တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ မဖြစ်စေသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ပြုလုပ်တဲ့ NUG အစိုးရရဲ့ ၁၃ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ ပြောကြားလိုက်ပါတယ်။

“တရုတ်ရဲ့ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မဖြစ်စေသင့်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အပါအဝင် တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေအနေနဲ့လည်း တရုတ်ရဲ့ ကြားဝင်ဖျန်ဖြေမှုတွေနဲ့ ပတ်သက်ပြီး၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ မူတွေအပေါ်မှာ အခြေခံဖို့ ကျွန်တော်တို့အားလုံး တိုက်တွန်းနှိုးဆော် သင့်တယ်လို့ ယူဆပါတယ်။” လို့ ယာယီသမ္မတက ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ယာယီသမ္မတက တရုတ်နိုင်ငံဘက်ကနေ NUG အစိုးရအဖွဲ့အပေါ် အမြင်တချို့ကို ပြန်လည်တည့်မတ်ပေးဖို့လိုပြီး တရုတ်အနေနဲ့ NUG အစိုးရအပေါ်မှာ ထင်ကြေးအမျိုးမျိုးနဲ့ ချဥ်းကပ်ထင်မြင်နေတာ ကြာပြီဖြစ်သလို NUG အစိုးရအဖွဲ့အနေနဲ့ ဒီအချက်ကို လေးနက်စွာ ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်လို့ ပြောကြားထားပါတယ်။

NUG အစိုးရအဖွဲ့ဟာ တရုတ်ရဲ့ ရန်သူ မဟုတ်သလို တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့်အဖွဲ့မဟုတ်ဘူး ဆိုတာ တိတိကျကျ ထုတ်ဖော်ပြောဆိုနိုင်ဖို့ လိုသလို တရုတ်နဲ့ ပတ်သက်ရင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို အခြေခံတဲ့ နိုင်ငံခြားရေးသဘောထား ရှိတယ်လို့ NUG ယာယီသမ္မတက ပြောကြားထားပါတယ်။

NUG အစိုးရအဖွဲ့ဟာ တရုတ်ရဲ့ ရန်ဘက်အင်အားစုတစ်ခု မဟုတ်တာကြောင့် မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေနဲ့ ပတ်သက်ရင်လည်း NUG အစိုးရဟာ တရုတ်အတွက် ဆူးညှောင့်ခလုတ်အဖြစ် ရှိနေမှာမဟုတ်ဘဲ မိတ်ဖက်အနေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတာကို တရုတ်နိုင်ငံကို သတင်းစကားပါးသင့်ကြောင်း ယာယီသမ္မတဒူဝါလရှီးလက ပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

အခက်အခဲတွေကြားက ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ရဲ့ အပတ်စဉ် ၂ စစ်သင်တန်း ပြီးဆုံးခဲ့ပြီ

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က စစ်အာဏာရှင်တွေကို တွန်းလှန်တိုက်ခိုက်ချင်သူတွေကို ရဲဘော်သစ်တွေအဖြစ် လက်ခံကာ စစ်သင်တန်းပို့ချပေးနေတာ ဖြစ်ပါတယ်။
Read More

တောင်ကြီးတွင် ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေကြောင့် အမျိုးသား ၁ ဦး ထောင် ၇ နှစ် ချမှတ်ခံရ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ကာကွယ်ပေးရေး ဥပဒေကြောင့် ဖမ်းဆီးစစ်ဆေးခံရတဲ့ အမျိုးသားကို အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ 
Read More

ကလေးတောင်ပိုင်းတွင် ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်သား ၂၇ ဦး သေဆုံးပြီး လက်နက် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သား ၂၇ ယောက် သေဆုံးပြီး လက်နက် ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Chinland Information Center က သတင်းဖော်ပြထားပါတယ်။
Read More

စစ်လက်နက် အသုံးအဆောင်ပစ္စည်းများ အရည်အသွေးမြင့်အောင် ထုတ်လုပ်ရန် မင်းအောင်လှိုင် မှာကြား 

လက်ရှိအသုံးပြုနေတဲ့ စစ်လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို အရည်အသွေးမြင့်အောင် ထုတ်လုပ်ဖို့ ကြိုးစားရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

နတ်ရေကန် ဗျူဟာကုန်း ကာကင်းစခန်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်၏ စျာပန အမိန့်ပြန်တမ်း CDF-Asho ထုတ်ပြန်

မကွေးတိုင်း၊ ငဖဲမြို့နယ်အနောက်ခြမ်းက နတ်ရေကန် ကာကင်းစခန်းတိုက်ပွဲမှာ တပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ကြောင်း Chin Defense Force (Asho) က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ခမရ ၁၁၉ မှာ တာဝန်ကျကာ အလင်းဝင်လိုသည့် စစ်မှုထမ်းတပ်သားကို Burma Revolution Rangers အဖွဲ့ သွားရောက်ကယ်ထုတ်ပေးခဲ့

စစ်မှုထမ်းတပ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံရပြီး မန္တလေးတိုင်း ပုသိမ်ကြီးမြို့အခြေစိုက် ခမရ ၁၁၉မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ ယောက်ကို သွားရောက်ကူညီ ခေါ်ဆောင်ပေးခဲ့ရကြောင်း Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။