ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက် မနက် ၁၀ နာရီ ဝန်းကျင်အချိန်မှာ ပေါက်ခေါင်းမြို့နယ်၊ ခြောက်ပင်သစ်တောစိုက်ခင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၇၀ ထဲက အင်အား ၂၀ ခန့်ဟာ ပေါက်ခေါင်း-အုတ်တွင်း အမြန်ကားလမ်းဘေးရှိ ဖြိုးစည်သူဘုရားကုန်းအနီး ကင်းပုန်းဝပ်ဖို့ ထွက်ခွာလာစဉ် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၃ က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“သတင်းကြိုရထားတာပါ။ နောက်ပြီး အဲဒီနေရာတွေက သူတို့ ကင်းပုန်းဝပ်နေကျ နေရာတွေပါ။ တိုက်ခိုက်ပြီးတော့ သူတို့ မဆုတ်သေးပါဘူး…. အဲဒီအနီးနားဝန်းကျင်မှာပဲ အင်အားထပ်တိုးပြီး ရှိနေပါတယ်” လို့ တပ်ရင်း ၃၆၀၂ ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က တပ်သား ၃ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး ၂ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီတပ်သားတွေက လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ရေးအရှိန်မြင့်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲ သတင်းတွေ၊ လေကြောင်းရန် ကာကွယ်ရေး သတိပေးချက်တွေကို လိုက်နာဆောင်ရွက်ပေးဖို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်ခဲယမ်းအချို့နှင့်အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Southern YSO PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဟန်ပြရွေးကောက်ပွဲ အပိုင်း (၁) ကို မြို့နယ် ၁၀၂ ခုမှာ ကျင်းပမယ်လို့ စစ်တပ်သြဇာခံ ရွေးကောက်ပွဲကော်မရှင် ကြေညာ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

တောင်သာမှာ စစ်တပ်က စက်တပ်လေထီးတွေနဲ့ ၂ ရက်ဆက် ဗုံးကြဲမှုကြောင့် ပြည်သူ ၄ ယောက် သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စက်တပ် လေထီးတွေနဲ့ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ - တောင်သာမြို့နယ်ဆီက သိရပါတယ်။
Read More

သီပေါမြို့အဝင် မုခ်ဦးကို သျှမ်းအလံတော်မှ တအန်းအလံသို့ TNLA က ပြောင်းလဲလိုက်မှုအပေါ် ကန့်ကွက်ကြောင်း သျှမ်းကျောင်းသားသမဂ္ဂ ထုတ်ပြန် 

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်က သျှမ်းအလံတော်နဲ့ သျှမ်းဘာသာစကားတို့ပါရှိတဲ့ မြို့အဝင် မုခ်ဦးကို တအန်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က တအန်းအမျိုးသားအလံ ပုံစံနဲ့အရောင်တို့ကို အစားထိုးပြီး သျှမ်းစာရေးထိုးထားတာတွေကို ဖျက်ဆီးထားမှုအပေါ် ကန့်ကွက်ကြောင်း သျှမ်းကျောင်းသားသမဂ္ဂက ထုတ်ပြန်လာပါတယ်။  
Read More

ဒူးပလာယာခရိုင်မှာ ကော်သူးလေ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနား ကျင်းပ…

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒူးပလာယာခရိုင်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာနက ဦးဆောင်ပြီး ကော်သူးလေ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနားကို နိုဝင်ဘာလ (၂၁) ရက်မှာ ကျေးရွာတွေနဲ့ ဌာနတွေက စုစုပေါင်း လူဦးရေ (၁၂၀) ဝန်းကျင်နဲ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

ပျူစောထီးရွာကို ပို့ဆောင်မယ့် ရိက္ခာကားကို PDF က ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့

မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို ရိက္ခာပို့ဆောင်ပေးသူများကို PDF တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနောက်ပိုင်းဇုံက ထုတ်ပြန်ပါတယ်။