ကရင်နီပြည်၊ မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့ကြားက ပီကင်းကောခူကျေးရွာမှာ အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် အရပ်သားပြည်သူ ၅ ယောက် သေဆုံးခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ဧပြီလ ၅ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဧပြီလ ၄ ရက် မနေ့က မိုးဗြဲအခြေစိုက် ခမရ (၄၂၂) က မြို့တွင်းနဲ့ အနီးဝန်းကျင်က ကျေးရွာတွေကို တိုက်ပွဲမဖြစ်ပွားဘဲ အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ပီကင်းကောခူကျေးရွာထဲရှိ ဒေသခံအရပ်သား အမျိုးသား (၁) ယောက် လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မနေ့က မွန်းလွဲပိုင်းအချိန်မှာလည်း ပီကင်းကောခူကျေးရွာကိုပဲ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းရှိ နေအိမ်တွေ ထိမှန်ကာ အရပ်သားပြည်သူ အမျိုးသား (၄) ယောက် ထိမှန်သေဆုံးခဲ့သလို ဒဏ်ရာရရှိသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ငလျင်ကြောင့် ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်ကနေ ၂၂ ရက်အထိ ယာယီအပစ်ခတ်ရပ်စဲမယ်လို့ ကြေညာခဲ့ပေမယ့် ​အဲ့ဒီနေ့ကစပြီး ဒီနေ့အချိန်ထိ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ စစ်ကြောင်းထိုးတာတွေကို ဆက်တိုက် လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒါ့အပြင် ငလျင်ဒဏ်စတင်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကနေ ဧပြီလ ၅ ရက်နေ့အထိ စစ်ကောင်စီက ကရင်နီပြည်အတွင်း လေကြောင်း တိုက်ခိုက်မှုကြီး (၃) ကြိမ် လုပ်ဆောင်ခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှုတွေကိုလည်း နေ့စဉ်နီးပါး လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ဆင်ရေးကို ပြန်တိုက်မည့် အလင်းဝင် တပ်သားများ သင်တန်းဆင်းပွဲ

အကြမ်းဖက် စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေးကို ပြန်လည်တိုက်ခိုက်မယ့်၊ စစ်ကောင်စီထံကနေ အလင်းဝင်လာတဲ့ တပ်သားတွေကို ကျားသစ်နက်စစ်ကြောင်းက ဦးစီးပြီး အထူးတိုင်း ဗျူဟာအမှတ် ၃၂ အောင်ဇေယျ အပတ်စဥ် သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

နယ်ခြားစောင့်တပ် (၁၀၀၃) စင်ကြိုင်နဲ့ ကန်ပိုက်တည်းက ရတမ ၃၈၉ တပ်ကို KIA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ဌာနချုပ် (စင်ကြိုင်)နဲ့ ကန်ပိုက်တည်းမြို့က ရတမ ၃၈၉ ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေက ဖော်ပြလာပါတယ်။
Read More

မော်လမြိုင်ကျွန်းမြို့ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အာဂတိလိုက်စားလို့ဆိုပြီး နယ်ပြောင်းရွှေ့ခံရ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့က အကြမ်းဖက်စစ်တပ်လက်အောက်ခံ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သီဟဇော်ကို အာဂတိလိုက်စားမှုနဲ့ ပုသိမ်တိုင်းရုံးမှာ ခေါ်စစ်ဆေးရာကနေ နိုဝင်ဘာ ၂ ရက်​မှာ မုံရွာမြို့ကို ပြောင်းရွှေ့လိုက်ကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ဂန့်ဂေါ ခလရ ၅၀ ကနေ ပင်လယ်ဘူး ပို့ခံရတဲ့ ဗိုလ်မှူးခန့်မင်းကို ဆိုသူ တိုက်ပွဲမှာ ဆီးခုံကျည်မှန်ပြီး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ကနေ ပင်လယ်ဘူးတိုက်ပွဲဆီ ရဟတ်ယာဥ်နဲ့ စစ်ကူပို့ဆောင်ခံရတဲ့ အကြမ်းဖက်စစ်တပ်က ဗိုလ်မှူး ခန့်မင်းကို ဆိုသူဟာ ဆီးခုံကျည်ထိမှန်သေဆုံးသွားတယ်လို့ ယောအလင်းတန်း အဖွဲ့ဝင်ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပဲခူးတိုင်း အနောက်ခြမ်း မြို့နယ်များတွင် လမ်းများကို စစ်ကောင်စီ ဖျက်ဆီးထား

“အခုသူတို့ လမ်းဖျက်တာက PDF တွေကို ရိက္ခာဖြတ်ချင်လို့ပေါ့နော်။ အဲ့လို ပုံစံနဲ့ လမ်းတွေကို လာဖျက်ဆီးသွားတာပါ။ လမ်းဖျက်သွားတဲ့ ကြားက PDF စိုးမိုးနယ်မြေလို့ ပြောလို့ရတယ်။ အဲ့ဒါကြောင့်မို့ သူတို့က လမ်းလာဖျက်သွားတယ်၊ တကယ် ဒုက္ခရောက်တာက ပြည်သူတွေပါပဲ” လို့ အမည်မဖော်လိုတဲ့ ဒေသခံပြည်သူတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

တောင်ကမ္မရိုက်ကျေးရွာထဲ စစ်အုပ်စု လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်း ထိမှန်ပျက်စီး

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်ရှိ တောင်ကမ္မရိုက်ကျေးရွာထဲကို ထိတွေ့ပစ်ခတ်မှုမရှိဘဲ စစ်အုပ်စုက ဟောင်ဝစ်ဇာ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် စာသင်ကျောင်းဆောင်တွေ ထိမှန်ပျက်စီးသွားတယ်လို့ NMSP-AD / Ramonnya Mon Army က ထုတ်ပြန်ပါတယ်။