ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၂ သန်းထောက်ပံ့ကူညီသွားမယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒါဟာ အမေရိကန်က မြန်မာနိုင်ငံကို ငလျင်နဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် အကူအညီ စတင်ပေးအပ်လာတာ ဖြစ်ပါတယ်။

အကူအညီတွေကိုတော့ မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့တွေကတဆင့် ချိတ်ဆက်ပေးပို့သွားမယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြင်းထန်စွာ ငလျင်ဒဏ် ခံစားခဲ့ရတဲ့ဒေသတွေကို အမေရိကန်က ကူညီပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း မနေ့က မတ် ၂၉ ရက်မှာ ပြောကြားထားပါတယ်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်အတွက် ကူညီပေးသွားမှာပါ။ ဒီလို အကူအညီပေးရေးအတွက် သက်ဆိုင်ရာနိုင်ငံက သူတွေနဲ့ စကားပြောဆိုမှုတွေ လုပ်ပြီးပါပြီ” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

တဆက်တည်းမှာပဲ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ရဲ့ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ကလည်း ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် အရေးပေါ် နားခိုစရာ၊ အစားအသောက်၊ ဆေးဝါး၊ ရေ စတဲ့ အပူတပြင်း လိုအပ်ချက်တွေကို ဖော်ထုတ်ဖို့ မြန်မာနိုင်ငံကိုရောက်ရှိလာမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ချင်းမိုင်မှာ ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေသူတွေကို ဆင်တွေနဲ့ စားနပ်ရိက္ခာ လိုက်လံထောက်ပံ့

ထိုင်းနိုင်ငံမြောက်ပိုင်းက စံချိန်တင်ရေကြီးနေတဲ့ ချင်းမိုင်ခရိုင်အတွင်း ပိတ်မိနေသူတွေဆီ ဆင်တွေနဲ့ စားနပ်ရိက္ခာတွေ လိုက်လံထောက်ပံ့ပေးနေတာတွေကို ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Read More

ဒီဇင်ဘာမကုန်ခင် ပန်းရောင်ကတ် လုပ်ပေးမယ်လို့ ထိုင်းအစိုးရ ကြေညာ

ထိုင်းနိုင်ငံအတွင်းက အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်ကတ်လို့ ခေါ်တဲ့ တရားဝင် အလုပ်လုပ်ခွင့်ကတ်ကို လာမယ့် ဒီဇင်ဘာလ ၃၀ ရက်မတိုင်ခင် ပြုလုပ်ပေးသွားမယ်လို့ မနေ့က နိုဝင်ဘာ ၂၆ ရက်မှာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Read More

အစ္စရေး-အီရန်ပဋိပက္ခအရေး EU ခေါင်းဆောင်များနှင့် အီရန်ဆွေးနွေးမည်၊ အီရန်နျူကလီးယားစခန်းကို တိုက်ခိုက်ဖို့ စဉ်းစားနေသည်ဟု ထရမ့်ပြော

အစ္စရေး-အီရန်ပဋိပက္ခအရေး အဆုံးသတ်ဖို့ ကြိုးပမ်းချက်အနေနဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမန်နဲ့ EU ခေါင်းဆောင်တွေဟာ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi နဲ့ သောကြာနေ့ ဂျနီဗာမြို့မှာ ဆွေးနွေးကြဖို့ ရှိပါတယ်။ 
Read More

ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းကျိန်ပွဲကို ရာထူးဆိုင်းငံ့ခံထားရသည့် ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် ယဥ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက် 

ရာထူးတာဝန်ကနေ ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ဟာ အသစ်ဖွဲ့စည်းထားတဲ့  ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ယဉ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက်လာခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ 
Read More

စစ်အာဏာသိမ်းခံထားရသည့် မြန်မာနိုင်ငံတွင် တရားစီရင်ရေးစနစ်အပေါ် ယုံကြည်မှု ပြိုလဲသွားပြီဟု ကုလ ထုတ်ပြန်

မြန်မာနိုင်ငံက လူငယ်တွေဟာ စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အကြာ ဒီနေ့အချိန်မှာ တရားစီရင်ရေးစနစ်အပေါ် လုံးဝယုံကြည်မှု မရှိတော့ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP Myanmar က ဒီနေ့ အောာက်တိုဘာလ ၁၄ ရက်မှာ ထုတ်ပြန်လိုက်လာပါတယ်။
Read More

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်က မြို့နယ်၂ခုမှာ ၂ရက်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့ မြန်မာ ၂၆ ယောက် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲက မဲဆောက်နဲ့ ဖုတ်ဖရမြို့နယ်တို့မှာ ၂ရက်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၆ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။