96 Soldiers PDF – တောင်ပိုင်းတိုင်းစစ်ဒေသက ဒုတပ်ခွဲမှူးနဲ့ တပ်စိတ်မှူးတို့ဟာ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

96 Soldiers PDF – တောင်ပိုင်းတိုင်းစစ်ဒေသ (တပ်ရင်း ၅၁၀၁) တပ်ခွဲ-၁ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုခွဲမှူး ရဲဘော် ဂဂ (ခ) အောင်မြတ်မင်းနဲ့ တပ်ခွဲ-၂၊ တပ်စု-၁၊ တပ်စိတ်-၁ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်စိတ်မှူး ရဲဘော် ဆိတ်ကြီး (ခ) စည်သူဇော်တို့ဟာ ဧပြီလ ၈ ရက် မနက်ပိုင်းမှာ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့မှာတော့ ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော် ၂ ယောက်ရဲ့ ရက်လည်ဆွမ်းသွပ်တရားတော် နာကြားခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော်နှစ်ယောက်ဟာ စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးအတွက် နွေဦးတော်လှန်ရေးကာလအတွင်း 96 Soldiers PDF – တောင်ပိုင်းတိုင်းစစ်ဒေသ (တပ်ရင်း ၅၁၀၁) မှာ ပါဝင်ပြီး စစ်အာဏာရှင်ကို လက်နက်စွဲကိုင် တော်လှန်ရင်း လမ်းခုလတ်မှာ အသက်ပေးလှူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သေနတ် ၃ ချက် ဖောက်သံ၊ စုတ်ဖြဲထည့်လိုက်တဲ့ အမိန့်စာပြန်တမ်းနဲ့အတူ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးတဲ့ ဒုခွဲမှူး ရဲဘော် ဂဂ (ခ) အောင်မြတ်မင်းနဲ့ တပ်စိတ်မှူး ရဲဘော် ဆိတ်ကြီး (ခ) စည်သူဇော်တို့က်ု အလေးနီပြုကြောင်း 96 Soldiers PDF – တောင်ပိုင်းတိုင်းစစ်ဒေသက ဆိုပါတယ်။

“ရဲဘော်တို့ ကောင်းရာသုဂတိလားပါစေ။ အောင်မြင်သော တော်လှန်ရေးပန်းအား ကျန်ရစ်ခဲ့သော မင်းမိသားစုဆီသို့ ငါတို့ ဆက်ဆက် ဆက်သပေးမည်ဖြစ်ကြောင်း ကတိပြုအပ်သည်။” လို့ 96 Soldiers PDF – တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျန်းမာရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးဆောင်ပြီး Hydrocephalus ရောဂါရှင် ကလေးငယ်ကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန ၊ ဒုဝန်ကြီး ဒေါက်တာခင်မောင်လွင် ဦးဆောင်တဲ့ CDM ဆရာဝန်တွေက Hydrocephalus ရောဂါရှင်ကလေးငယ်ကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့တယ်လို့ ဒုဝန်ကြီးက လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။
Read More

မတ္တရာအရှေ့တောင်ဘက်ကို စစ်အုပ်စု ဂျက်ဖိုက်တာများဖြင့် ဗုံးသီးအလုံး ၄၀ ခန့် ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကော်မရှင်က ဗုံးသီးအလုံး ၄၀ ကျော်ကြဲချတိုက်ခိုက်ရင်း စစ်ကြောင်းထိုး မီးရှို့တာတွေလုပ်ဆောင်ခဲ့ကြောင်း Voice Of Mandalay အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပုသိမ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲအချင်းချင်း ဓားနဲ့ထိုးလို့သေတဲ့ ဒုရဲမှူးကို ခိုးချောင်ခိုးဝှက် မီးသဂြိုလ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်က SB ရုံးမှာ စက်တင်ဘာလ ၁၈ ရက်နေ့က ဓားထိုးခံရလို့သေဆုံးခဲ့တဲ့ အထူးစစ်ဆေးရေးအဖွဲ့ ဒုရဲမှူး အောင်ကိုမင်း ကို စက်တင်ဘာလ ၂၀ရက် ဒီနေ့မနက်ပိုင်းမှာ လူအသိမခံဘဲ ခိုးချောင်ခိုးဝှက် သဂြိုလ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ဘုတ်ပြင်းအခြေစိုက် ခလရ ၂၂၄ က စစ်သား ၁ ဦး KNLA ဆီ လက်နက်မဲ့အလင်းဝင်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၂၄ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်မဟာ ၄ ၊ တပ်ရင်း ၂၀၃ ၊ တပ်ခွဲ ၃ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းတွင် မေလအတွင်း အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို လုပ်ကြံရှင်းလင်းမှုအပါ စစ်ရေးဖော်ဆောင်မှု ၈ ကြိမ် လုပ်ဆောင်ခဲ့

ရန်ကုန်တိုင်းမှာ မေလအတွင်း အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို လုပ်ကြံရှင်းလင်းမှုအပါအဝင် စစ်ရေးဖော်ဆောင်မှု ၈ ကြိမ် ရှိခဲ့တယ်လို့ Operation Flame အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာမှာ ပေါ်တာဆွဲဖို့လုပ်နေတဲ့ စစ်​အုပ်စုလှည့်ကင်းကား ပစ်ခတ်တိုက်ခိုက်ခံရ၊ ရဲနဲ့ စစ်သား ၄ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပေါ်တာဆွဲဖို့ကင်းလှည့်နေတဲ့ စစ်အုပ်စုကားတွေကို ပစ်ခတ်တိုက်ခိုက်ရာ ရဲနဲ့စစ်သား ၄ယောက် သေဆုံးသွားတယ်လို့ မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုးတပ်ရင်း တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းသတင်းဌာနကို ပြောပါတယ်။