စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အရပ်သားနေအိမ်တွေကို ဖျက်ပြီးသယ်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ပျူစောထီးရွာ၂ ရွာကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် စစ်အုပ်စုဘက်က ၅ယောက် သေဆုံးခဲ့ကြောင်း မဟူရာရွှေဘိုသားအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မတ်လ ၂၆ရက် မနေ့က မနက်အစောပိုင်းမှာ ဇီးဖြူကုန်းပျူစောထီးရွာက အရပ်သားနေအိမ်တွေကို ဖျက်ပြီး သီးလုံးပျူစောထီးရွာဆီ ပြန်သယ်လာတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကိုတော်လှန်ရေးတပ်တွေက  လမ်းခုလတ်တစ်နေရာကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအတွင်း ပြည်သူ့စစ်ခေါင်းဆောင် ဘထော်၊ ရဲ‌ ၁ယောက် နဲ့ ပျူစောထီး ၃ယောက် သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်တွေလည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

“အရပ်သားတွေက စစ်ရှောင်နေကြတာ။ အဲ့ဒီ အိမ်တွေကို ဘထော်က ဦးဆောင်ပြီး ဖျက်သယ်နေကြတာပါ။ မီးမရှိုဘဲ ကျန်ခဲ့တဲ့ အိမ်တွေပေါ့။ သူတို့အဲ့လိုယူတဲ့အိမ်တွေ မနည်းဘူးဗျ” လို့ မဟူရာရွှေဘိုသားအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မဟူရာရွှေဘိုသား PDF နဲ့အတူ DaungMann ၊ ဇေယျ‌သွေး၊ Snake Eyes မဟာညီနောင်အဖွဲ့၊ one day အဖွဲ့နဲ့ နယ်မြေခံ ပကဖတွေအတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

မဟူရာရွှေဘိုသား PDF မှ ထုတ်ပြန်ထားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ပုံရိပ်များ (ဓာတ်ပုံ မဟူရာရွှေဘိုသား)

0 Shares:
You May Also Like
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ အကြမ်းဖက်စစ်တပ် ဆုတ်ခွာထွက်ပြေးစဥ် ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ပြည်သူများက CDF-Mindat ထံ အပ်နှံ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်သားတွေ ဝှက်ထားခဲ့တဲ့ လက်နက် ၄ လက်နဲ့ ခဲယမ်းတွေကို ပြည်သူတွေ လာရောက်အပ်နှံခဲ့တယ်လို့ Chin Defence Force - Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Tiger Dragon Revolution Force ရဲဘော်တွေကို တန်းစီလူစစ်ဆေးခြင်းနဲ့ ဝတ်စားဆင်ယင်မှု စစ်ဆေးမှုပုံရိပ်များ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF တပ်ရင်း - P29909 ၊ တပ်ခွဲ(၃) Tiger Dragon Revolution Force မိုင်းထုတ်လုပ်ဖောက်ခွဲရေးနဲ့ တိုက်ခိုက်ရေးတပ်ခွဲ၊ တပ်ခွဲမှူးက အပတ်စဉ် တနင်္လာနေ့တိုင်း တပ်ခွဲရှိ ရဲဘော်တွေကို တန်းစီလူစစ်ဆေးခြင်းနဲ့ ဝတ်စားဆင်ယင်မှုစစ်ဆေးခြင်း မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ခွဲက ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပြင်ဦးလွင် ခရိုင်၊မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရဲ့ အထူးတိုက်ခိုက်ရေး သင်တန်း ဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ပြင်ဦးလွင် ခရိုင်၊မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ရဲ့ အထူးတိုက်ခိုက်ရေး သင်တန်း ဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ ပြင်ဦးလွင်မြို့နယ် ပကဖ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဓားစာခံများအား ဖမ်းဆီးလာသည့် စစ်အုပ်စု ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးကာ ပြည်သူ ၇ဦး ထွက်ပြေးလွတ်မြောက်

“ကလေးငယ်တွေအပါအဝင် အမျိုးသမီးနဲ့ အမျိုးသား ၄၀ လောက်ကို ဖမ်းတယ်။ ၂၃ရက်နေ့မှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ပြန်လွှတ်ပေးတယ်။ ၂၄ရက်နေ့ကျ ဘန့်ဘွေးကုန်းရွာက စခ စခန်းဆီ အမျိုးသားတွေ ဖမ်းခေါ်လာတယ်သတင်းရလို့ စောင့်တိုက်တာ။ ဘန့်ဘွေးကုန်းက စခ စခန်းကို မသာ ၁၅လောင်းနဲ့ ဒဏ်ရာရ ၃ကောင် သယ်လာတယ်လို့ ကြားသိရတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျောက်ဖြူ ဓည၀တီရေတပ်စခန်းကို AA စတင်တိုက်ခိုက်၊ စစ်တွေအနီးတွင်လည်း တိုက်ပွဲများပြင်းထန်နေ

တရုတ်စီမံကိန်းတွေ အများစုတည်ရှိရာ ကျောက်ဖြူက ဓည၀တီရေတပ်စခန်းကို အာရက္ခတပ်တော် AA က စတင်တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာကို စစ်ကောင်စီ လေကြောင်းနဲ့ တိုက်ခိုက်၊ ဒေသခံပြည်သူ ၄၀ ထက်မနည်းသေဆုံးပြီး ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီး

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၄၀ ထက်မနည်း သေဆုံးပြီး ရွာလုံးကျွတ်နီးပါး နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။