လူသားချင်းစာနာမှုလုပ်ငန်းတွေကို အထူးသဖြင့် ငလျင်ဒဏ်သင့်နေရာတွေမှာ လုံခြုံဘေးကင်းပြီး အဟန့်အတားမရှိ လုပ်ကိုင်နိုင်ဖို့အတွက် ဗုဒ္ဓဟူးနေ့က သက်တမ်းကုန်သွားခဲ့တဲ့ မြန်မာပြည်ရဲ့ လက်ရှိ အပစ်အခတ်ရပ်စဲရေးကို ထပ်မံ တိုးချဲ့ဖို့နဲ့ သက်တမ်းတိုးဖို့ မလေးရှားက တောင်းဆိုလိုက်ပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ စစ်ကောင်စီကိုရော၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုပါ အပစ်အခတ်ရပ်စဲရေး ဆက်လက်ထားရှိဖို့၊ တိုးချဲ့ဖို့ တောင်းဆိုထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

“ရှိပြီးသား အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းရုံသာမက တနိုင်ငံလုံးရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအထိ တိုးချဲ့သွားဖို့ လိုတယ်” လို့ ဆိုထားတာပါ။

“နိုင်ငံတဝှမ်းမှာ လုံခြုံဘေးကင်းပြီး မခွဲမခြားဘဲ ထိရောက်တဲ့ လူသားချင်းစာနာမှုလုပ်ငန်းတွေ လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်အောင်သာမက မြေပြင်မှာ အလုပ်လုပ်နေတဲ့ လူသားချင်းစာနာမှုနဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့တွေရဲ့ လုံခြုံဘေးကင်းရေးအတွက် ကျယ်ပြန့်တဲ့ လူသားချင်းစာနာမှု အပစ်အခတ်ရပ်စဲရေးက မရှိမဖြစ် လိုအပ်ပါတယ်” လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။

မြန်မာ့အရေး သက်ဆိုင်သူတွေနဲ့ တွေ့ဆုံမှုတွေမှာ အန်ဝါရော၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတွေပါ ဒီကိစ္စကို အစဉ် တိုက်တွန်းပြောဆိုနေတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်

“ဒီလအစောပိုင်း ဘန်ကောက်မှာလုပ်တဲ့ ဆွေးနွေးပွဲတွေမှာ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်ထားရှိဖို့ အသင့်ဖြစ်တဲ့အကြောင်း ပြောဆိုကြတယ်လို့ ဝန်ကြီးချုပ်က အတည်ပြုထားပါတယ်။”

နိုင်ငံအနှံ့ အာဏာသိမ်းစစ်ကောင်စီဟာ တရုတ်ဖိအားကိုသုံးပြီး မြောက်ပိုင်းအဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးတွေ ခဏခဏ လုပ်ဆောင်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ချိုးဖောက်လေ့ရှိတာဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် မြေငလျင် လှုပ်ပြီးနောက်ပိုင်း အာဆီယံအပါအဝင် နိုင်ငံတကာကို မျက်နှာချိုသွေးဖို့အတွက် စစ်ကောင်စီဟာ အတုအယောင် အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပြီးနောက်ပိုင်းမှာလည်း လက်နက်ကြီးနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေကို နေ့စဉ်ရက်ဆက် ဆက်တိုက်ကျူးလွန်နေဆဲဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဧပြီလ ၂ရက်ကနေ ၃၀ ရက်အထိ ယာယီအပစ်ရပ် ကြေညာခဲ့ပြီး ထပ်မံသက်တမ်းတိုးခြင်း မရှိသေးပေမယ့် MNDAA ၊ TNLA နဲ့ AA တို့ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကတော့ ငလျင်ဒဏ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ခုခံစစ်ကလွဲပြီး တစ်ဖက်သတ် အပစ်ရပ်ကာလ တစ်လ ထပ်မံ သက်တမ်းတိုးကြောင်း မနေ့က မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

မူရင်း သတင်း – Malaysia Urges Extension Of Myanmar Ceasefire

0 Shares:
You May Also Like
Read More

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကိုရီးယားရောက် မြန်မာများ တွေ့ဆုံ၊ တော်လှန်ရေးကို NUG ပြတ်ပြတ်သားသား ဦးဆောင်ရန် လူထုက တိုက်တွန်းကြောင်း ထုတ်ပြန်

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ တွေ့ဆုံခဲ့ကြပြီး NUG အနေနဲ့ တော်လှန်ရေးကို ပြတ်ပြတ်သားသား ဦးဆောင်ဖို့ လူထုက တိုက်တွန်းခဲ့‌ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

တန်ဖိုးကြီး နာရီတွေ၊ အိတ်တွေအပါအဝင် ဒေါ်လာ သန်း ၄၀၀ ကျော်ကို ပိုင်ဆိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် ကြေညာ

ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်က သူမရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကျော်ရှိကြောင်း သောကြာနေ့က ကြေညာခဲ့တယ်လို့ သူမရဲ့ပါတီကပြောပါတယ်။
Read More

မြန်မာငါးဖမ်းလှေတစ်စီး ထိုင်းရေပိုင်နက်အတွင်း ဖမ်းဆီးခံရ

လူ ၆ ယောက် လိုက်ပါလာပြီး ပုစွန်ငါးပိ ကီလို ၄၀၀၀ တင်ဆောင်လာတဲ့ မြန်မာငါးဖမ်းလှေတစ်စီးကို ထိုင်းနိုင်ငံတောင်ပိုင်းမှာ ထိုင်းရေတပ်က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
Read More

မြန်မာ့အရေး အစည်းအဝေးနှစ်ခု လာမယ့်အပတ်ထဲ ကျင်းပမည်ဟု အာဆီယံ ပြော

အာဆီယံအနေနဲ့ လာမယ့်သီတင်းပတ်မှာ ပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးမတိုင်မီ မြန်မာ့အရေး အထူးအစည်းအဝေးနှစ်ခု ကျင်းပသွားမှာဖြစ်ကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
Read More

အသက်မပြည့်သေးသူ ဂျပန်အမျိုးသားတစ်ဦး ငွေလိမ်ဂိုဏ်းတွေကနေ လွတ်မြောက်လာ၊ ငွေလိမ်ဂိုဏ်းတွေမှာ ဂျပန် ၁၀ ဦးကျော် ပိတ်မိနေဟုပြော

ထိုင်း-မြန်မာနယ်စပ် ငွေလိမ်ဂိုဏ်းတွေမှာ အတင်းအကျပ် လုပ်အားပေးစေခိုင်းခံရတဲ့ အသက် ၁၆ နှစ်အရွယ် ဂျပန်အမျိုးသားတစ်ယောက် ပြန်လည်လွတ်မြောက်လာပါတယ်။
Read More

အပစ်ရပ်ထားသည့် စစ်ကောင်စီ နိုင်ငံတဝန်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေဟု ကုလ ထုတ်ပြန်

အပစ်ရပ်ထားတဲ့ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ တိုက်ခိုက်မှုတွေကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးရုံးက အသိပေးထုတ်ပြန်ပါတယ်။