မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

မေလ ၃ ရက် ဒီနေ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တံတားဦးလေတပ်မှ တက်လာတဲ့ K8 W ဂျက်ဖိုက်တာတစ်စီးက မတ္တရာမြို့နယ် အနောက်ခြမ်း၊ ရွာတန်းရှည်ကျေးရွာ စာသင်ကျောင်းအတွင်း ကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရတာပါ။

လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် နွား ၃ ကောင်ထိမှန်ဒဏ်ရာရရှိကာ ၁ ကောင်သေဆုံးပြီး စာသင်ကျောင်းဆောင် ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ က ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ဝေးရာမှာ နေထိုင်ဖို့နဲ့ လေကြောင်းရန်ကာကွယ်နိုင်ဖို့အတွက် ပုန်းခိုကျင်းတွေ တူးထားဖို့ ပြင်ဦးလွင်ခရိုင် ပကဖ က တိုက်တွန်းထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

SSRY တပ်ခွဲ ၃ – Zarmani Force က ရဲဘော် ၁ ယောက် ကရင်နီပြည် ရှေ့တန်းတစ်နေရာမှာ ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၈ တပ်ရင်း - Southern Shan Revolution Youth (SSRY)၊ တပ်ခွဲ ၃ - Zarmani Force က ရဲဘော် ၁ ယောက် ကရင်နီပြည် ရှေ့တန်းတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

၄ နှစ်တာအတွင်း စစ်ကောင်စီကို အင်တာနက်ပေါ်မှာ ဝေဖန်မှုကြောင့် အရပ်သားပြည်သူ ၁၈၀၀ ကျော် ဖမ်းဆီးခံခဲ့ရ

စစ်အာဏာသိမ်းမှု သက်တမ်း ၄ နှစ်တာအတွင်း အာဏာသိမ်းစစ်တပ်ကို လူမှုကွန်ယက်ပေါ်မှာ ဝေဖန်ပြောဆိုခဲ့တဲ့ အရပ်သားပြည်သူ ၁၈၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း Data For Myanmar က အသိပေးထုတ်ပြန်ပါတယ်။
Read More

၂၀၂၁ စစ်အာဏာသိမ်းမှုမှာ သမိုင်းတရားခံတစ်ဦးအဖြစ် ပါဝင်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေ  သေပြီ

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ အမှတ် (၂) စစ်ဆေးရုံ ခုတင် (၁၀၀၀) မှာ တကယ်သေဆုံးသွားပြီဖြစ်တယ်လို့ မင်းအောင်လှိုင်ရဲ့ ကာလုံက ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည့် စစ်ဘေးရှောင်များကို စလင်း ပကဖ သွားရောက်ကူညီ

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီကြောင့် နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သွားရောက်ကူညီ ထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

ဆောမှာ စစ်ရှောင်စခန်းတစ်ခုက သားအမိနှစ်ယောက် တောင်ကျချောင်းရေနဲ့အတူ မျောပါသေဆုံး၊ရေတိုက်စားသွားလို့ ပိတ်ထားရတဲ့လမ်းပိုင်းကို တစ်ရက်တည်း ဝိုင်းဝန်းပြုပြင်ခဲ့ကြ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ တောင်ကျချောင်း​ရေထိုးကျပြီး စစ်ရှောင်စခန်းနေ သားအမိ ၂ယောက် ရေထဲမျောပါသေဆုံးခဲ့သလို လက်ရှိမှာ ကလေးအလောင်းကိုသာ ပြန်လည်ရှာတွေ့ထားတယ်လို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

ညောင်ဦးမှာ အကြမ်းဖက်စစ်တပ်က ရာနဲ့ချီတဲ့ လူတွေကို ဖမ်းပြီး စစ်မြေပြင်ဆီ အတင်းအကျပ်ပို့ဆောင်နေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အရပ်သားလူငယ်တွေကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်ရင်း မြို့ပေါ်မှာ ရမ်းကားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။