ဗန်းမော်အခြေစိုက် စစ်ကောင်စီ စကခ ၂၁ ရဲ့ ကာကင်းစခန်း ၅ ခုထက်မနည်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) ကာကင်းစခန်းတွေကို မနေ့က(ဧပြီ ၂၆ရက်) မနက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီကလည်း လေယာဉ်၊ ဒရုန်းတွေနဲ့ ဗုံးကြဲခုခံတိုက်ခိုက်တာကြောင့် နှစ်ဖက် စစ်သားတွေ အထိအခိုက်ရှိပြီး ပြည်သူတွေနဲ့‌ နေအိမ်အချို့လည်း ထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

လနဲ့ ချီကြာမြင့်နေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ဧပြီလ ၂၀ ရက်နောက်ပိုင်းက စတင်ကာ တိုက်ပွဲတွေပြန်လည်ပြင်းထန်လာပြီး စစ်ကောင်စီဘက်က မြို့ကို မကျစေဖို့ လေကြောင်းကနေ အပြင်းအထန် ခုခံနေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေက ပြင်းထန်နေတာကြောင့် နှစ်ဖက် ထိခိုက်ကျဆုံးမှုလည်း များပြားနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဗန်းမော်မြို့က စစ်ကောင်စီရဲ့ ကာကင်းစခန်းတွေ သိမ်းပိုက်ရရှိမှုနဲ့ ပတ်သက်ပြီး KIA ဘက်ကတော့ တရားဝင် ထုတ်ပြန်ပြောဆိုလာခြင်း မရှိသေးပါဘူး။

(ဓာတ်ပုံ Banmaw Scout Team)

0 Shares:
You May Also Like
Read More

နိုင်ငံကာကွယ်ရေးအတွက် စစ်တပ်ဘတ်ဂျတ်ကို ပိုမိုအသုံးပြုနေရသည်ဟု မတရား အာဏာဖက်တွယ်ထားသည့် မင်းအောင်လှိုင် ပြော

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကာကွယ်ရေးအတွက် ဘတ်ဂျက် ပိုမိုအသုံးပြုနေရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံပြောကြားလိုက်ပါတယ်။
Read More

KIA ပစ်ချလိုက်သည့် စစ်ကောင်စီ ရဟတ်ယာဉ်တွင် အိန္ဒိယနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ တပ်ဆင်ထား

အခုရက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်မှာ အိန္ဒိယနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းတွေ တပ်ဆင်ထားတာကို တွေ့ရတယ်လို့ စစ်ကောင်စီထံကနေ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်တွေအကြောင်း မျှဝေလေ့ရှိတဲ့ Tactical Raptor 2.0 ကနေ ဖော်ပြလာပါတယ်။
Read More

အကျအဆုံးများစွာ ရင်ဆိုင်နေရသည့် စစ်တပ် ပြည်သူကို ပိုမို ဦးတည်တိုက်ခိုက်လာဟု AA ပြော၊ ပြည်သူများ စစ်ရေးသတိ အမြဲရှိနေကြဖို့ တိုက်တွန်း

မြေပြင်တိုက်ပွဲတွေမှာ အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေရှိရာ နေရာတွေကို ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပိုမိုလုပ်ဆောင်လာနေတာကြောင့် ပြည်သူတွေ စစ်ရေးသတိ အပြည့်အဝနဲ့ သတိထားနေထိုင်ကြဖို့ အာရက္ခတပ်တော် AA ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်ကောင်စီကြောင့် ဇွန်လအတွင်း အရပ်သား ၃၆ ဦး သေဆုံးခဲ့မှု အတည်ပြုထားနိုင်၊ အတည်မပြုရသေးသည့် သေဆုံးသူ ၅၈ ဦးရှိ

မြန်မာနိုင်ငံတစ်ဝန်း ဇွန်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူစုစုပေါင်း ၃၆ ယောက် သေဆုံးခဲ့တာကို အတည်ပြုထားနိုင်ပြီး နောက်ထပ် သေဆုံးတဲ့ အရပ်သား ၅၈ ယောက်ကို အတည်ပြုဖို့ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်ခရိုင်အတွင်း ဗုံးခိုကျင်းများ ကြိုတင်တူးထားကြဖို့ ခရိုင် (ပ.အ.ဖ) တိုက်တွန်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက မြို့တွေမှာ လေကြောင်းရန်ကာကွယ်ရေးအတွက် ကြိုတင်ပြီး ဗုံးခိုကျင်းတွေ တူးထားကြဖို့ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မြန်မာဟာ သူတစ်ပါးရဲ့ လက်အောက်ခံ နိုင်ငံမဖြစ်ဖို့ အရေးကြီးပြီလို့ တရုတ်နဲ့ရုရှားကို အားကိုးနေရတဲ့ မင်းအောင်လှိုင်က ပြော 

မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် သူတစ်ပါးရဲ့ လက်အောက်ခံနိုင်ငံ မဖြစ်ဖို့ အရေးကြီးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။