စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ရန်သူ့လက်ပစ်ဗုံးဝင်ရောက်လာမှုကို ခုန်အုပ်ကာ ရဲဘော်တွေအတွက် အသက်စွန့် ကာကွယ်ပေးသွားတဲ့ တပ်စိတ်မှူး ရဲဘော် ဘီလုံးကို အင်းတော်မြို့မှာပဲ သ​ဂြိုလ်ပြီးစီးခဲ့ကြောင်း ကျန်ရစ်သူမိသားစုဝင်က မောင်းကိုပြောပါတယ်။

ဧပြီလ ၄ရက် မနက်ပိုင်းက အင်းတော်မြို့ရှိ စစ်ကောင်စီလက်ကျန်တပ်တွေ တပ်စွဲထားရာ ဂျပန်လှိုဏ်ဂူကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေချိန်အတွင်း ရန်သူ့ဖက်က ပစ်ခတ်လိုက်တဲ့ လက်ပစ်ဗုံးကို တခြားရဲဘော်တွေ ထိခိုက်မှုမရှိအောင် ခုန်အုပ်ကာကွယ်ပေးရင်း ရဲဘော်ဘီလုံးကျဆုံးခဲ့တာလို့ သိရပါတယ်။

ရဲဘော်ဘီလုံးဟာ ပြင်ဦးလွင် ဇာတိ၊ ဂေါ်ရခါးလူမျိုးတစ်ယောက်ဖြစ်ပြီး အစ်မဖြစ်သူနဲ့အတူ စစ်အာဏာရှင်ကို တော်လှန်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့တာဖြစ်ကြောင်း​ ကျန်ရစ်တဲ့ အစ်မဖြစ်သူက ပြောပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်ဘီလုံး (ရဲဘော် ဘီလုံး၏ ကျန်ရစ်မိသားစုဝင်များ လုံခြုံရေးအတွက် မျက်နှာ ဝါးထားခြင်း ဖြစ်ပါသည်)

ရဲဘော် ဘီလုံး ကျဆုံးမှုအပေါ် သူ့ရဲ့မိခင်တပ်ရင်းဖြစ်တဲ့ ပြင်ဦးလွင်ခရိုင် အမှတ် ၅၁၂ တပ်ရင်းက ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ထားပြီး မြို့သိမ်းတိုက်ပွဲအတွင်း ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်းအသက်ပေးသွားတဲ့ ဘီလုံးအတွက် ကမ္ဗည်းမော်ကွန်းတင်အပ်ကြောင်း၊ မိဘဆွေမျိုး၊ ရဲဘော်ရဲဘက်တွေနဲ့အတူ ဝမ်းနည်းရကြောင်းနဲ့ မပြီးဆုံးသေးတဲ့တော်လှန်ရေးခရီးကို အောင်မြင်တဲ့အထိ ဆက်လျှောက်တိုက်ပွဲဝင်သွားမယ်လို့လည်း ကတိပေးထားပါတယ်။

လက်ရှိ ပြင်ဦးလွင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ အစ်မဖြစ်သူကလည်း ရဲဘော်ဘီလုံးကျဆုံးမှုနဲ့ ပတ်သက်ပြီး

“ဂျပန်လှိုဏ်ဂူကို သိမ်းခါနီးမှာ ထိတာပါ။ မနက် ၁၀နာရီပေါ့။ မိုးမိတ်၊ သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာ အားလုံး သူပါခဲ့တယ်။ ပြည်သူက သပြေပန်းနဲ့ ကြိုခဲ့ကြတယ်။ ကျွန်မတို့ မောင်နှမ ၂ ယောက်စလုံးက တော်လှန်ရေး စကတည်းက ရှမ်းမြောက်ကနေ စလာတာပါ။ ၂၉ ရက်နေ့ကလည်း ဖုန်းဆက်တော့စိတ်မပူဖို့ ပြောသွားသေးတယ်။ ဂုဏ်ယူတာထက် ဒီကနေ့ထိ သူထိတယ်ဆိုတာ မယုံသေးဘူး။ သူက မြင့်မြတ်ပါတယ်၊ အင်းတော်မှာပဲ သဂြိုလ်တော့မျက်နှာတောင် မမြင်လိုက်ရပါဘူး။ ရက်လည်ကတော့ ဒီနေ့ ဧပြီ (၁၀)ရက်ပါ” လို့ ပြောပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်ဘီလုံး (ရဲဘော် ဘီလုံး၏ ကျန်ရစ်မိသားစုဝင်များ လုံခြုံရေးအတွက် မျက်နှာ ဝါးထားခြင်း ဖြစ်ပါသည်)

စစ်ကောင်စီ တပ်မ ၇၇၊ ရှေ့တန်းဌာနချုပ်ရှိရာ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို NUG ရဲ့ အမှတ် ၁ စစ်ဒေသ ဦးဆောင်မှုနဲ့အတူ ပြည်သူ့ကာကွယ်တပ်တွေက ၈လ ကျော်ကြာ တိုက်ခိုက်ခဲ့ရပြီး နောက်ဆုံးကျန်ရှိနေတဲ့ ဂျပန်လှိုဏ်ဂူကို ဧပြီလ အတွင်း ထိုးစစ်ဆင်တိုက်ခိုက်နေချိန် တပ်မမှူးနဲ့ တပ်ဖွဲ့တွေ ထွက်ပြေးသွားတာကြောင့် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေဘက်ကလည်း ထိခိုက်ကျဆုံးသူ များပြားခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်တွေထံက သိရပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်ဘီလုံး (ရဲဘော် ဘီလုံး၏ ကျန်ရစ်မိသားစုဝင်များ လုံခြုံရေးအတွက် မျက်နှာ ဝါးထားခြင်း ဖြစ်ပါသည်)
0 Shares:
You May Also Like
Read More

မိတ္ထီလာတွင် တညတည်း လူငယ် ၂၀ ကျော် ပေါ်တာဆွဲခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ တညအတွင်း စစ်တပ်က လူငယ် အယောက် ၂၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ မတ္ထီလာမြို့ရဲ့ တပ်တွင်းသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ခလရ ၂၆၉ မှ စစ်သား ၂ ဦး PDF Zoland ထံ လက်နက်နှင့် အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၂ ယောက် လက်နက်နဲ့တကွ အလင်းဝင်လာကြောင်း PDF Zoland က ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ စစ်ရေးလှုပ်ရှားနေသည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားများ ကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ P29999 - အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းတွေမှာ တပြိုင်တည်း ကျင်းပခဲ့တယ်လို့ ဒီနေ့မှာ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့က ပြည်သူနေအိမ် အများအပြား ပျက်စီးဆုံးရှုံး

ရှမ်းပြည်နယ်၊ တအာင်းပြည် တပ်မဟာ (၂) နယ်မြေ၊ နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် အများအပြား ပျက်စီးရှုံးဆုံးနေတယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သတင်းထုတ်ပြန်လာပါတယ်။
Read More

စစ်တပ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေကို လက်နက်အားကိုးနဲ့ ဖိနှိပ်ခြယ်လှယ်ခဲ့တယ်လို့ KNU ဥက္ကဋ္ဌ ပြော

နိုင်ငံရေး ပြဿနာကို ရိုးသားစွာ ပြေလည်အောင် ဖြေရှင်းပေးခြင်း မရှိဘူးဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရလဒ်မရနိုင်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

မန္တလေးနှင့် အနီးတဝိုက် ရစ်ချ်တာစကေး ၄.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ မြို့ခံလူထု အထိတ်တလန့် ဖြစ်ခဲ့ရ

မန္တလေးတိုင်း၊ မန္တလေးမြို့အနီးကို ရစ်ချ်တာစကေး ၄.၉ အဆင့်ရှိတဲ့ အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။