ငလျင်ဒဏ်ခံစားနေရတဲ့ ပြည်သူလူထုကို ထောက်ပံ့နိုင်ဖို့ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသအစိုးရနဲ့ ပြည်သူလူထုက အလှူငွေတွေထည့်ဝင်ပြီး လိုအပ်နေတဲ့ နေရာတွေကို ပို့ဆောင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ ရှမ်းပြည်အရှေ့ပိုင်းအထူးဒေသ ၄ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ငွေတွေ၊ ထောက်ပံ့ရေးပစ္စည်းတွေကိုလိုအပ်နေတဲ့ နေရာတွေဆီ ရောက်ရှိနိုင်ဖို့ ဆောင်ရွက်နေပြီး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေကို ပြည်သူ့အကျိုးအတွက် ကူညီပေးသွားမယ်လို့ သိရပါတယ်။

အင်အားပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုတွေနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေအတွက် လည်း လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံရောက် ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများ တိုက်ခိုက်ခံရအပြီး လုပ်သားထောင်ချီ နေရပ်ပြန် (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ တိုက်ပွဲများ ပြင်းထန်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံအတွင်း ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများ တိုက်ခိုက်ခံလာရခြင်းနဲ့အတူ ထောင်ချီတဲ့ ကမ္ဘောဒီးယားလုပ်သားတွေဟာ နေရပ်ပြန်လျက်ရှိပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်သားများ အခြေစိုက်နေရာတွေကို ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြိုပေါ်က စစ်ကောင်စီတပ်သားတွေ အခြေစိုက်ရာ နေရာတွေကို တော်လှန်ရေး အင်အားစုတွေက အနီးကပ် မိုင်းထောင်ပြီး ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း Myingyan Black Tiger (MBT) က ထုတ်ပြန်ပါတယ်။
Read More

စစ်မြေပြင်က ပြန်လာတဲ့ PLA ရဲဘော်တွေကို ဒေသခံပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်မြေပြင်ကနေ အောင်ပွဲနဲ့ ပြန်လာကြတဲ့ PLA ရဲဘော်တွေကို အညာဒေသခံပြည်သူတွေက 'ပြည်သူရင်ဖွား ပြည်ချစ်သား' ဆိုပြီး အော်ဟစ်ကြိုဆိုနေတဲ့ ရုပ်သံဖိုင်တစ်ခု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLA က ထုတ်ပြန်လိုက်ပါတယ်။
Read More

မင်းနေကုန်းကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ အထိုင်ချထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ဇန်နဝါရီ ၂ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Hero Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း ပျူစခန်းကို ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ ထနှောင်းကုန်းပျူစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပုဂံဂဠုန်တပ်က မနေ့က အောက်တိုဘာ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

အင်အားပြင်းငလျင်ကြောင့် သမိုင်းဝင်ရွှေစာရံဘုရားထီးတော် မြေခ (ရုပ်/သံ)

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ထဲက ပုဂံခေတ် မိဖုရားစောမွန်လှ တည်းထားခဲ့တဲ့ သမိုင်းဝင်ရွှေစာရံဘုရားဟာ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ဘုရားထီး‌တော်မြေခခဲ့ရတယ်လို့ သိရပါတယ်။