စစ်ကောင်စီ က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျိုက်ထိုခရွဲကျေးရွာဘုန်းကြီးကျောင်းက ဦးပဇ္ဇင်းတစ်ပါး ပျံလွန်ပြီး နှစ်ပါးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၁ရက်နေ့ မနက် ပိုင်းမှာ အာဏာသိမ်း စစ်တပ်တပ်စွဲထားတဲ့ ဝေါမြို့နယ်၊ လက်ပယ်ရွာကနေ   လက်နက်ကြီး (၁)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ ကျိုက်ထိုမြို့နယ်က ခရွဲကျေးရွာဘုန်းကြီးကျောင်း ကိုထိမှန်ခဲ့ခြင်းဖြစ်ပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး သာသနာနယ်မြေတွေကို စစ်ကောင်စီဟဋ ကြိမ်ဖန်များစွာ တိုက်ခိုက်လာပြီး လွန်စွာစက်ဆုပ်ဖွယ် လုပ်ရပ်တွေကို ကျူးလွန်နေတယ် KNU ကထုတ်ပြန်ပါတယ်။

KNU ထိန်းချုပ်ရာနယ်မြေတွေကို အာဏာသိမ်းစစ်တပ်က မကြာခဏ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်လေ့ရှိတာပါ။

0 Shares:
You May Also Like
Read More

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် ကြေညာထားသည့် စစ်ကောင်စီ နောင်ချိုမှာ ဒရုန်း၊ ဂျက်ဖိုက်တာများဖြင့် လာရောက်ဗုံးကြဲ

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာထားပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ တောင်လှရွာနဲ့ ဂေါ်ရခါးရွာကို ဒရုန်း၊ ဂျက်ဖိုက်တာတို့နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

တရုတ်ကို မှီခိုမှု မကင်းနိုင်တဲ့ တော်လှန်ရေးအင်အားစုတွေ တရုတ်ရဲ့ လွှမ်းမိုးမှု မခံရအောင် အခြားစဥ်းစားချက်တွေ ထားရှိဖို့ အရေးကြီးတယ်လို့ ယာယီသမ္မတ ပြော… NUG အစိုးရက “အဝေးရောက်အစိုးရ” ဖြစ်လို့ မရဘူးလို့ သတိပေး…

တော်လှန်ရေးအင်အားစုတွေဟာ တရုတ်ကို မှီခိုမှုမကင်းနိုင်တာတွေ ရှိတာကြောင့် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု မခံရအောင် အခြားရွေးချယ်စရာ စဥ်းစားချက်တွေ ထားရှိဖို့ အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
Read More

ဖယ်ခုံအနောက်ဖက် စစ်ရှောင်စခန်း ၂ နေရာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်၊ ၄ နှစ်အရွယ် ကလေးငယ်နှင့် မိဘနှစ်ပါး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဖက်က စစ်ရှောင်စခန်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ - PK Police က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့အနီးရှိ ရွှေလိပ်ပြာဟိုတယ်ကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ၁ ဦးသေဆုံး ၊ ၃ ဦးဒဏ်ရာရ…

"ထိတွေ့မှုလဲမရှိဘူးဗျ ၊ ဒီတိုင်းချဲသွားတာဗျ ဟိုတယ်က မဖွင့်ထားဘူးဗျ ၊ လောလောဆယ် ဒီလောက်ပဲသိရသေးတယ်" လို့ မိုးကုတ်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဟားခါးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံး ၂ နှစ်ကြိမ် ကြဲချတိုက်ခိုက်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆဲန်ထန်ဒေသ ၊ ဇာထာလ် ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်အုပ်စုက ဒီနေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Senthang Revolution Force ကထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းနှင့် ညောင်ဦးရှိ တော်လှန်ရေးအင်အားစုများထံ စစ်မှုထမ်းတပ်သား ၂ ဦး ထွက်ပြေးအလင်းဝင်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နဲ့ မန္တလေးတိုင်း ညောင်ဦးမြို့နယ်တို့မှာ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ စစ်မှုထမ်းတပ်သားတွေ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ကိုယ်စီထွက်ပြေးအလင်းဝင်ရောက်လာကြောင်း သက်ဆိုင်ရာအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။