ချင်းပြည်နယ်၊ ထန်တလန်မြို့က လိုင်ဗီလာဟိုတယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၃ ယောက်က သေနတ် ၄ လက်နဲ့ ခဲယမ်းတွေကို ယူဆောင် အလင်းဝင်ရောက်လာခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လိုင်ဗီလာဟိုတယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သား ၃ ယောက်ဟာ စက်တင်ဘာလ ၁၆ ရက် နေ့လည်ပိုင်းမှာ Chinland Council ထံ အလင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်သား ၃ ယောက်ဟာ G-3 အမျိုးအစား သေနတ် ၄ လက် ၊ ကျည်ဘောက်တွေ၊ ကျည်ဆံ အမြောက်အမြားနဲ့အတူ အလင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
အလင်းဝင်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို ဆုချီးမြှင့်ပေးသွားဖို့ ရှိနေပြီး လွတ်မြောက်နယ်မြေတစ်နေရာကို ပို့ဆောင်ပေးသွားမယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်တပ်လေယာဥ်ကွင်းအတွက် သုံးမည့် ကျွန်းသစ်တင် ဆယ်ဘီးကားကို Southern Yesagyo တပ်ပေါင်းစု ဖမ်းဆီးထား၊ ကျောတိုက်နယ်ပအဖထံမှ လေလံအောင်ထားသော ကျွန်းသစ်များဟု သိရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေယာဥ်ကွင်းတည်ဆောက်ရေးအတွက် အသုံးပြုဖို့ ကျွန်းသစ်တွေသယ်ဆောင်လာတဲ့ ဆယ်ဘီးကား ၁ စီးကို ဖမ်းဆီးရမိခဲ့တယ်လို့ Southern YSO PDF က အောက်တိုဘာ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းတွင် အကြမ်းဖက် ရဲစခန်းမှူးနေအိမ်နှင့် ဗိုလ်တဲအား မီးရှို့ပြီး ပျူစခန်းကို ဒရုန်းဖြင့်ဗုံးကြဲ၊ စစ်ကူတပ်ကိုလည်း မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စု အထိုင်ချရာနေရာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရင်း ရဲစခန်းမှူးနေအိမ်နဲ့ ဗိုလ်တဲစခန်းတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်တပ်က အပစ်ရပ်ထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်များ လာရောက်တိုက်ခိုက်နေသည်ဟု ဇော်မင်းထွန်း ဝါဒဖြန့်ပြောဆို

စစ်တပ်က ပစ်ခတ်တိုက်ခိုက်မှုကို ရပ်စဲထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေက ဆက်လက်တိုက်ခိုက်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဝါဒဖြန့် ပြောဆိုပါတယ်။
Read More

မြစ်ခြေတွင် နေအိမ် ၂၀၀ ကျော် မီးရှို့ခဲ့သည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်အုပ်စုဘက်မှ ၁၅ ဦး သေကာ အများအပြားထိခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်‌ခြေမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က စစ်သားနဲ့ ပျူ ၁၅ ယောက် သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဧရာဒေါင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မုံရွာမှာ ဓားပြတိုက်၊ လူသတ်၊ ကားလုယက်မှု ကျူးလွန်သူ ၆ ယောက်မှာ အသက် ၂၂ နှစ်အောက် လူငယ်တွေဖြစ်ပြီး အသက် ၂၀ အရွယ် မိန်းကလေး ၂ ယောက် ပါဝင်…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သလ္လာ အမှတ် ၄ ရပ်ကွက်၊ မိုဃ်းကောင်းလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်လူသတ် ကားလုယူမှုမှာ ကျူးလွန်သူ ၆ ယောက်မှာ အသက် ၂၂ အောက်တွေ ဖြစ်ပြီး မိန်းကလေး ၂ ယောက်ပါဝင်တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၄) ဦး သေဆုံး၊ (၄) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၄) ယောက် သေဆုံးပြီး (၄) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။