ပဲခူးတိုင်း၊ တောင်ငူမြို့နယ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီနေ့ဧပြီ ၃၀ ရက် မနက်ပိုင်းမှာ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။

ရှော့တိုက်ဒုံး ၈ လုံးစလုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

တောင်ပိုင်းတိုင်းစစ်ဌာချုပ်(တပခ)ဟာ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်မြောက်ဘက်ဒေသတွေနဲ့ ဆက်စပ်နေတဲ့ ဒေသတွေရှိ တော်လှန်ရေးအင်အားစုတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို အမိန့်ပေးကွပ်ကဲနေတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်တယ်လို့ BWM က ဆိုပါတယ်။

ဒါ့အပြင် ငလျင်ဒဏ်ကြောင့် ဌာနဆိုင်ရာအဆောက်အအုံတွေ ပြိုကျပျက်စီးသွားတဲ့ နေပြည်တော် စစ်ကောင်စီစစ်ရုံးချုပ်နဲ့ နေပြည်တော် တိုင်းစစ်ဌာနချုပ်ရုံးတို့က စစ်ကောင်စီအကြီးအကဲတွေ လာရောက်ရုံးထိုင်နေတာကြောင့် တိုင်းပြည်ကို ဒုက္ခပေးဖို့ အမိန့်ပေးကွပ်ကဲရာ စစ်ဌာနချုပ်ဖြစ်တဲ့အတွက် အခုလို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

KNLA တပ်ရင်း ၇ နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ယာလာ့ပွာစခန်းကို တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

KNU ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ KNLA တပ်မဟာ(၃)နယ်မြေ၊ KNLA တပ်ရင်း(၇) နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ယာလာ့ပွာစခန်းကို ဧပြီ ၇ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

တောင်သာမြို့နယ် ဇဂျမ်းဂိတ်အား တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၃ ယောက်သေပြီး ဂိတ်စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်အနောက်အထွက်ရှိ အကြမ်းဖက်ကောင်စီတပ်သား အင်အား ၅၀ ခန့်နဲ့ တပ်စွဲထားတဲ့ ဇဂျမ်းဂိတ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ ထံက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၇ ဦး သေပြီး သံပြားကာယာဉ် ၂ စီးကို ဖျက်ဆီးနိုင်ခဲ့သည့် တိုက်ပွဲမှတ်တမ်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ထွက်လာတဲ့ စစ်တပ်သံပြားကာယာဉ် ၂ စီးကို မုံရွာ-မန္တလေးလမ်းပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် သား ၁၇ ယောက်ကို ရှင်းလင်းကာ စစ်ယာဉ် ၂ စီးကို ဖျက်ဆီးနိုင်ခဲ့တဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ 
Read More

လှည်းတန်းစျေးအနီးမှာ အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြ (ရုပ်/သံ)

ရန်ကုန်မြို့ရဲ့ လူစည်းကားရာနေရာဖြစ်တဲ့ လှည်းတန်းစျေးအနီးမှာ အကြမ်းဖက်စစ်တပ်က ပြုလုပ် မယ့် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး Bluetooth ဖြင့် ချိတ်ဆက်ထားတဲ့ Speaker Box အသုံးပြုပြီး ဆန္ဒပြခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါလှုပ်ရှားမှုကို ဒီဇင်ဘာ ၇ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း၊ CDM စီစဉ်တင်ဆက်သူ ကိုကျော်သက်လင်းတိုရဲ့ ပြောစကားတွေကို Speaker ဖြင့် ဖွင့်ပြီး ဆန္ဒပြ ခဲ့ပါတယ်။
Read More

မြဝတီမြို့နယ်အတွင်း အမြင့်ဆုံးတောင်ကုန်းပေါ်ရှိ ဘုရင့်နောင် စစ်ကောင်စီတပ်စခန်းကုန်းကို နာရီပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ စစ်‌ကောင်စီရဲ့ ဘုရင့်နောင်စစ်တပ် စခန်းကုန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ AEC ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်အတူ ပြန်လာသည့် ကသာခရိုင်အမှတ် ၂ တပ်ရင်း ရဲဘော်များ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ပြီး အောင်ပွဲနဲ့အတူ ပြန်လာကြတဲ့ ကသာခရိုင်အမှတ် ၂ တပ်ရင်းရဲဘော်တွေကို ပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။