တောင်ကိုရီးယားနိုင်ငံရဲ့ လွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ကြားနာပွဲမှာ တောင်ကိုရီးယား လွှတ်တော်အမတ်တွေက လူသားချင်းစာနာမှုဆိုင်ရာ ကိုရီးယားရဲ့ အကူအညီတွေကို အကြမ်းဖက်စစ်အုပ်စု လက်ထဲ ပေးမှာမဟုတ်ကြောင်း ပြောဆိုခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

အဲ့ဒီကြားနာပွဲမှာ လွှတ်တော်အမတ် အီယုန်ဆွန်းက ကိုရီးယားနိုင်ငံအနေနဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ အကြမ်းဖက်စစ်အုပ်စု လက်ထဲ တိုက်ရိုက်ပေးအပ်မှာမဟုတ်ဘဲ မြန်မာပြည်သူတွေဆီ ရောက်ရှိအောင် နိုင်ငံတကာအဖွဲ့အစည်းတွေကတစ်ဆင့်သာ ပေးအပ်မယ်လို့ ဆိုထားပါတယ်။

ကိုရီးယားအစိုးရအနေနဲ့လည်း မြန်မာနိုင်ငံမှာ အာဏာသိမ်းဖို့ ကြိုးပမ်းမှု ဖြစ်စဉ်ကတည်းက ချမှတ်ထားတဲ့ နိုင်ငံခြားရေး မူဝါဒအတိုင်း ဆက်လက် ရပ်တည်နေပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တော်လှန်ရေးကြောင့် ပင်ပန်းနေရတဲ့အချိန်မှာ သဘာဝဘေးဒဏ် ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးရတာကို များစွာ စိတ်မကောင်း ဖြစ်ရပြီး စာနာကြောင်း လွှတ်တော်အမတ် အီယုန်ဆွန်းက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် လွှတ်တော်အမတ် အီယုန်ဆွန်းက ဒီမိုကရေစီပြန်လည် ဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံသားတွေနဲ့အတူ ရှိနေမယ့်အပြင် ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်မှု ပေးဖို့အတွက်လည်း တက်ကြွစွာ ဆောင်ရွက်ပေးမယ်လို့ ကတိပြု ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၀ ရက် မနေ့က ပြုလုပ်ခဲ့တဲ့ ကိုရီးယားလွှတ်တော်က မြန်မာ့အရေးကြားနာပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုးရီးယားနိုင်ငံ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနဲ့အတူ ကိုးရီးယားလွှတ်တော်အမတ်တွေရဲ့ ဖိတ်ကြားမှုနဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ကိုရီးယားဘက်ကတော့ ကိုရီးယားလွှတ်တော် နိုင်ငံခြားရေးရာကော်မတီဝင် အီယုန်ဆွန်း ဦးဆောင်ကာ ဒီမိုကရက်ပါတီ အမတ်တွေဖြစ်တဲ့ ဂျိုဂျောင်ရှိ၊ ဆောယောင်ဆော့ဂ်၊ ဘတ်ဟုန်းဘဲ၊ အီဂန်အီးလ်၊ ချာဂျီဟိုးနဲ့ တာ၀န်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အာဆီယံပူးပေါင်းအဖွဲ့ ငြိမ်းချမ်းရေးအတွက် လာမယ့်အပတ် မြန်မာပြည်လာမည်

အာဆီယံဥက္ကဋ္ဌ မလေးရှားက ဦးဆောင်ပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တဲ့ အာဆီယံပူးပေါင်းကိုယ်စားလှယ်အဖွဲ့တခုဟာ ငြိမ်းချမ်းရေးနဲ့ လူမျိုးစုလူနည်းစုတွေအပေါ် ကျူးလွန်တဲ့ ရက်စက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လာမယ့်သီတင်းပတ်ထဲ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အဘရာဟင်က ပြောပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား သံတမန်ညှိနှိုင်းမှုအဆင့်ကို ကျော်လွန်ကာ ဒုတိယမြောက်နေ့ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့

နယ်စပ်အငြင်းပွါးမှု ပြဿနာကြီးထွားလာရာကနေ မနေ့က မနက်ပိုင်းမှာ ပစ်ခတ်မှုတွေ စတင်ခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲဟာ ဒီနေ့မှာ ဆက်လက်ပြင်းထန်လာခဲ့ပါတယ်။
Read More

ထိုင်းမှ မလေးရှားသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် အထောက်အထားမဲ့ မြန်မာ ၁၀ ဦးကို မလေးရှားစစ်တပ်ဖမ်းဆီး

ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်ဖို့ Golok မြစ်ကို ဖြတ်ဖို့ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံသား ၁၀ ယောက်ကို မလေးရှားစစ်တပ် (TDM) က ဖမ်းဆီးထားတယ်လို့ Malay Mail သတင်းက ဖော်ပြထားပါတယ်။
Read More

မြန်မာပြည်သူ ၆၅ ယောက် ဘင်္ဂလားဒေ့ရှ်ထဲ ထွက်ပြေးဝင်ရောက်လာကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိပြော

ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံသား ၆၅ ယောက်ခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို နိုဝင်ဘာ ၁၈ ရက်နေ့က တရားမဝင် နယ်စပ်ဖြတ်‌ကျော် ထွက်ပြေးဝင်ရောက်ခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်ဒေသဆိုင်ရာ အရာရှိတွေက ပြောဆိုထားကြောင်း The Business Standard မှာ ဖော်ပြထားပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း စာထုတ်ပေးရန် ဂျပန်နိုင်ငံထံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တောင်းဆို

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ရှင်းရှင်းလင်းလင်းအသိအမှတ်မပြုဘူးဆိုတဲ့အကြောင်း စာထုတ်ပေးဖို့အတွက် ဂျပန်နိုင်ငံထံ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုလိုက်ပါတယ်။
Read More

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက သေဒဏ်ချမှတ်မှုအပေါ် အာဆီယံလွှတ်တော်အမတ်တွေ ဝေဖန်ကန့်ကွက်ရှုံ့ချ

၂၀၂၄ စက်တင်ဘာလ ၂၄ ရက်မှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၅ ယောက်ကို စစ်ကောင်စီက သေဒဏ်ချ ကွပ်မျက်မယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေကတဆင့် သိရတဲ့အတွက် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) အနေနဲ့ အလွန်အမင်းစိတ်ပူပန်ကြောင်း စက်တင်ဘာလ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။