ငလျင်ဒဏ်သင့်ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ အပေါ် ဆန့်ကျင်ရေးလှုပ်ရှားမှုအနေနဲ့ ရန်ကုန်မြို့မှာ ဆန္ဒပြသပိတ်လှုပ်ရှားမှုကို မတ်လ ၁၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

”MILITARY AIRSTRIKE IS THE REAL FUCKING DISASTER” ”MILITARY AIRSTRIKE IS REAL FAULT”စတဲ့ စာသားတွေကို လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့လယ်နဲ့ ခရစ်ယာန် သင်္ချိုင်းစတဲ့ နေရာတွေမှာ ချထားပြီး ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းငလျင်ကဲ့သို့ သဘာဝဘေးအန္တရာယ် ကျရောက်နေတဲ့ ကာလတွေမှာတောင် နင်းစရာမြေမရှိ နေစရာအိမ်မဲ့ခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေကို ပြေးစရာမြေပါမကျန်အောင် လူသားချင်းစာနာထောက်ထားမှုကင်းမဲ့စွာ လေကြောင်းတိုက်ခိုက်တွေ ပြုလုပ်လျက်ရှိတာကြောင့် ကမ္ဘာ့လူသားမျိုးနွယ်စုတစ်ရပ်လုံးက သိရှိစေဖို့ရည်ရွယ်ပြီး ရန်ကုန်လူထုသပိတ်က အဲဒီလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်ငူမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အောင်သပြေကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူလိုက်တဲ့ ဖီမော်မြို့ ကန်ဖန့်ရွာ ဒေသခံပြည်သူတွေက ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ် ကန်ဖန့်ရွာကို အောက်တိုဘာ ၄ ရက် ညနေပိုင်းက KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်လာစဉ် ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ မျှဝေထားပါတယ်။
Read More

ခရီးသွားပြည်သူများကို အနိုင်ကျင့် ပိုက်ဆံတောင်းနေသည့် နတ်မောက်မြို့ တောင်ဘက်အထွက် စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း နတ်မောက်မြို့ တောင်ဘက်အထွက်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဧပြီ ၁၀ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေခဲ့တယ်လို့ People’s Defense Organization – Natmauk ထံက သိရပါတယ်။
Read More

ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး မြေပြင်မှာ ဝန်းရံတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၂၃ ရက် မနေ့က မနက် ၆ နာရီဝန်းကျင်ခန့်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ စစ်တောင်းမြစ်ဝှမ်း - ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးထံက သိရပါတယ်။
Read More

ငါန်းဇွန်​မြို့အတွင်း အကြမ်းဖက်စစ်တပ်ယာဉ် ၃ စီးကို မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ တောင်ဘက်ကို ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်  ၃ စီးကို ထွန်သာရွာနဲ့ ဂျိုရွာကြား ပွိုင့် ၂ ပွိုင့်နဲ့ မိုင်း ၈ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ YouthGuerrilla CounterRevolution-NZ (LPDF) အဖွဲ့ထံက သိရပါတယ်။
Read More

KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မံစီမြို့ ခမရ ၆၀၁ နဲ့ အမြောက်တပ် ၃၅၂ မြင်ကွင်းများ (ရုပ်/သံ)

ကချင်ပြည်နယ် မံစီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း ခမရ (၆၀၁)၊ ခမရ (၃၁၉)နဲ့ အမတ (၃၅၂) ကို ဇန်နဝါရီ ၈ ရက် မနက်ပိုင်းက KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။