ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) နဲ့ တောင်ငူ (ကေတုမတီ) လေတပ်ကို ရှော့တိုက်ဒုံးများနဲ့တိုက်ခိုက်မှုအတွင်း လေတပ်ရဲမေအရာရှိ ၂ ယောက် အပါအဝင် အရာရှိ ၃ ယောက်နဲ့ စစ်သား ၈ ယောက် သေဆုံးပြီး တိုင်းရုံးစစ်ဦးစီးဌာနနဲ့ လေယာဉ်သိုလှောင်ရုံစခန်းတွေ ပျက်စီးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက် တစ်ရက်တည်းမှာပဲ BWM နဲ့ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ MKCDF၊ ACPLF နဲ့ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့က တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) နဲ့ ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၄ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့လို့၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု များပြားခဲ့တာ ဖြစ်ပါတယ်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ရှိ တိုင်းရုံးစစ်ဦးဌာနရှိတဲ့ အဆောက်အဦးဘက်အခြမ်း ထိခိုက်ပျက်စီးခဲ့ပြီး တိုင်းငွေစာရင်းရုံး ထိခိုက်ပျက်စီးခဲ့ကာ စခန်းရုံးနေရာအချို့ ထိခိုက်ပျက်စီးခဲ့သလို လေတပ်အရာခံဗိုလ်နဲ့ တပ်ကြပ်ကြီးလိုင်းခန်းနေအိမ် ၂ လုံး၊ အရာရှိလိုင်းခန်း နေအိမ် ၂ လုံးနဲ့ လေတပ်သုံးမော်တော်ယာဉ် ၂ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တပခ က လေတပ်ရဲမေ ၂ ယောက် အပါအဝင် လေတပ်အရာရှိ ၃ ယောက်နဲ့ အခြားအဆင့်စစ်သည် ၈ ယောက် စုစုပေါင်း ၁၁ဦး သေဆုံးခဲ့ကာ အရာရှိ ၅ ယောက်နဲ့ အခြားအဆင့်စစ်သည် ၁၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ BWM က ဆိုပါတယ်။

တောင်ငူ (ကေတုမတီ) လေတပ်မှာတော့ လေတပ်အတွင်းရှိ လေယာဉ်သိုလှောင်ရုံ အဆောက်အဦးအပါအဝင် အဆောက်အဦး ၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး၊ စစ်ကောင်စီတပ်က အရာရှိတွေနဲ့ စစ်သားတွေ သေဆုံးထိခိုက်တာတွေ ရှိပေမယ့် စစ်ကောင်စီရဲ့ သတင်းဖုံးဖိမှုတွေနဲ့ တားမြစ်ကန့်သတ်မှုတွေ ရှိနေတဲ့အတွက် ထိခိုက်သေဆုံးမှု ကိန်းဂဏန်းအချက်အလက်ကို အတိအကျ မဖော်ပြနိုင်ကြောင်း BWM က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်းစစ်ဌာနလက်အောက် ပထမဆုံး ဖွဲ့စည်းခဲ့သည့် တပ်ရင်း ၅၁၀၁ ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်ပြီ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန​ရဲ့ လမ်းညွှန်မှုအောက်မှာ ဖွဲ့စည်းထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာန​ရဲ့ ပထမဆုံးတပ်ရင်း ဖြစ်တဲ့ ရန်ကုန်တပ်ရင်း ၅၁၀၁ ဖွဲ့စည်းတည်ထောင်တာ ၂ နှစ်ပြည့်ပြီဖြစ်တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ကျွန်းလှမှာ စစ်အုပ်စုတပ်စွဲနေတဲ့ မဒေါက်ရွာကို တော်လှန်ရေးတပ်တွေ ပြန်လည်တိုက်ခိုက်သိမ်းပိုက်…

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ တပ်စွဲနေထိုင်တဲ့ မဒေါင်ရွာကို တော်လှန်ရေးတပ်တွေက ပြန်လည်တိုက်ယူပြီး လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရမိခဲ့တယ်လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဝက်လက်အနောက်ခြမ်းတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းများခွဲထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းတွေ ခွဲထိုးရင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေသလို အရပ်သား အယောက် ၄၀ နီးပါးကိုလည်း ဓားစာခံလုပ် ဖမ်းဆီးထားတယ်လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နောင်ချိုမြို့နယ် သုံးဆယ်ရွာကို တစ်ရက်အတွင်း စစ်ကောင်စီ ဗုံး ၁၁လုံး ကြဲချ၊ အမျိုးသား ၃ဦး သေဆုံး

ပြီးခဲ့တဲ့ ဇွန်လ ၂၉ရက်နေ့တုန်းကလည်း ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချခဲ့တဲ့အတွက် ပြည်သူ ၆ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၄ လုံး၊ စာသင်ကျောင်း ၁ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၂ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
Read More

စစ်ကောင်စီ၊ စစ်မှုထမ်းအပတ်စဥ် (၈) သင်တန်းဆင်း၊ တပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီတပ်၊ ခမရ (၄၃၁) မှ တပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၃) ထံကို အလင်းဝင်ရောက် လာတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

ဖားဆောင်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီတပ်ပေါင်းစု တရားဝင်ထုတ်ပြန်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၃၄ တပ်ရင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က မနေ့ကညပိုင်းမှာ တရားဝင်ထုတ်ပြန်ပါတယ်။