မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ၃၇၆၀ ယောက်ရှိပြီး ဒဏ်ရာရသူ ၅၀၂၇ ယောက်နဲ့ ပျောက်ဆုံးနေသူ ၁၃၀ ယောက် ရှိနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပေမယ့် အကျဉ်းထောင်တွေအတွင်းက အကျဉ်းသားသေဆုံးမှုတွေကို သတင်းချန်လှပ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေအပေါ် စစ်ကောင်စီရဲ့ ဖိနှိပ်အကြမ်းဖက်မှုတွေကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့ စဉ်ဆက်မပြတ် စောင့်ကြည့်ပေးဖို့ နိုင်ကျဉ်းအရေး ဆောင်ရွက်နေတဲ့ အဖွဲ့ ၇ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ငလျင်ဒဏ်ကြောင့် ထိခိုက်မှုအများဆုံးမြို့တွေထဲမှာ မန္တလေးမြို့လည်း အပါအဝင်ဖြစ်ပြီး မန္တလေးမြို့က အိုးဘို အကျဉ်းထောင်မှာ ရာနဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူတွေ ဖမ်းဆီးထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။

ပြုပြင်းခြင်းမရှိခဲ့တဲ့ အကျဉ်းထောင်တွေဟာ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂၈၀) ကျော်ရှိခဲ့ကာ အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၀ ယောက်နဲ့ နိုင်ငံရေးအကျဉ်းသူ ၁၀ ယောက် အပါအဝင် အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားတဲ့အပြင် နိုင်ငံရေးအကျဉ်းသူ/သားတွေဟာ ငလျင်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေသလို ထောင်တွင်းဆေးကုသမှုလည်း လုံလောက်စွာမရရှိဘဲ အကျဉ်းဝန်ထမ်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ် ခြိမ်းခြောက်မှုတွေကိုပါ ခံစားနေရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မန္တလေး အိုးဘိုထောင်အပါအဝင် နိုင်ငံတဝှမ်းက နိုင်ငံရေးအကျဉ်းသူ/သားတွေရဲ့ အခြေအနေကို ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့ မျက်ခြေမပြတ် စောင့်ကြည့်ဖိအားပေးဖို့ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ Political Prisoners Network – Myanmar (PPNM)၊ Assistant Association For Political Prisoners (AAPP)၊ Karenni Political Prisoners Association (KPPA)၊ Women’s Organization Of Political Prisoners (WOPP)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ၊ နွေဦးတမာန် နိုင်/ကျဉ်းကူညီစောင့်ရှောက်ရေးအဖွဲ့နဲ့ ထောင်ဝင်စာပို့ကြမယ် တို့က ပူးတွဲ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျောင်းသားများကို ဗုံးကြဲသတ်သည့် မြန်မာစစ်တပ်ကို ICC တွင် တရားစွဲရန် လိုအပ်ကြောင်း APHR ပြော

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသူကျောင်းသားတွေ သေဆုံးခဲ့တဲ့ဖြစ်စဥ်အတွက် လက်သည်တရားခံ စစ်ကော်မရှင်ကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှာ တရားစွဲဖို့လိုအပ်ကြောင်း အာဆီယံလွှတ်တော်ကိုယ်စားလှယ်များ လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့ (APHR) က ထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှုး၊ ပဲခူးတိုင်းစစ်ဌာန စစ်ဆင်ရေးမှုးတို့နှင့် ပဲခူးခရိုင် ပကဖ ရဲဘော်များ တွေ့ဆုံ… (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူးနဲ့ တိုင်းစစ်ဌာနစစ်ဆင်ရေးမှူးတို့ဟာ ကရင်အမျိုးသားအစည်အရုံး (KNU) တပ်မဟာ (၁) နယ်မြေအတွင်းရှိ ပဲခူးခရိုင်ပကဖ ရဲဘော်တွေနဲ့ တော်လှန်ရေးနယ်မြေအတွင်း တစ်နေရာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ပုဂံ-ညောင်ဦးလမ်းပေါ် အိမ်စီးကားတစ်စီးမှ ပျူ ၂ ဦးကို ဖမ်းမိ၊ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ၂ ဦးလုံး သေဆုံး

မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦး လမ်းပိုင်းမှာ ရှောင်တခင် လမ်းပိုင်းစစ်ဆေးရေးလုပ်ဆောင်ချိန် အိမ်စီးကားနဲ့ လာတဲ့ ပျူစောထီး ၂ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ Bagan Bo Cho PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူတွင် အင်အား ၂၀၀ပါ စစ်ကောင်စီကားတန်းတိုက်ခိုက်ခံရ ၊ စစ်သားနှင့်ပျူစောထီး ၆ ဦးသေပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိ…

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီကားတွေကို မိုင်းဆွဲပစ်ခတ်ရာမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၆ယောက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပွင့်ဖြူမြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီ အနီးနားက ကျေးရွာတွေကို စစ်တပ် စစ်ကြောင်းထိုးလို့ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ်အတွင်းက ဝမ်ပေါင် ကြေးနီစီမံကိန်း အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ တစ်သောင်းကျော်ဟာ ညတွင်းချင်း ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

အဖြေလွှာများ မီးလောင်မှုကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုခိုင်းမည့်ကိစ္စဟာ တာဝန်ယူမှုမရှိသည့် ဖြေရှင်းချက်ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ထုတ်ပြန်

ပြီးခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အဖြေလွှာတွေ ပျက်စီးခဲ့မှုအပေါ် စာမေးပွဲပြန်လည်ဖြေဆိုခိုင်းတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တာဝန်ယူမှုမရှိတဲ့ဖြေရှင်းချက် ဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။