အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ယောက်ဟာ စစ်ကောင်စီတပ်နဲ့ အထက်လူကြီးဆိုသူတွေ နှိပ်စက်တာကို မခံနိုင်တာကြောင့် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၁၆ ရက်မှာ PNO ပြည်သူ့စစ် ၁ ယောက်ဟာ PNLA တပ်ဖွဲ့ဆီ လက်နက်နဲ့တကွ ထွက်ပြေးလွတ်မြောက်လာခဲ့တာဖြစ်ပြီး အဆိုပါပြည်သူ့စစ်ဟာ အနှိပ်စက်ခံထားရတာကြောင့် ဒဏ်ရာတွေ ရရှိထားသလို PNLO/PNLA က ဆေးကုသပေးခဲ့တဲ့အပြင် ဆုငွေတွေပါ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ PNO ပြည်သူ့စစ်ရဲ့ ထွက်ဆိုချက်အရ စစ်ကောင်စီတပ်နဲ့ PNOပြည်သူ့စစ်တွေဟာ ကျေးရွာတွေအတွင်းရှိ ပြည်သူတွေပြည်သူတွေရဲ့ စည်းစိမ်ပစ္စည်းတွေကို ခိုးယူ ဓားပြတိုက်ခြင်း၊ လက်အောက်ငယ်သားတွေကို ရိုက်နှက်နှိပ်စက်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။၏

0 Shares:
You May Also Like
Read More

မုံရွာနဲ့ ကလေးက ကျေးရွာတွေကို သုံးရက်တာအတွင်း ဗုံးအလုံးရေ ၂၀၀ ကျော်နဲ့ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်၊ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို အမြန်ဆုံးအရေးယူပေးဖို့ နိုင်ငံတကာနဲ့ ကုလကို NUG ကတောင်းဆို

စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ကလေးမြို့တွေက ကျေးရွာတွေမှာ သုံးရက်အတွင်း ဗုံးအလုံးရေ ၂၀၀ကျော်ကို ကြဲချတိုက်ခိုက်ခဲ့ပြီး  အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရမှုကို နိုင်ငံတကာအနေနဲ့ အမြန်ဆုံးထိရောက်စွာ အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
Read More

ဂန့်ဂေါမှာ စစ်ကောင်စီ စစ်ကြောင်းထိုးပြီး ကလေးငယ် ၄ဦး အပါအဝင် ၁၁ ဦးကို သတ်ခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မရွာကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းပြီး ကလေးငယ် ၄ ယောက် အပါအဝင် ၁၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပေါက်မှာ စစ်ရှောင်သံဃာတစ်ပါးနဲ့ အရပ်သား၂ယောက်ကို စစ်အုပ်စုက ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားတဲ့ သံဃာတော်တစ်ပါးနဲ့ အရပ်သား၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ကျန်တဲ့သူတွေကိုပါ ညှင်းပန်းနှိပ်စက်နေကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

သမိုင်းဝင် ခြံအမှတ် (၅၄) ကို စစ်ကောင်စီ သုံးကြိမ်တိုင် လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူမည့်သူ မရှိသေး

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက သမိုင်းဝင် ခြံအမှတ် (၅၄) နေအိမ်ကို တတိယအကြိမ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရားရုံးက လေလံတင်ရောင်းချခဲ့ပေမယ့် ဝယ်ယူမယ့်သူ မရှိခဲ့ဘူးလို့ သိရပါတယ်။
Read More

အကြမ်းဖက် စစ်ခေါင်းဆောင် မန္တလေးမြို့ကို ရောက်နေချိန် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးမြို့ကို ရောက်ရှိနေချိန် တော်လှန်ပြည်သူတွေက အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ခင်ဦးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးနေရ 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူညီတွေလည်း လိုအပ်နေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။