ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ တံတားကြီးကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်က လူငယ်တချို့ကို တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ စစ်သင်တန်းတက်ရောက်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားကြောင်း သိရပါတယ်။
စက်တင်ဘာ ၁၆ ရက် ညပိုင်းက စုစုပေါင်း လူငယ် ၉ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“လွတ်မြောက်နယ်မြေ ရောက်နေသူတွေ အာတွေချောင်ပြီး လူမှုကွန်ယက်တွေမှာတင်လို့ အဖမ်းခံကြရတာ။ အမှန် သင်တန်းတက်တယ်မတက်ဘူးဆိုတာလည်း ဘယ်သူမှ အတတ်မသိဘူး။ တချို့ဆိုရင် မအူပင် သံစုံတီးဝိုင်းဘာညာ အစုံလျှောက်ရေးတင်နေကြတော့ အကြမ်းဖက်စစ်တပ်က စောင့်ကြည့်နေတာပေါ့။ အခု အဖမ်းခံရတဲ့ကလေးတွေကို သေနတ်တွေနဲ့ ပစ်ပြီးဖမ်းတာလေ” လို့ မအူပင်မြို့ နေထိုင်သူတစ်ယောက်က ပြောပြပါတယ်။
သူကပဲ ဆက်ပြီး “အားလုံး ၁၁ယောက်ကို သူတို့လိုက်ဖမ်းတာ။ ၂ယောက်လွတ်သွားတယ်။ ၉ယောက်တော့ အဖမ်းခံလိုက်ရတယ်။ အရပ်ကား အရပ်ဝတ်တွေနဲ့ သွားဖမ်းတာ။ သေနတ်တွေနဲ့ပစ်
ဖမ်းတာ.. ထိခိုက်မှုတော့မရှိဘူး။ အခု အကြမ်းဖက်စစ်တပ်ကကောင်တွေဆီမှာရှိတဲ့ နာမည်စာရင်းတွေနဲ့ လိုက်ဖမ်းနေတာ။ သူတို့လိုချင်တဲ့သူမရှိလို့ နာမည်စာရင်းထဲပါတဲ့ မိသားစုဝင် ဇနီးမယားတွေကိုပါ ဖမ်းသွားတယ်” လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ကို တော်လှန်ချင်တဲ့ လူငယ်အများစုဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထံမှာ စစ်သင်တန်းတက်ရောက်ကာ တော်လှန်ရေးဆင်နွှဲနေကြပြီး အကြမ်းဖက်စစ်တပ်ကလည်း လူငယ်တွေအပေါ် အကြောင်းပြချက်မျိုးစုံနဲ့ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – အကြမ်းဖက်စစ်သားများ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ဥကရစ်ထစခန်း ကာကင်းကုန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အရာရှိ အပါအဝင် စစ်သားတွေ လက်နက်ချအညံ့ခံ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ အထိုင်ချ ဥကရစ်ထစခန်းအတွက် ကာကင်းလုပ်ထားတဲ့ ရွှေအေးမြိုင်ဘုရားကုန်းက အကြမ်းဖက်စစ်သားတွေ လက်နက်ချအညံ့ခံခဲ့တယ်လို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ ဆေးတပ်ဌာနခွဲရဲ့ ရှေ့တန်းစစ်မြေပြင် ဆေးတပ်သားသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊  ဆေးတပ်ဌာနခွဲကနေ ဦးစီးပြုလုပ်တဲ့ ရှေ့တန်းစစ်မြေပြင် ဆေးတပ်သားသင်တန်းရဲ့သင်တန်းဆင်း ပွဲအခမ်းအနားကို စက်တင်ဘာ ၂၇ရက်မှာ ပြုလုပ်ခဲ့တယ်လို့ Nay Pyi Taw PDF က ဒီနေ့မှာ သတင်းဓာတ်ပုံတွေ ထုတ်ပြန်လာပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အဦးတွေကို မြို့ပြတော်လှန်ရေးအဖွဲ့တွေ ဆက်တိုက်ဆိုသလို တိုက်ခိုက်လာ

အကြမ်းဖက်စစ်ကောင်စီရဲ့ အဓိကအာဏာတည်မြဲရာ ရန်ကုန်မြို့ပြမှာ မြို့ပြတော်လှန်ရေးအဖွဲ့တွေရဲ့လှုပ်ရှားမှုတွေ စက်တင်ဘာလထဲ ဆက်တိုက်ဆိုသလို တွေ့လာရပါတယ်။
Read More

Special Operation Group(SOG) စစ်ကြောင်းရဲ့ အထူးစစ်ဆင်ရေးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား…

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃) ၊ Special Operation Group - SOG (P-29916) စစ်ကြောင်းက ပြုလုပ်တဲ့ အထူးစစ်ဆင်ရေး မွမ်းမံသင်တန်းနဲ့ မြို့ပြစစ်ဆင်ရေးသင်တန်းရဲ့ သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ SOG စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲအတုကို လက်မခံကြောင်း အမေရိကန်ရောက် မြန်မာများ အိမ်ဖြူတော်ရှေ့ ဆန္ဒပြ

အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း အမေရိကန်နိုင်ငံရောက် မြန်မာတွေက နိုဝင်ဘာ ၂၂ ရက်မှာ သမ္မတရဲ့ အိမ်ဖြူတော်ရှေ့မှာ သွားရောက်ဆန္ဒပြခဲ့ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေး တာဝန်ယူပေးခဲ့တဲ့ သုံးရောင်ခြယ်အဖွဲ့ဝင် ကိုမြတ်စံရဲ့ နောက်ဆုံးခရီး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေး တာဝန်ယူပေးခဲ့တဲ့ သုံးရောင်ခြယ် ကျောင်းသားအဖွဲ့ဝင် ကိုမြတ်စံရဲ့ နောက်ဆုံးခရီးကို ဒီကနေ့နေ့လယ် ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။