ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ တရုတ်ကြက်ခြေနီယာဉ်တန်းကို သေနတ်မိုးပေါ်ထောင်ကာ ပစ်ခတ် တားဆီးခဲ့ရတယ်လို့ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ဒီနေ့မှာ ဝန်ခံပြောဆိုလိုက်ပါတယ်။

ငလျင်ဒဏ်သင့်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ တရုတ်နိုင်ငံကြက်ခြေနီအဖွဲ့ရဲ့ ယာဉ် ၉ စီးပါ ယာဉ်တန်းဟာနောင်ချိုမြို့နယ်ကနေ မန္တလေးကို ထွက်ခွာလာချိန် မနေ့က ညပိုင်းမှာ နောင်ချိုမြို့နယ်၊ အုမ္မသီးရွာအနီး စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါယာဉ်တန်းက မြန်မာနိုင်ငံနဲ့ သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံးများတွေကို အကြောင်းမကြားထားသလို ယာဉ်တန်းကို မီးထိုးအချက်ပြ တားဆီးခဲ့ပေမယ့် မရပ်တာကြောင့် သေနတ် ၃ ချက် မိုးပေါ်ထောင်ပစ်မှ နောင်ချိုဘက် ပြန်လှည့်သွားခဲ့တယ်လို့ ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

နောင်ချိုမြို့ကို ထိန်းချုပ်ထားတဲ့ TNLA ရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီထံ ကြိုတင်သတင်းပို့ထားပေမယ့် စစ်ကောင်စီတပ်က စက်လက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ တရုတ်နိုင်ငံကြက်ခြေနီယာဉ်တန်းကို ကာကွယ်စောင့်ရှောက်ထားကာ လိုရာခရီး ပို့ဆောင်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

အုမ္မသီးရွာဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ TNLA တပ်တို့အကြား စစ်ဆိုင်ထားတဲ့နေရာဖြစ်ပြီး လက်ရှိမှာတော့ TNLA အပါ ညီနောင်မဟာမိတ် ၃ ဖွဲ့က ခုခံစစ်ကလွဲလို့ ဧပြီလ တစ်လတာ တစ်ဖက်သတ် အပစ်အခတ် ရပ်စဲထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

သိမ်းငှက်စစ်ဆင်ရေးအတွင်း စစ်မှုထမ်းတပ်သား ၁ဦး၊ ပျူ ၂ ဦးနှင့် ဆယ်အိမ်မှူး ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင် အလင်းဝင်ရောက်ခဲ့

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ တော်လှန်ရေးတပ်တွေ "သိမ်းငှက်စစ်ဆင်ရေး" လုပ်ဆောင်နေချိန်အတွင်း စစ်မှုထမ်းတပ်သားနဲ့ ပျူစောထီးတွေအပါ လူ ၄ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး အလင်းဝင်ခိုလှုံလာခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မင်းကင်းမြို့နယ် ပကဖ ဆေးတပ်ဖွဲ့က စစ်ဘေးရှောင်ပြည်သူနှင့် စာသင်ကျောင်းတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ​တွေနဲ့ စာသင်ကျောင်း​တွေကို မင်းကင်းမြို့နယ် ပကဖ ဆေးတပ်ဖွဲ့က စက်တင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်မှာ ကျန်းမာ​ရေး ​စောင့်​ရှောက်မှု​ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ချင်းပြည်နယ်၊ မင်းတပ်မြို့အဝင် တောတန်းတစ်လျှောက် တောမီးများ လောင်နေ

မကွေးတိုင်းကနေ ချင်းပြည်နယ်၊ မင်းတပ်မြို့အဝင် တောတန်းတစ်လျှောက်မှာ တောမီးတွေ လောင်ကျွမ်းနေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၂ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန် ပြန်လာချင်တဲ့ ရဲဘော်လူငယ်တွေရဲ့ လမ်းခရီးမှာ လက်နက်တပ်ဆင်ပေးဖို့ မျှော်လင့်ခြင်း ရန်ကုန်

ရန်ကုန်ကို ရောက်နိုင်ဖို့ မျှော်လင့်ချက်တွေနဲ့အတူ ရဲဘော်တွေကို လက်နက်​ပြည့် တပ်ဆင်ပေးနိုင်ဖို့ မျှော်လင့်ခြင်း ရန်ကုန်ဆိုတဲ့ ကမ်ပိန်းလုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်းက မောင်းကို ပြောပါတယ်။
Read More

ကျေးရွာတွေကို စောင့်ရှောက်မှုပေးတာကြောင့် ရွာခံတွေမှ ရေးဘီလူးကို ဂုဏ်ပြုကြိုဆို

မွန်ဒေသထဲက ကျေးရွာတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့က ပြီးခဲ့တဲ့ ၅ လတာအတွင်း စောင့်ရှောက်မှုပေးခဲ့တာကြောင့် ဒေသခံတွေက ရေးဘီဘူးအဖွဲ့ကို ဖိတ်ကြားပြီး ဂုဏ်ပြုကြိုဆိုပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ရဲထွက် အုပ်ကြီးနှင့် လူမိုက်အဖွဲ့ရှိသည့် မြောက်ဥက္ကလာ ၂၂ ရပ်ကွက်ရုံးကို ဖောက်ခွဲတိုက်ခိုက် 

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂၂) ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေးအဖွဲ့တွေက မိုင်း၊ လက်ပစ်ဗုံးတွေနဲ့ ဖောက်ခွဲ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Yangon Army ထံက သိရပါတယ်။