ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ မင်းတပ်-မတူပီ လမ်းတလျှောက် သွယ်တန်းထားတဲ့ ရေပိုက်လိုင်းတွေ ပျက်စီးအောင် အကြောင်းမဲ့ ပြုလုပ်သူတွေကို အရေးယူသွားမယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
မင်းတပ်မြို့ပေါ်ကို သွယ်တန်းထားတဲ့ ရေပိုက်လိုင်းတွေကို လမ်းသွား၊ လမ်းလာအချို့က ဓါး၊ ပုဆိန်တို့နဲ့ ခုတ်ထစ်ကာ စည်းကမ်းမဲ့ ဖျက်ဆီးတဲ့ လက္ခဏာတွေလည်း တွေ့ရပြီး အများပြည်သူပိုင် ပစ္စည်းတွေကို အကြောင်းမဲ့ စည်းကမ်းမဲ့စွာ ဖျက်ဆီးတာတွေ တွေ့ရှိရင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ စည်ပင်သာယာရေး နည်းဉပဒေ၊ လုပ်ထုံးလုပ်နည်းတွေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ ရေပိုက်လိုင်း ဖျက်ဆီးသူတွေကို တွေ့ရှိရင် အုပ်ချုပ်ရေးအဖွဲ့ဆီ သတင်းပေးပို့တာ၊ သတိပေးတာ၊ ရေပိုက်လိုင်းတွေကို ကိုယ်တိုင်ထိန်းသိမ်းကြပ်မတ်ပေးတာ စသဖြင့် ပူးပေါင်းပါဝင်ပေးဖို့ မင်းတပ် ပအဖ က မေတ္တာရပ်ခံထားပါတယ်။
ဒါ့အပြင် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်း ပစ်ခတ်မှုနဲ့ သဘာဝ အလျောက် တောမီးလောင်ကျွမ်းမှုတွေကြောင့်လည်း ရေပိုက်လိုင်းတွေ ပျက်စီးနေရာ မြို့တွင်းမှာ ခေတ္တရေပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့လည်း သိရပါတယ်။
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အနေနဲ့လည်း ပျက်စီးသွားတဲ့ ရေပိုက်လိုင်းတွေကို ပြုပြင်ကာ အမြန်ဆုံး ရေပြန်လည်ရရှိနိုင်ရေး ဆောင်ရွက်နေပြီး ရေပိုက်လိုင်းတွေ ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့အတွက် ပြည်တွင်းပြည်ပအကူအညီတွေ လိုအပ်နေရာ ရေပိုက်လိုင်းသွယ်တန်းရေး အလှူငွေတွေကို ကြိုဆို လက်ခံနေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောင်မှုတွေကို ကန့်ကွက်ခဲ့တာကြောင့် လျှပ်စီမီး မလုံလောက်ခြင်းလို့ မင်းအောင်လှိုင်က ဆို 

ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ ကန့်ကွက်ခံရမှုကြောင့် လက်ရှိအချိန်မှာ လျှပ်စစ်မီး ရရှိဖို့ အခက်အခဲကြုံနေရတာဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

မုံရွာမြို့ ရေဦးဆန်ဆိုင်ဂိတ်ကို တော်လှန်ရေးအဖွဲ့များ အလစ်အငိုက်ဝင်ပစ်၊ စစ်ဗိုလ်နှင့် ရဲအရာရှိအပါ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ ရေဦးဆန်ဆိုင်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှုမှာ အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်သား ၄ယောက် သေဆုံးခဲ့ကြောင်း Gue Gue PSF စစ်ကြောင်း (မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့) တာဝန်ခံ ဂူးဂူးက မောင်းကိုပြောပါတယ်။
Read More

စစ်တပ်အကျိုးပြုမည့် လူနှင့်ပါတီရွေးချယ်ပွဲတွင် အဆိပ်ပင်ရေလောင်းသူများ မဖြစ်ကြဖို့ KNU တိုက်တွန်း

အာဏာသိမ်း စစ်ကော်မရှင်က ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲဟာ “စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲ” ဖြစ်တာကြောင့် “အဆိပ်ပင်ရေလောင်းသည့် သမိုင်းတရားခံ” မဖြစ်အောင် နည်းလမ်းပေါင်းစုံနဲ့ ရှောင်ရှားကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်လိုက်ပါတယ်။
Read More

ခမရ (၅၅၈) မှ အဓမ္မတပ်သားစုဆောင်းခံခဲ့ရသည့် စစ်သား (၂) ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်ရောက်လာ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၅၈) မှာ တာဝန်ကျနေတဲ့ စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၃၃ ၊ ဒေါနစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ကောင်စီက အရပ်သားတွေကို တပ်သားအဖြစ်ရော ပျူစောထီးအဖြစ်ပါ အတင်းအကျပ်စုဆောင်းပြီး ခုခံစစ်အတွက် စစ်အင်အားဖြည့်တင်းနေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက အရပ်သားတွေကို စစ်မှုထမ်းပေါ်တာဆွဲမှုအပြင် ပျူစောထီးအဖြစ်ပါ အတင်းအကျပ်စုဆောင်းပြီး စစ်အင်အားအသည်အသန် ဖြည့်တင်းနေတယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းထံက သိရပါတယ်။
Read More

PNLA ဌာနချုပ် ဧရိယာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ် ၂ လုံး ပျက်စီး

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မောက်မယ်မြို့နယ်က PNLA ဌာနချုပ် ဧရိယာနဲ့ နောင်ထောင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ PNLA က သတင်းထုတ်ပြန်ထားပါတယ်။