မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ကပစ ၂၁ ကို လာတဲ့ စစ်ကောင်စီကားတွေကို စောင့်ကြိုတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၁ ယောက်သေဆုံးပြီး ၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း၊ တပ်ခွဲ (၁) – Caf SpuPDF က မောင်းသတင်းဌာနကို ပြောပါတယ်။

ဧပြီလ ၂၇ ရက်က ဆိပ်ဖြူမြို့ပေါ်ကနေ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံရှိရာကို မောင်းနှင်လာတဲ့ စစ်ကောင်စီကား ၂ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အသင့်စောင့်ကြိုပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RPG နဲ့စောင့်ကြို ပစ်ခတ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း လက်နက်ချို့ယွင်းမှုတွေ ရှိခဲ့တာကြောင့် လက်နက်ငယ်တွေနဲ့သာ ဝိုင်းဝန်းပစ်ခတ်ခဲ့ရပြီး ကား ၁ စီး လမ်းဘေးထိုးရပ်ကာ နာရီဝက်​ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ Caf SpuPDF ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း၊ တပ်ခွဲ(၁) က ဆိုပါတယ်။

“ရန်သူ့ဘက်က ထိတာရော သေတာရောမြင်နေရတယ်။ တစ်ယောက်ပဲကျန်တော့တာပါ။ ကျနော်တို့ဘက်ကလည်း ရန်သူ့ကားနားကို အနီးကပ်ဝင်လုံးတဲ့ ရဲဘော်တယောက်ကျည်ထိမှန်ခဲ့ပါတယ် မစိုးရိမ်ရပါဘူး။ အဲ့လိုနဲ့ ခဏအကြာမာ စစ်ကောင်စီဘက်က စစ်ကူရောက်လာတယ်။ အဲ့မှာ ရဲဘော်တယောက် ထပ်ထိတယ်။ ကျနော်တို့လည်း ဒဏ်ရာရတဲ့ရဲဘော်ကို ကာပစ်ပေးထားပြီး ကယ်ထုတ်နိုင်ခဲ့ပါတယ် ၊ ကျည်အင်အားရော လက်နက် ချို့ယွင်းချက်တွေကြောင့်ရော ကျနော် ပြန်ဆုတ်ခဲ့ရတာပါ။” လို့ Caf SpuPDF ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်းတပ်ခွဲ (၁) ရဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

အဲ့ဒီစောင့်ကြိုတိုက်ခိုက်မှုကို ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ နဲ့အတူ ပခုက္ကူခရိုင် အမှတ် ၈ တပ်ရင်း တို့က ပူပေါင်းလုပ်ဆောင်ခဲ့တာလို့လည်းသိရပါတယ်။

ပခုက္ကူခရိုင် တပ်ရင်း ၄ တပ်ခွဲ (၁) ၊ တပ်ခွဲ(၂) နဲ့ တပ်ရင်း(၈) တပ်ဖွဲ့ဝင်တွေ စစ်ရေးဖော်ဆောင်နေစဥ် (ဓာတ်ပုံCaf SpuPDF)

0 Shares:
You May Also Like
Read More

နတ်တလင်းက ပျူစောထီးကို ဖမ်းဆီး စစ်ဆေးစဉ် ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ပျဉ်ပုံ ပျုရွာက စစ်တပ်သတင်းပေးဖြစ်သူ ပျူစောထီး ချစ်ပိုဆိုသူကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးစစ်ဆေးစဉ်မှာ ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်းထံက သိရပါတယ်။
Read More

စစ်တပ်က မုံရွာမြို့တွင် ပေါ်တာဆွဲထားသည့် လူငယ် ၈၀ ကျော်ကို ထမင်းမကျွေးနိုင်တော့လို့ဆိုပြီး နမခထဲ ပို့ဆောင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ထမင်းမကျွေးနိုင်တဲ့အတွက် နမခထဲကို ပို့ဆောင်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ရာမညမွန်တပ်တော်၏ အခြေခံစစ်သင်တန်း အပတ်စဥ် (၄) သင်တန်းဆင်းပွဲကျင်းပ 

မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (RMA) ရဲ့  အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ဗန်းမော်လေဆိပ်တစ်ခုလုံးကို KIA တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်း အများအပြားရရှိ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း ဗန်းမော်လေယာဉ်ကွင်းတစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် - KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့ ကျော်ဝင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်းတို့ကို အာဏာသိမ်းစစ်တပ် ထောင်ဒဏ် ၇ စီ ချမှတ်

စစ်ကော်မရှင်က မတရားသဖြင့် ပြဌာန်းထားတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေနဲ့ အရေးယူခံထားရတဲ့ ဒါရိုက်တာ မိုက်တီး၊ ဟာသ သရုပ်ဆောင် အုန်းဒိုင်းနဲ့ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို ထောင်ဒဏ် ၇ စီ ချမှတ်လိုက်တယ်လို့ အနုပညာအသိုင်းအဝိုင်းနဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။
Read More

ရွှေဘိုတွင် ပြည်သူ့ကာကွယ်ရေးတပ်များ ပိတ်ဆို့ တိုက်ခိုက်နေသည့် ရွာ ၂ ရွာမှ ပျူစောထီးများ စခန်းစွန့်ခွါထွက်ပြေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အငတ်ဘေးကြုံံနေရတဲ့ ညောင်ကိုင်း နဲ့ တည်သီးတောရွာတွေအတွင်းက ပျူစောထီးတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီဖြစ်တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ ကိုဗလကြီးက မောင်းကို ပြောပါတယ်။