ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၄ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း Fire Dragon PDF (မီးနဂါးစစ်ကြောင်း) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဧ​ပြီလ၂၀ရက် မနက်အစောပိုင်းက ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်း ကျေးရွာအတွင်းကို လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းပစ်ကူတို့သုံးပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ မီးနဂါးစစ်ကြောင်းတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီအရာရှိ အပါအဝင်သေဆုံးသူ ၃ယောက်ရှိခဲ့ပြီး ၅ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
“မနက်ငါးနာရီလောက်မှာ ရန်သူ့ဘက်က ဒရုန်း၂စင်းနဲ့ စပစ်တယ်ပေါ့နော်။ ပြီးတော့ ကျနော်တို့ ရှေ့ကင်းကို တက်လာတဲ့ရန်သူနဲ့ ထိတွေ့မှုဖြစ်တယ်။ ရန်သူဘက်က ထိခိုက်မှု​​​ များသွားတယ်။ သူတို့ပြန်ဆုတ်သွားတယ်။ ပြီးတော့ ပြန်တက်လာဖို့လုပ်တယ်၊ ဒရုန်းတွေနဲ့ ထပ်ချတယ်၊ လက်နက်ကြီးပစ်ကူယူတယ်၊ နောက် MI 35 ချေမှုန်းရေးရဟတ်ယာဥ် ပစ်ကူထိပါ ယူရတယ်ပေါ့နော်။ ဟို….ကျနော်တို့ဒီဘက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ နေရာသေချာယူထားနိုင်လို့ ထိခိုက်မှုလည်းမရှိပါဘူး၊ ရန်သူတွေလည်း ရှေ့ကိုဆက်ပြီး တက်မလာနိုင်ဘူးပေါ့နော်။လက်ရှိအခြေနေကတော့ ထိပ်တိုက်စစ်ဆိုင်ထားဆဲ အနေအထားတော့ရှိပါတယ်” လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ မီးနဂါးစစ်ကြောင်း ရဲဘော်၁ယောက်က မောင်းကိုပြောပါတယ်။

ဒါ့အပြင် ဧပြီလ ၂၁ရက်၊ ညနေပိုင်းမှာလည်း စစ်ကောင်စီဒရုန်းတပ်ဖွဲ့ဝင်တွေရှိရာနေရာနဲ့ တာပြတ်တံတားဆီကို PDF တပ်ဖွဲ့ဝင်တွေက လက်နက်ကြီး ၆၀မမ (၅)လုံးပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုအပြီး တာပြတ်တံတားကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း စနိုက်ပါနဲ့ ထပ်မံတိုက်ခိုက်ရာ နေရာတင် ၁ယောက်သေဆုံးခဲ့ကြောင်း သိရပါတယ်။

“တက်လာတဲ့ကောင်တွေက ညောင်လေးပင် အခြေစိုက် တပ်ရင်း ခမရ ၂၀နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေပါ။ သူတို့ကျူးကျော်လာတိုင်း ကျနော်တို့ ခုခံနေကျပါ။ သူတို့က ​မြို့တွင်းကနေပြီး ၁၂၀ မမနဲ့လည်း ရမ်းသမ်းပစ်တယ်။ ခလရ ၂၆၄ ပိန်းဇလုပ်တပ်ကနေလည်း မထင်ရင်မထင်သလို ဟောင်ဝှစ်ဇာနဲ့ ပစ်ကူပါတယ်။ ကျနော်တို့ရှိနိုင်မယ်ထင်တဲ့နေရာတွေကိုလည်း ဒရုန်းနဲ့လိုက်ကြဲတယ်။ ကျနော်တို့လည်း လက်နက်ကြီးနဲ့ ပြန်ပစ်တော့ သူတို့ရဲ့အနီးစပ်ဆုံးနေရာတွေကျတယ်။ ထိခိုက်သေဆုံးမှုတော့ အတိအကျမသိရသေးပါဘူး။” လို့ Fire Dragon PDF တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပုဇွန်မြောင်းကျေးရွာဟာ အိမ်ခြေ ၁၆၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၇ထောင်နီးပါးနေထိုင်တဲ့ စံပြရွာ၁ရွာဖြစ်​ခဲ့ပေမယ့် အာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ်ရဲ့ စစ်ကြောင်းထိုး၊ ရွာမီးရှို့မှုတွေကြား ထောင်နဲ့ချီတဲ့​ဒေသခံတွေ စစ်ဘေးရှောင်နေရတယ်လို့လည်း သိရပါတယ်။

မီးနဂါးစစ်ကြောင်းတပ်ဖွဲ့ဝင်များ

0 Shares:
You May Also Like
Read More

ရေးမြို့နယ် ၃ရက်တာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၂ ဦး သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ စစ်တပ်ဘက်က ဗိုလ်ကြီး ၁ယောက် အပါအဝင် ၁၂ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

စစ်ကောင်စီ သေဒဏ်ချထားတဲ့ CDM ရေတပ်သား ကိုပြည့်စုံဦး အင်းစိန်ထောင်ထဲမှာပဲ ကွယ်လွန်

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှာ သေဒဏ်ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုပြည့်စုံဦးဟာ အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်သွားပြီဖြစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

မဏိပူရမြစ်ကူးတံတားကို CC တပ်ဖွဲ့ဝင်တွေ ပိတ်လိုက်တာကြောင့် ဒေသခံတွေ အခက်တွေ့နေ  

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က မဏိပူရမြစ်ကူးတံတားဖြစ်တဲ့ ဖီလ်သွန့်တံတား (Philtun lei) ကို Chin National Army (CAN)  ဦးဆောင်တဲ့ Chinland Council  (CC) တပ်တွေက ပိတ်ဆို့ထားတာကြောင့် ဒေသခံပြည်သူတွေ အခက်တွေ့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 
Read More

နောင်ချိုမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၄) ဦး သေဆုံး၊ (၄) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၄) ယောက် သေဆုံးပြီး (၄) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်၏ တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)ကို ရှော့တိုက်ဒုံးများ ပစ်ခတ်မှုအတွင်း သင်တန်းသား စစ်အရာရှိများအပါ အယောက် ၃၀ ခန့် ပွဲချင်းပြီး သေဆုံး၊ သင်တန်း ဒုကျောင်းအုပ်ကြီးအပါ အယောက် ၅၀ ကျော် ဒဏ်ရာရကာ ထိခိုက်ပျက်စီးမှု များပြား

အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) ကို ရှော့တိုက်ဒုံး ၉ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့မှုမှာ သင်တန်းသား စစ်အရာရှိ အယောက် ၂၀ ထက်မနည်း သေပြီး အယောက် ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ထုတ်ပြန်ပါတယ်။