တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်မှာရှိတဲ့ ချောင်းနှစ်ပေါက် တံတားကို စစ်ကောင်စီက ဒီနေ့ (မတ်လ ၂၃) နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ တံတားပြိုကျပျက်စီးသွားကြောင်း သိရပါတယ်။

မြေပြင် တော်လှန်ရေးရဲဘော် ၁ယောက်ရဲ့ ပြောပြချက်အရ တနင်္သာရီမြို့နယ်၊ ထုံခါ- မောတောင် အာရှလမ်းမကြီးပေါ်က သိန်ခွန်းကျေးရွာအုပ်စုမှာ   KNU/KNLA, PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲပြင်းထန်နေတဲ့အတွက် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလည်းအဆက်မပြတ် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်းလောက်ကတည်းက အထက်ပါ မောတောင်လမ်းပိုင်းကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုရှိနေတာကြောင့် သိန်ခွန်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့သည့် ချောင်းနှစ်​​ပေါက်တံတား

“မောတောင်လမ်းပိုင်း (အာရှလမ်းမကြီး) ကို သူတို့က ပြန်ပြီး ထိန်းချုပ်ချင်နေတာပေါ့။ အဲ့တော့ သူတို့မောတောင်စခန်းမရောက်ခင်မှာပဲ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တာပါ။ တိုက်ပွဲကနေ့တိုင်းရှိတယ်။ သူ့တို့ဘက်က အထိအခိုက်များတယ်။” လို့ မြေပြင်​တော်လှန်ရေး တပ်ဖွဲ့ဝင်၁ယောက်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ သိန်ခွန်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲရင်း လက်နက်ကြီး အဆက်မပြတ်ပစ်နေသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ၃လကျော်အတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၁ရက်နေ့ကလည်း ကျေးရွာအတွင်း ရိက္ခာပြန်ယူတဲ့ ချောင်းလမုရွာခံ အရပ်သား ၃ယောက်ဟာ စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ပါသေးတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သိန်ခွန်း၊ ချောင်းနှစ်ပေါက်၊ ထုံခါ၊ ချောင်းလမု၊ ရေဖြူနဲ့ ကွမ်းသီးတော စတဲ့​ ကျေးရွာတွေက အရပ်သား ၄ထောင်နီးပါးဟာ လက်ရှိအချိန်အထိ ရွာတွေထဲပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ဟင်္သာတမြို့ စက်မှုအထက်တန်းကျောင်းက ဆရာဆရာမတချို့ PDF ထောက်ပံ့တယ်ဆိုပြီး စစ်တပ် ဖမ်းဆီး

ဧရာဝတီတိုင်း ဟင်္သာတမြို့ စက်မှုအထက်တန်းကျောင်းက ကျောင်းဆရာ ဦးကြည်ဝင်း အပါအဝင် ဆရာဆရာမတချို့ကို PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

မကွေးတိုင်းတွင် ၂၀၂၅ ခုနှစ် ၄ လတာအတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၁၀၉ ဦး သေဆုံးခဲ့

မကွေးတိုင်းအတွင်း ဇန်နဝါရီလ အစကနေ ဒီနေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၁၀၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သထုံအကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင် ကျဆုံး

မွန်ပြည်နယ်၊ သထုံအကျဥ်းထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင်ဟာ အကျဉ်းထောင်အတွင်းမှာပဲ ကျဆုံးသွားပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ နမခ တပ်နယ်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား၂ဦးကို မုံရွာ ပကဖ စစ်​ဆေးနေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တပ်နယ် ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ယောက်ကို လက်နက်နဲ့အတူ ဖမ်းဆီးရမိပြီး မုံရွာ ပကဖ ထံအပ်နှံခဲ့တယ်လို့ CHU PDF သတင်းနှင့် ဆက်သွယ်ရေး တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မိတ္ထီလာတွင် အုပ်ချုပ်ရေးမှူးနှင့် ထွေအုပ်စာရေး ရုံးအုပ်ကြီးတို့ ရက်ပိုင်းပဲခြားကာ လက်သည်မပေါ်ဘဲ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ယောက် ပစ်ခတ်ရှင်းလင်းခံရပြီးရက်ပိုင်းအကြာမှာပဲ ထွေအုပ်ရုံးက ရုံးအုပ်ကြီး မြင့်အေး ဆိုသူ ထပ်မံပစ်ခတ်ရှင်းလင်းခံရကာ သေဆုံးသွားကြောင်း သိရပါတယ်။
Read More

သေနတ်နဲ့ပစ်ခံရတဲ့ မန္တလေးက ယာဉ်ထိန်းဒုရဲအုပ် ရဲမေ အဆုတ်ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ပဲ ဆေးရုံမှာ သေ

မန္တလေးမှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဒုရဲအုပ် ယာဥ်ထိန်းရဲမေ ဖူးပွင့်ဇော်မှာ မနေ့ည (အောက်တိုဘာ ၁၄) ကပဲ အဆုတ်ကျည်ဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။