စစ်ကိုင်းတိုင်း၊ မုံရွာက ခိုးသန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံခဲ့ရပြီး ၃ ယောက် သေဆုံးကာ ၇ယောက် ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။

နေအိမ်တစ်ထောင်ကျော် နီးပါး မီးရှို့ဖျက်ဆီးခံထားရတဲ့ မုံရွာမြို့နယ်၊ ခိုးသန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အင်အား ၂၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ မနက်ပိုင်းက ခိုးသန်းရွာ အဝင်တနေရာမှာ တိုက်ခိုက်ခဲ့တာလို့လည်း ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဦးဆောင်မှုနဲ့ တိုက်နယ်(၅)ပကဖ၊ Tribal Force ၊Black Flacon ၊God Of Monywa ၊Golden Eagle ၊ Sun King Envoy ၊God of Snake ၊ယက္ခ ၊ မုံရွာခရိုင်တပ်ရင်း ၁ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် မင်းနေကုန်း‌ကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီ ၂ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ - မြင်းခြံ ထံက သိရပါတယ်။
Read More

ကရင်ပြည်နယ် ထော်မူပလယ်မဲစစ်စခန်းအား ဒရုန်းစစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ကရင်ပြည်နယ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အမှတ် ၅ တပ်မဟာ စစ်ဆင်ရေးနယ်မြေအတွင်းရှိ စစ်ကောင်စီရဲ့ ထောက်မူပလယ်မဲစစ်စခန်းအား ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Rebel Bees-UAV Force က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ဝက်လက်မြို့ရဲစခန်းနဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့ ရဲစခန်းနဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို နိုဝင်ဘာ ၂၄ ရက်က ဒရုန်းနဲ့ ၆၀ မမ ဗုံးသီး ၄ လုံးနဲ့ ၈၁ မမ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့ထံက သိရပါ တယ်။
Read More

တော်လှန်ရေးစတင်ကတည်းက စွဲကိုင်လာတဲ့ CDM နဲ့ ဘူးသပိတ်လှုပ်ရှားမှုကို အရှိန်တင်ဖို့ လိုအပ်နေပြီလို့ ဒေါက်တာ တေဇာစန်း ပြောကြား (ရုပ်/သံ)

မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း ပြည်သူတွေက လူထုသပိတ်တိုက်ပွဲပြုလုပ်ခဲ့ကြတယ်လို့  ဒေါက်တာတေဇာစန်းက လူမှုကွန်ရက်ကနေ အသိပေးပြောကြားလာပါတယ်။
Read More

ပခုက္ကူမှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ကားကို မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၂ ဦး လွတ်မြောက်လာ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ မိတ္ထီလာတပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇၊ ၄၁၈၊ ၄၁၉ စစ်ကြောင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ပြောက်ကျားမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မြိုင်မြို့နယ်အစပ်မှာ ထိတွေ့တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကော်မရှင်တပ် ဝင်ဖမ်းမည့်သတင်းကြောင့် KK Park ရှိ ကျားဖြန့် အများအပြား ထွက်ပြေးတိမ်းရှောင် (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့ရှိ KK Park အတွင်းရှိ ကျားဖြန့်တွေကို ဖမ်းဆီးဖို့ စစ်ကော်မရှင်တပ်တွေ ရောက်ရှိလာတာကြောင့် ကျားဖြန့်အလုပ်ဆိုက်ထဲက နိုင်ငံခြားသားတွေအပါအဝင် လူအများအပြား ထွက်ပြေးတိမ်းရှောင်နေပြီဖြစ်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။