ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နိုင်ခဲ့မှုမှာ ချင်းညီနောင်တပ်ဖွဲ့တွေနဲ့အတူ  96 Soldiers PDF (အညာတပ်ခွဲ) ကလည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ပါတယ်။

ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် တိုက်ပွဲဖော်ဆောင်ခဲ့ကာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀၀ ကျော်၊ စစ်အင်အား အကြိမ်ကြိမ် ဖြည့်တင်းမှုတွေကြားကနေ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

“ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့။ ကျွန်တော်တို့ 96 မှ တပ်ခွဲမှူး ရဲဘော် တစ်ဆယ်  (ရဲဘော်၏အမည်)  ကျဆုံးပြီး ရဲဘော် ၄ ဦးထိခိုက် ဒဏ်ရာရှိခဲ့ပါတယ်။ ၂ ဦးက ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ပါတယ် “ လို့ 96 Soldiers PDF ရဲ့ တာဝန်ခံ ကိုဇေယျာလွင်က ပြောကြားထားပါတယ်။

ဧပြီလ ၉ ရက်နေ့က စပြီး ဖလမ်းတစ်မြို့နယ်လုံး စစ်ကောင်စီကင်းစင်သွားပြီဖြစ်ကာ တိုက်ပွဲအတွင်း သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကိုလည်း ချင်းညီနောင်က ထုတ်ပြန်ဖော်ပြထားပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နဲ့ မဟာမိတ် တော်လှန်ရေးအင်အားစုတွေက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး ၂၀၂၅ ဧပြီလမှသာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

သပိတ်ကျင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၂ဦး သေဆုံး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လက်ပံပြန့်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီနေ့ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က ထုတ်ပြန်ပါတယ်။ အဆိုပါ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ပံပြန့်ကျေးရွာက အပြစ်မဲ့ပြည်သူ ၂ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူ ၃ယောက် ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၂ နှစ်အရွယ် ကလေးငယ် တစ်ယောက် သေဆံဒးခဲ့ပြီး ပြည်သူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဆင်ပေါင်ဝဲတွင် အလောင်းသယ်သည့် စစ်ကားနှင့်ရှေ့ပြေးရဲကား မိုင်းခွဲခံရ၊ စစ်သားနှင့်ရဲ ၁၉ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ပဲခူးရိုးမပေါ် အလောင်းလာသယ်တဲ့ စစ်ကောင်စီကားအပါအဝင် ရှေ့ပြေး ရဲကားကို ဖြတ်တောက်တိုက်ခိုက်ရာ စစ်သားနဲ့ရဲ ၁၉ယောက်ထက်မနည်းသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီတပ် ကပစ ၂၄ မှ ဒုတပ်ကြပ် ၁ ဦး လက်နက် ၂ လက်နှင့်အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) က ဒုတပ်ကြပ်တစ်ယောက် လက်နက် ၂ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် (၅) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG စိုးမိုးထိန်းချုပ် ဧရိယာများတွင် ရွေးကောက်ပွဲ လုပ်ရန် ကြိုးစားမည့် စစ်ကော်မရှင်က ပြည်သူများကို ပိုမိုဒုက္ခပေးလာနိုင်ကြောင်း NUG ဝန်ကြီးချုပ် သတိပေး

အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်အောင် နည်းမျိုးစုံနဲ့ ကြိုးစားလာမယ့် အကြမ်းဖက်စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲမတိုင်ခင် ပြည်သူတွေကို ပိုမိုဒုက္ခပေးလာဖွယ်ရှိတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
Read More

အမေရိကန်ရောက် မြန်မာတွေရဲ့ တရုတ်အစိုးရကို ကန့်ကွက်ရှုတ်ချပွဲ (ဓာတ်ပုံသတင်း)

အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရောက် မြန်မာလူမျိုးတွေက လက်ရှိ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ရုံး (China Mission) ရှေ့မှာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲကို  ပြီးခဲ့တဲ့ နိုဝင်ဘာ (၈) ရက်မှာ ပြုလုပ်ခဲ့ပါတယ်။