အကြမ်းဖက်စစ်ကောင်စီက မနေ့က ညပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ယာယီအပစ်ရပ်ကာလ သတ်မှတ်ကြေညာချက်အတိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ – KIO က ရက် ၂၀ ကြာ အပစ်အခတ်ရပ်ဆိုင်းထားမယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကြေညာချက်ဟာ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးဒဏ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင် ထုတ်ပြန်တာဖြစ်ကြောင်း နားလည်တယ်လို့ KIO က ဆိုပါတယ်။

KIO အနေနဲ့လည်း စစ်ကောင်စီရဲ့ ယာယီအပစ်ရပ်ကာလအတိုင်း ဧပြီလ ၂ ရက်ကနေ ဧပြီလ ၂၂ ရက်အထိ ခုခံကာကွယ်တာကလွဲလို့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ ယာယီ​အပစ်ရပ်ရေး ထုတ်ပြန်ချက် အပိုဒ် ၄ မှာ ယာယီအပစ်ရပ်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အခြားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်တာ၊ တပ်ဌာနချုပ်တွေကို နှောင့်ယှက် တိုက်ခိုက်တာ၊ အင်အားစုဆောင်းတာ၊ ပြင် ဆင် စုဖွဲ့တာ၊ နယ်မြေချဲ့ထွင်တာတွေ မပြုဖို့နဲ့ ပြုလုပ်ရင် လိုအပ်သလို တုန့်ပြန်သွားမယ်လို့ ​ဖော်ပြထားပါတယ်။ 

အဆိုပါအချက်တွေကို အကြမ်းဖက်စစ်ကောင်စီကပါ လိုက်နာဖို့ လိုအပ်တယ်လို့ KIO က သတိပေးထားပါတယ်။

KIO ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း “No ၄ သည် တိုက်ပွဲဆင်နွှဲနေသူများအားလုံး (SACလည်း) လိုက်နာရန် လိုအပ်။ ပြန်လည်ထူထောင်ရေးကို ရေရှည်လုပ်ရမည်ဖြစ်” လို့ မှတ်ချက်ပြုထားပါတယ်။

0 Shares:
You May Also Like
Read More

ရေးမှာ ပြည်သူ့စစ် စစ်သင်တန်းဆင်း ၁ဦး ရာမညပြောက်ကျားတပ်ဖွဲ့ထံ လာရောက်ပူးပေါင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပြည်သူ့စစ် စစ်သင်တန်းဆင်း ၁ဦး လက်နက်တွေနဲ့တကွ အလင်းဝင်ရောက်လာတယ်လို့  ရာမညပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် လူမရှိဘဲ သေနတ် ၁ လက်သာ တွေ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ပေမယ့် လူမရှိတာကြောင့် တွေ့ရှိတဲ့ သေနတ် ၁ လက်ကိုသာ သိမ်းဆည်းခဲ့တယ်လို့ Burma Revolution Rangers က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်ဒေသနှင့် ပြည်ပကိုရောက်နေသည့် မြန်မာနိုင်ငံသားများ ပြန်လာနိုင်ကြောင်း စစ်ကောင်စီ ဖိတ်ခေါ်

တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေနဲ့ ပြည်ပနိုင်ငံတွေမှာ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်တိမ်းရှောင်နေရတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လာနိုင်ဖို့ စစ်ကောင်စီက ဖိတ်ခေါ်လိုက်ပါတယ်။
Read More

အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်၊ နောင်တောကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ပြည်သူလူထု နေထိုင်ရာ နောင်တောကျေးရွာအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေကုက္ကိုလ် ကျားဖြန့်များ ရုံခါတဲ့ ည

ကရင်နယ်ခြားစောင့်တပ် BGF က အကြမ်းဖက်ဖက်စစ်တပ်နဲ့ ပေါင်းပြီး ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့နယ်က ကျားဖြန့်တွေကို အပြီးသတ် နှိမ်နင်းတော့မယ်လို့ ကြိုတင်အသိပေး သတင်းလွှင့်ပြီးတဲ့နောက် ရွှေကုက္ကိုလ်မှာရှိတဲ့ ငွေလိမ်ဂိုဏ်း ကျားဖြန့်သမားတွေ မနေ့က ညတွင်းချင်း အလုံးအရင်းနဲ့ ထွက်ခွာခဲ့ကြပါတယ်။
Read More

လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားဟု ဆို

လားရှိုးမြို့ကို လေကြောင်းကနေတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို MNDAA က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အသိပေး ထုတ်ပြန်ပါတယ်။