ့အချိန်အတွင်းမှာလည်း ရဲဘော်တွေကိုယ်တိုင် ၂ကောင်က ဘုန်းဘုန်းလဲသွားတာကို မြင်လိုက်ရပြီး ထိသွားလို့ အော်ဟစ်နေတာတွေကို မြင်ခဲ့၊ ကြားခဲ့ရပါတယ်” ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံ Shadow က မောင်းကို ပြောပါတယ်။

အဲဒီဂိတ်စခန်းမှာ စစ်ကောင်စီတပ်သား ၁၀ ယောက်လောက်ရှိနေပြီး တော်လှန်ရေးရဲဘော်တွေက အမှောင်ထဲကနေ အလင်းထဲမှာ ရှိနေတဲ့ စစ်သားတွေကို တိုက်ခိုက်ခဲ့ရတာကြောင့် စစ်သားတွေ လဲကျ ထိမှန်သွားတာကို အသေအချာမြင်လိုက်ရတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်စဉ်မှာ စစ်ကောင်စီ တပ်သားတွေဘက်က လက်နက်ငယ်၊ ၄၀ မမ တွေနဲ့ ပြန်လည် တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ သေဆုံးအလောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ညတွင်းချင်း ပြည်မြို့ဘက် သယ်ဆောင်သွားတယ်လို့ ကနဦး သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမောက် မြို့သိမ်းတိုက်ပွဲ ၆ ရက်မြောက်တွင် တော်လှန်ရေးတပ်များ မြို့ကို ရရှိ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၀ ရက် မနေ့ ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

၈၆ သိန်းကျော်အထိ အကျမရှိဘဲ တက်နေဆဲ မြန်မာ့ရွှေဈေးကွက်

မြန်မာ့ရွှေဈေးကွက်မှာ အခေါက်ရွေ တစ်ကျပ်သားကို ၈၆ သိန်းကျော်အထိ ကျဈေးမရှိဘဲ ဆက်လက်မြင့်တက်နေတယ်လို့ ရွှေကုန်သည်တွေဆီက သိရပါတယ်။ 
Read More

ကယန်းလူထု အခြေပြု ကယန်းအမျိုးသားတပ်မတော် စတင်ဖွဲ့စည်း

ကရင်နီဒေသက မြို့လေးမြို့ အပါအဝင် ပြန့်ကျဲနေတဲ့ ကယန်းလူထုအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေကို စုစည်းကာ ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းလိုက်ကြောင်း ကယန်းအမျိုးသားတပ်မတော် - KNA က ဒီနေ့ အောက်တိုဘာ (၂၉)  ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

တာဝန်ရပ်စဲခံခဲ့ရသည့် ကနီမြို့နယ် လျှပ်စစ်စွမ်းအင် ဆောက်လုပ်ရေးတာဝန်ခံဟောင်း ကိုကျော်ဇေထွန်းကို ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က လာရောက်ဖမ်းဆီး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနကနေ တာဝန်ရပ်စဲခံခဲ့ရတဲ့ ကနီမြို့နယ် လျှပ်စစ် စွမ်းအင် ဆောက်လုပ်ရေးတာဝန်ခံ ကိုကျော်ဇေထွန်းကို ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တာချီလိတ်တွင် ယာဥ်တိုက်မှုအပြီး မောင်းပြေးသည့်ကားကြောင့် သားအမိ ၂ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများလည်း ရှိ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ ဆိုင်ကယ်ကို ဝင်တိုက်ခိုက်ပြီးနောက် မောင်းနှင်ထွက်ပြေးတဲ့ကားက လမ်းထဲမှာရှိတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို ထပ်မံ တိုက်မိတာကြောင့် လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ခြေတစ်ဖက် စွန့်ခဲ့ရပေမယ့် ဧရာဝတီကိုပြန်ပြီး ကြမ်းဖို့ ရည်ရွယ်ချက်နှင့် ဧရာဝတီသား ရဲဘော်အောင်ဟိန်း (ရုပ်/သံ)

"ခြေထောက်ပြတ်တဲ့ကိစ္စက ကျနော်က စစ်တပ်ရဲ့ M14 မိုင်းကိုနင်းတာ၊ ကျွန်တော် ဘာခံစားရလဲဆိုတော့ ကျနော့်စိတ်က ဧရာဝတီမှာပြန်ပြီးတော့ ကြမ်းဦးမှာ၊ ဧရာဝတီမှာရှိတဲ့ 6ခွးတွေကို ကျနော်ပြန်သတ်ဦးမှာ ကျနော်ပြန်ပြီးတော့ လုပ်ဦးမှာ။ အဲဒါ့ကြောင့်မို့လို့ ကျနော် တပ်မဟာ ၆ ကနေ ၅၊ ၅ ကနေပြီးတော့ ဧရာဝတီနဲ့နီးပါတယ်ဆိုတဲ့ ပဲခူးထိကို ကျနော် ပြန်ဆင်းတယ်။ ရောက်အောင်ပြန်သွားခဲ့တယ်။ အဲ့ကနေတဆင့် ဧရာဝတီကို ပြန်ဝင်မယ်ပေါ့"