မြန်မာစစ်တပ်ဟာ ထိုင်းပိုင်နက်ကို ကျူးကျော်ပြီး KNLA တပ်စခန်းတွေကို ဧပြီလ ၂၁ ရက်မှာ ဗုံး ၁၀ လုံးခန့် ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

တနင်္လာနေ့ မွန်းတည့်ချိန်မှာ စစ်ကောင်စီလေတပ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်စခန်း အခြေစိုက်ရာနေရာတွေကို ဗုံးကြဲခဲ့တာဖြစ်ပြီး ထိုင်းပိုက်နက်အတွင်း ကျူးကျော်လာတဲ့ မှတ်တမ်းလည်းရှိတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။ 

တနင်္သာရီတိုင်း၊ ထားဝယ်ဒေသ၊ ထီးခီးနယ်စပ်တဖက်ခြမ်း ကန်ချနဘူရီပြည်နယ်၊ မူအမ်းခရိုင်၊ ဖူနမ်ရွန်ရွာသားတွေက စစ်ကောင်စီရဲ့ Y-12 လေယာဉ်တစ်စင်း ပျံသန်းလာတာကို မြင်တွေ့ခဲ့ပြီး မကြာခင်မှာပဲ ပေါက်ကွဲသံ ၁၀ ချက်ခန့်ကြားခဲ့တယ်လို့ ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် MI-17 ရဟတ်ယာဉ် ၃ စင်းကိုလည်း တွေ့ခဲ့ပြီး အဆိုပါဒေသမှာ စစ်ကောင်စီတပ်သား ၆၀ ခန့် ဆင်းသက်ခဲ့တယ်လို့ သိရပါတယ်။ 

KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ထီးထစခန်း မြင်ကွင်းတစ်ခု (ဓာတ်ပုံ Piyarach Chongcharoen)

ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်မှာ ထားဝယ်ဒေသအတွင်းက ထီးထဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

တိုက်ပွဲပြင်းထန်လာတဲ့ အနေအထားမှာ ထိုင်းဘက်ခြမ်းက နယ်စပ်အနီး ဗုံးမကြဲဖို့၊ ထိုင်းဘက်ကို တိုက်ပွဲတွေ ကျော်လွန်ဖိတ်စင်လာခြင်းမပြုဖို့ မြန်မာဘက်ကို သတိပေးထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

လက်ရှိမှာ‌တော့ ထိုင်း၊ ကန်ချနဘူရီနယ်စပ်မှာ ထိုင်းစစ်တပ်၊ အမှတ် ၉ ခြေလျင်တပ်မက လုံခြုံရေးယူထားပြီး လေပိုင်နက်ကာကွယ်ရေးအတွက် လေယာဉ်ပစ်အမြောက်တွေ ရွှေ့ပြောင်းချထားတယ်လို့ Khaosod မှာ ဖော်ပြပါတယ်။

မူရင်းသတင်း – Myanmar plane seen bombing rebel base near Thai border

0 Shares:
You May Also Like
Read More

BGF မှ စောချစ်သူနှင့် သူ၏တပ်ဖွဲ့ဝင်အချို့ကို  အမြန်ဆုံး ဖမ်း၀ရမ်းထုတ် အရေးယူပေးဖို့ ထိုင်းကို JFM တောင်းဆို

ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ဆက်စပ်ပြီး နာမည်ကြီးနေတဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင် စောချစ်သူ အပါအဝင် သူ့ရဲ့ တပ်ဖွဲ့ဝင်တချို့ကို ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ဖို့ လုပ်ဆောင်နေမှုအပေါ်  ကြိုဆိုကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကုလလို နိုင်ငံတကာ အဖွဲ့အစည်းတွေ အားလုံး ရေဘေး အကူအညီတွေပေးအပ်ရေးအတွက် စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ တိုက်တွန်း

ကုလလို နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ မြန်မာပြည်ရေဘေးအတွက် အကူအညီပေးဖို့ လိုအပ်ပေးမယ့် စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားလိုက်ပါတယ်။
Read More

မြန်မာပြည်က လိမ်လည်လုပ်ငန်းတစ်ခုမှာ ပိတ်မိနေတဲ့ ဟောင်ကောင်နိုင်ငံသားတစ်ဦးကို ဒေါ်လာ ၃၀,၀၀၀ ဖြင့် ပြန်ရွေးခဲ့ရ

မြန်မာနိုင်ငံက လိမ်လည်လုပ်ငန်းတစ်ခုကနေ ဟောင်ကောင်နိုင်ငံသားတစ်ယောက် ဘေးကင်းစွာ အိမ်ပြန်နိုင်ခဲ့ပြီး အသက်ပြန်လျက် ပြန်လာနိုင်စေရေးအတွက် မိသားစုက ပြန်ပေးငွေများစွာ ပေးခဲ့ရကြောင်း သူတို့ကို ကူညီခဲ့တဲ့ ခရိုင်ကောင်စီဝင်ဟောင်းတစ်ယောက်က ပြောဆိုခဲ့တယ်လို့ South China Morning Post က ရေးထားပါတယ်။ 
Read More

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး အမြန်လမ်းစီမံကိန်းအတွင်းမှာ မတော်တဆဖြစ်မှုကြောင့် လူ ၄ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးက စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့သစ်ဧရိယာမှာ တည်ဆောက်ဆဲ တံတားတစ်ခုရဲ့ ကရိန်းနဲ့ ကွန်ကရစ်အပိုင်းတွေ ပြိုကျခဲ့မှုကြောင့် လူ ၄ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုရီးယားနေ တော်လှန်ပြည်သူများနှင့် တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကိုရီးယားနေ တော်လှန်ပြည်သူတွေနဲ့ စက်တင်ဘာ ၂၇ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ မနေ့က တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUG ရုံးက ထုတ်ပြန်ပါတယ်။
Read More

US အစိုးရလက်အောက် သတင်းဌာနများ၏ လုပ်ငန်းများလျှော့ချဖို့  ထရမ့်၏ ညွှန်ကြားမှုကြောင့်  သတင်းထုတ်လွှင့်မှုမှာ အခက်အခဲဖြစ်ပေါ်နေ

VOA နဲ့ RFA သတင်းဌာနတွေအပါအ၀င် အမေရိကန်အစိုးရ လက်အောက်ရှိ သတင်းဌာနတချို့ရဲ့ လုပ်ငန်းတွေလျှော့ချဖို့  ထရမ့်ရဲ့ ညွှန်ကြားချက်ကြောင့်  သတင်းထုတ်လွှင့်မှုမှာအခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။