ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၆ ယောက် သေဆုံးပြီး အရပ်သား (၇) ယောက်၊ ကိုရင် (၈) ပါးနဲ့ ဦးဇင်း (၂) ပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဧပြီလ ၁၅ရက် သက်ြန်အကြတ်နေ့ မွန်းတည့်ကျော်ချိန်မှာ ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီက YAK-130 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူတွေဖြစ်တဲ့ မင်းလင်းပြည့်အောင် (၉)နှစ်၊ မင်းကွန်ဗလဲ (၃)နှစ်၊ ကိုမျိုး(၃၄)နှစ်၊ ဒေါ်သိန်းရှင် (၇၆)နှစ်၊ မိကျဲကျဲမွန် (၃)နှစ်၊ မိပိုးဖူးဇင် (၁၅) နှစ်တို့ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူ (၇) ယောက်၊ ကိုရင် (၈) ပါးနဲ့ ဦးဇင်း (၂) ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဟာ မနေ့ကညပိုင်းအထိ လေယာဉ်နဲ့ ဆက်လက် တိုက်ခိုက်ခဲ့ရာ ဗုံးသီးအလုံး(၃၀)ကျော် ခန့်ရှိတယ်လို့ MLA ရဲ့ မြေပြင်တာဝန်ရှိ တပ်မှူးကတစ်ဆင့် သိရှိရကြောင်း ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ကျုံဒိုးမြို့ရှိ ခမရ ၅၄၅၊ ခမရ ၅၄၆ တပ်ရင်းတွေကလည်း ပြည်သူတွေ ရှိနေတဲ့ ရေပူကြီး၊ ကော့ဝါလဲ၊ ဝင်းပြ၊ နောင်တမံ၊ သမိန်ဒွတ်၊ တောင်ကမ္မရိုက်၊ မိဂလုံ၊ ကမ်းနီစံပြ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ်နေဆဲဖြစ်တယ်လို့ MLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ငလျင်ကြောင့် အပစ်ရပ်တယ်လို့ ဟန်ပြကြေညာခဲ့ပြီး နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှု ၆၈ ကြိမ် ပြုလုပ်ကာ ပြည်သူ ၆၄ ယောက် သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

ပျူစောထီး အယောက် ၁၀၀ လောက်ကို လက်နက်ချအညံ့ခံဖို့ စည်းရုံးနိုင်ခဲ့တဲ့ တပ်ရင်းမှူး “ဒိုလေး” ကို “စစ်ရေးဗျူဟာထူးချွန်ဆု” ပေးအပ်ချီးမြှင့်

၁၀၂၇ ဒုတိယလှိုင်း ၊ စဉ့်ကူးမြို့နယ် စစ်ဆင်ရေးအတွင်း ပျူစောထီး အယောက် ၁၀၀ လောက်ကို လက်နက်ချအညံ့ခံဖို့ စည်းရုံးနိုင်ခဲ့တဲ့ အမှတ် ၁၂၂၂ တပ်ရင်းက တပ်ရင်းမှူး "ဒိုလေး" ကို "စစ်ရေးဗျူဟာထူးချွန်ဆု" ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

အညာဒေသ စစ်ဘေးရှောင် စာသင်ကျောင်းတွေအတွက် လေကြောင်းရန်ကာကွယ်နိုင်ဖို့ စကားပြောစက်တွေ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဆားလင်ကြီးမြို့နယ်က စစ်ဘေးရှောင် စာသင်ကျောင်းအတွက် စကားပြောစက်တွေကို မနေ့က နိုဝင်ဘာလ ၇ ရက်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် လှိုင်းဘွဲ့မြို့နယ်မှာ စစ်ကောင်စီ ၃၆ နှစ်ကြာ တပ်စွဲခဲ့တဲ့ ခလယ်ဒေးတပ်စခန်း သိမ်းပိုက်ရရှိမှု KNU တရားဝင် ထုတ်ပြန်… စစ်သားအလောင်း ၂ လောင်းနှင့် ပွိုင့် ၅ သေနတ်အပါ လက်နက်ခဲယမ်းများ သိမ်းဆည်ရမိ…

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ ခလယ်ဒေး စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၇) တပ်မဟာ လုံခြုံရေးစစ်ကြောင်း၊ တပ်ရင်း (၁၉)၊ တပ်ရင်း (၂၁)၊ တပ်ရင်း (၂၂) နဲ့ တပ်ရင်း (၂၄) တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၉၁ ဦး သေဆုံးခဲ့

နိုင်ငံတကာမှာ မျက်နှာသာရစေရေး အကျဉ်းသားလွှတ်ပေးမှုကို ဟန်ပြသရုပ်ဖော်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီက မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားပြည်သူ ၉၁ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့တွင်းသွားလာခွင့်ကို ငါးရက်တာပိတ်မည်ဟု KNDF အသိပေး

ကရင်နီဒေသက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့တွင်းအများပြည်သူတွေ ဖြတ်သန်းသွားလာမှုကို ငါးရက်တိတိ ပိတ်ထားမယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်လာပါတယ်။
Read More

ပအိုဝ်းသံဃာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုပြီး စစ်တပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က စစ်ကြောင်းထိုးလာတာကြောင့် မောက်မယ်မှာ တိုက်ပွဲပြင်းထန်နေ…

အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က ရဟန်းသံဃာတော် ဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုပြီး ပအိုဝ်းဒေသကို ကျူးကျော်စစ်ကြောင်းထိုး တိုက်ခိုက်တာကြောင့် မောက်မယ်မြို့နယ်၊ ဟိုနမ့်ဒေသမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ထားပါတယ်။