မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ( ၁၀၁ )လက်အောက်ခံ ခလရ ၂၅၅ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

စလင်းမြို့နယ်အခြေစိုက် ခလရ ၂၅၅ တပ်ရင်းက စစ်မှုထမ်း အပတ်စဥ် (၈) သင်တန်းဆင်း စစ်ကောင်စီတပ်သား ကိုစိုင်းစိုင်းဟာ မင်းဘူးခရိုင် တပ်ရင်း ၅ ဆီ လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်သားဟာ အမရပူရ မြို့နယ်မှာ မတရားသဖြင့် စစ်မှုထမ်း စုဆောင်းခံရပြီး ဟိုပင်မြို့နယ်မှာ စစ်သင်တန်း ၆လ တက်ရောက်ခဲ့ပြီးနောက် စလင်း တပ်ရင်း ခလရ- ၂၅၅ မှာ တာဝန်ထမ်းဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ကိုစိုင်းစိုင်းဟာ စစ်ကောင်စီ တပ်အတွင်း အနိုင်ကျင့်ဗိုလ်ကျမှု၊ မတရားသဖြင့် နှိပ်စက်ညှဥ်းပန်းမှုတွေ၊ မိမိဆန္ဒနဲ့မဟုတ်ဘဲ စစ်မှုထမ်း စုဆောင်းခံရတာတွေကြောင့် လွတ်မြောက်အောင် ထွက်ပြေးလာကာ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းဆီ အလင်းဝင်ရောက် ခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။

ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း မိမိဆန္ဒနဲ့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းဆီ ဝင်ရောက် ခိုလှုံရင် လက်ခံဆောင်ရွက်ပေးမှာဖြစ်ပြီး လက်နက်ပါ ယူဆောင်ခဲ့ရင် ထိုက်တန်တဲ့ ဆုကြေးငွေ ပေးအပ်ကာ အေးချမ်းစွာ နေထိုင်နိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက ပြည်သူ​တွေရဲ့အ​ထောက်အပံ့နဲ့ သင်တန်းဆင်း ရဲ​ဘော်​တွေကို ယူနီဖောင်း ဆင်ပေးခဲ့…

တော်လှန်ပြည်သူ​တွေရဲ့ အ​ထောက်အပံ့နဲ့ စစ်သင်တန်းဆင်းမယ့် ရဲ​ဘော်​တွေကို ယူနီဖောင်းဝတ်စုံ ဆင်ပေးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းတွင် စစ်အုပ်စု အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုး​ ဝင်ရောက်နေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် ​အရပ်သားတွေစိုးရိမ်တကြီး တိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

ရှမ်းကျောင်း ဆရာတော်နှင့် ကပ္ပိယ အသတ်ခံရတဲ့ဖြစ်စဉ် အမှန်တရားပေါ်ပေါက်ရေး၊ တရားမျှတမှုရှိရေးအတွက် ရှမ်းအရပ်ဘက်အဖွဲ့များ တောင်းဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ ရှမ်းဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဇင်းပိန် (ခေါ်) ဦးဓမ္မသာရနဲ့ ကပ္ပိယ စိုင်းဘီး (ခေါ်) အိုက်ပီးတို့ အသတ်ခံရမှုအတွက် ရှမ်းအရပ်ဘက်အဖွဲ့အစည်းတွေက အမှုမှန်ပေါ်ပေါက်ဖို့၊ တရားမျှတမှု ရရှိဖို့ လိုလားနေကြပါတယ်။
Read More

ချောက်တွင် ပေါ်တာဆွဲခံရသည့် ကိုရီးယားဘာသာစကားသင်တန်းကျောင်းမှ လူငယ်များအား စစ်တပ်မှ ငွေကျပ်သိန်း ၇၀ အထိ တောင်းပြီး ပြန်လွှတ်…

"ဖမ်းဆီးခံရတဲ့လူငယ် ၁၃ယောက်မှာ (စက်တင်ဘာလ) ၄ ရက်နေ့ ညနေပိုင်းက ၉ ယောက် ပြန်လွတ်လာတယ်။ ၅ ရက်နေ့ နေ့လည်ပိုင်းကျ ၄ယောက် ပြန်လွတ်လာတယ်တယ် ။ လူငယ်တွေကို သူတို့မိဘတွေက ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ ခံဝန်ကတိတွေ ထိုးပြီး ငွေကျပ်သိန်း ၆၀၊ ၇၀နဲ့ သွားရောက်ရွေးခဲ့ရပါတယ်။ မိဘတွေမှာ ရှာကြံ ချေးငှားပေးရတာပေါ့။" လို့ ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၃)ကြိမ်လာရောက်ပြီး ဗုံး(၆)လုံး ကြဲချတိုက်ခိုက်၊ ဒေသခံ(၃)ဦးသေဆုံး၊ (၆)ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ (၃)ကြိမ် လာရောက်ပြီး ဗုံး(၆)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၃) ယောက် သေဆုံးပြီး (၆) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည့် ကနေဒါနဲ့ ဆွစ်ဇာလန်တို့ကို ကြိုဆို အသိအမှတ်ပြုကြောင်း NUG ပြော

အာဏာသိမ်း စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ပေးခဲ့တဲ့ ကနေဒါနိုင်ငံနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြိုဆိုအသိအမှတ်ပြုကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။