မြန်မာပြည်ကို ရောက်ရှိလာတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ မန္တလေးမှာ စတင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အထူးသဖြင့် လူတွေပိတ်မိနေပြီး အခြေအနေဆိုးရွားတယ်လို့ ယူဆရတဲ့ နေရာတွေဖြစ်တဲ့ Sky Villa ကွန်ဒို၊ Great Hall ဟိုတယ် အစရှိတဲ့နေရာတွေမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်နေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Mandalay Great Wall Hotel တစ်ခြမ်းပြိုကျခဲ့ပြီး လူဦးရေ ၈၀ထက်မနည်း ပိတ်မိနေတဲ့အခြေအနေမှာ အိန္ဒိယနိုင်ငံက ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် အထပ်ပေါင်းများစွာ မြေကြီးအတွင်း ကျွံဝင်ပြိုကျသွားတဲ့ Sky Villa ကွန်ဒိုမှာလည်း တရုတ်ကယ်ဆယ်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီလို့ သိရပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာ့ငလျင်ဘေးအတွက် တုံ့ပြန်ကူညီဆောင်ရွက်မှုအဖြစ် Operation Brahma စီမံချက်အမည်နဲ့ အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို မတ်လ ၂၉ ရက်မှာ စတင်ပေးပို့နေပြီလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံကလည်း ယူနန်ပြည်နယ်က ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကို ဆက်တိုက်စေလွှတ်ကာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မင်္ဂလာဒုံ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ လေတပ်ဝန်းထဲကို မစ်ဇိုင်းဒုံး ၃ လုံး ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ လေတပ်ဝန်းထဲကို မစ်ဇိုင်းဒုံးတွေ ပစ်ခတ်တိုက်ခိုက်တာဟာ ပြည်ပထွက်ခွာမယ့် လူငယ်တွေကို နည်းမျိုးစုံနဲ့ ငွေညှစ်မှု ပိတ်ပင်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီကို တုံ့ပြန်တာဖြစ်တယ်လို့ Shawdow SAF အဖွဲ့က ပြောပါတယ်။
Read More

နှစ်ကူးလွတ်ငြိမ်းခွင့်မှာ ကနဦးအတည်ပြုချက်အရ နိုင်ငံရေးအကျဉ်းသား ၂၂ ဦး ပါဝင်

မြန်မာနှစ်ကူးဖြစ်တဲ့ သင်္ကြန်နှစ်ဆန်း ၁ ရက်နေ့ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၂ ယောက် ပါဝင်လာကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က‌ ကနဦး အတည်ပြု ထုတ်ပြန်လာပါတယ်။
Read More

စစ်ကောင်စီက လားရှိုးမြို့ကို ၂ လအတွင်း အကြိမ် ၇၀ ကျော် လေကြောင်းတိုက်ခိုက်

လားရှိုးမြို့ကို ၂လအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၀ ကျော် ပြုလုပ်ခဲ့ကြောင်း ကိုးကန့်တပ်မတော် MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ ရဲတပ်ကြပ် ၁ ယောက် ဇနီးသည်နဲ့အတူ လက်နက်ယူဆောင်ပြီး အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရဲတပ်ကြပ်၁ယောက် ဇနီးသည်နဲ့အတူ လက်နက်ခဲယမ်းတွေပါ သယ်ဆောင်ပြီး မြိုင်ပကဖထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
Read More

ယောကာကွယ်ရေးတပ်က ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် စိုးမိုးနယ်မြေအတွင်း ချောင်းကူးလမ်းလွှဲတံတား ဆောက်လုပ်ပေးခဲ့

ယောဒေသ မြောက်ပိုင်းရှိ ကျေးရွာ (၁၀) ရွာခန့်က ပြည်သူတွေ အဓိကထား အသုံးပြုနေရတဲ့ ချောင်းကူးတံတားမှာ ထက်ပိုင်းကျိုးလုနီးပါး ဖြစ်နေပြီး ယာဥ်တွေ ဖြတ်သန်းမောင်းနှင်ရာမှာ အန္တရာယ် ရှိလာနိုင်တဲ့အတွက် အခွန်ဂိတ်တွေက ရရှိတဲ့ ဘဏ္ဍာငွေတွေထဲက ဒေသဖွံဖြိုးရေးအတွက် အချိုးကျ အသုံးပြုကာ လမ်းလွှဲတံတား တည်ဆောက်ခဲ့တယ်လို့ ယောဒေသ အခြေစိုက် ယောကာကွယ်ရေးတပ် - YDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ဂူဒေသကို စစ်ကောင်စီ တစ်ရက်အတွင်း ဗုံးသီး ၅၀ ကျော် ကြဲချ၊ ပြည်သူ ၃ယောက် သေဆုံးပြီး ၁၀ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ကျောက်ဂူဒေသကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်လို့ အရပ်သားပြည်သူ (၃)ယောက် အသက်ဆုံးရှုံးခဲ့ရပြီး (၁၀)ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) က ထုတ်ပြန်ပါတယ်။