မြိုင်-ပကဖက ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်း၊ အပတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို မတ်လ ၂၇ ရက်နေ့က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

သင်တန်းဆင်းပွဲအခမ်းအနားကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ တာဝန်ခံ၊ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ၊ ကမ္မတပ်ပေါင်းစုတာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ ဒေသတာဝန်ရှိသူတွေက အမှာစကားပြောကြားပြီး ထူးချွန်ဆု ရရှိသူတွေကို ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ 

NCO အပတ်စဉ် (၁/၂၀၂၄)ကို ပခုက္ကူခရိုင်တွင်းရှိရဲဘော်တွေ၊ ပကဖစုဖွဲ့မှုတပ်က တပ်မှူးငယ်တွေ၊ ဂန့်ဂေါခရိုင်က ရဲဘော်တွေ တက်ရောက်ခဲ့ကြတာဖြစ်ပြီး သစ္စာစောင့်သိမှု၊ စည်းကမ်းကောင်းမွန်မှု၊ အမိန့်နာခံတတ်မှု စတဲ့ ဘာသာရပ်တွေအပါအဝင် သင်တန်းကို စနစ်တကျအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေး-မုံရွာလမ်းပေါ် ခရီးသွားပြည်သူများအားအနိုင်ကျင့်ပိုက်ဆံတောင်းနေသည့် စစ်ကော်မရှင်တပ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မန္တလေး-မုံရွာလမ်းပေါ် ခရီးသွားပြည်သူတွေကို အနိုင်ကျင့်ပိုက်ဆံတောင်းနေတဲ့ စစ် ကော်မရှင်တပ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဧရာဝတီတိုင်း အမှတ် (၂၉) ဗျူဟာ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြီးစီး (ရုပ်/သံ)

အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ဧရာဝတီတိုင်းစစ်ဌာန အမှတ် (၂၉)ဗျူဟာ (AYA PDF) အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၉ ရက်က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ AYA PDF အမှတ်၂၉ ဗျူဟာမှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမြို့မှာ ငလျင်ဒဏ်ခံထားရသည့် အဆောက်အအုံဖြိုချရာ လမ်းမပေါ် ပြိုကျမှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ငလျင်ဒဏ်ခံထားရတဲ့ အဆောက်အအုံဖြိုချရာ လမ်းမ ပေါ်ပြိုကျခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ဘုတလင်မြို့နယ် စစ်တပ်အခြေစိုက်စခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင် ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာမှာရှိတဲ့ စစ်တပ်အခြေစိုက်စခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (Yadanarbon Revolutionary Force - YRF) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်သူကို စည်းလုံးမှုနဲ့ အနိုင်ယူနိုင်ခဲ့တဲ့ ‘Mufasa: The Lion King’ ဇာတ်ကားမှ ဇာတ်ကားဝင်တစ်ခုကို KIO/KIA ဒုဗိုလ်ချုပ်ကြီး ဂွန်မော်လူမှုကွန်ရက်မှာ မျှဝေ (ရုပ်/သံ)

တရုတ်နိုင်ငံဖိအားနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေးဖိအားများ ပြင်းထန်လာချိန်မှာ KIO/KIA ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ရန်သူကို စည်းလုံးမှုနဲ့ အနိုင်ယူနိုင်ခဲ့တဲ့ 'Mufasa: The Lion King' ကာ တွန်းဇာတ်ဝင်ခန်းတစ်ခုကို လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

မယ်ဆိုင်မှ တာချီလိတ်သို့ ပို့ဆောင်မည့် လက်လုပ်ပစ္စတို ၂၅ လက်အား သုံးဘီးယာဉ်အတွင်း ဖမ်းမိ (ရုပ်/သံ)

ထိုင်းနိုင်ငံ မယ်ဆိုင်ကနေ မြန်မာနိုင်ငံ တာချီလိတ်ကို ဝင်ရောက်မယ့် သုံးဘီးယာဉ် ၁ စီးအတွင်းကနေ လက်လုပ်ပစ္စတို ၂၅ လက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။